ရန်ကုန် – ပုသိမ် လမ်းပိုင်းအပါအဝင် ပုသိမ် – ငွေဆောင်၊ ပုသိမ် – ရှောပြာ – ချောင်းသာ လမ်းများအား တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် လူအင်အား စက်အင်အားဖြင့် အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
ရန်ကုန်-ပုသိမ်လမ်းအား တိုးချဲ့ပြင်ဆင်ရာတွင် တံတားအမှတ် (၁/၁ဝ၆) အပင်နှစ်ဆယ်တံတား ပေ (၂၂၀)အား မူလနှစ်လမ်းသွားမှ လေးလမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်ခြင်း၊ ရန်ကုန်-ပုသိမ်လမ်း မိုင် (၁၀ ၅/၅-၁၀၈/၄)အတွင်း (၄၈)ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်ခြင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်-၁/၁၀၈ ကိုးဆူတံတား (၈၈) ပေ၊ မူလနှစ်လမ်းသွားမှ လေးလမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်ခြင်း၊ ရန်ကုန်-ပုသိမ်လမ်း ပုသိမ်မြို့အဝင် (၄၈) ပေ အကျယ် (၂ မိုင် ၆) ဖာလုံ လေးလမ်းသွား ကတ္တရာကွန်ကရစ်ခင်းခြင်း၊ ပုသိမ်-ငွေဆောင်လမ်းပေါ်ရှိ တွန်ပလွန်တံတား ပေ (၂၆၀)၊ ယာဉ်သွားလမ်းအကျယ် (၂၈) ပေ၊ RC Concrete တံတား တည်ဆောက်ခြင်းများ ပါဝင်သည်။
ထိုနည်းတူ ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၁၈/ဝ)မိုင်မှ (၃၅/ဝ)မိုင်အတွင်း (၁၇) မိုင် သုညဖာလုံ ပေ (၄၀) အကျယ် လမ်းတာဘောင်ချဲ့ခြင်း၊ (၂၄) ပေအကျယ် ကတ္တရာခင်းခြင်း လမ်းအဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်နေပြီး သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအတွက် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ လူအင်အား စက်အင်အားဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။