Friday, May 1, 2026

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့်...

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် တိုက်ရိုက်ပြေးဆွဲခြင်းကို ယနေ့ (မေ ၁) တွင် စတင်ပြေးဆွဲပြီ ဖြစ်သည်။ ရန်ကုန်-မန္တလေး တိုက်ရိုက် အမှတ်(၅)အဆန်/...

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့်...

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း...

ညောင်ဦးမြို့နယ်၌ ထန်းပင်များနှင့် ကိုင်းတောမြက် ခြောက်ဧက(၅၀)ခန့်မီးလေ-ာင်ကျွမ်းမှု...

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် ယနေ့ မေ ၁ ရက်နံနက် ၁၁ နာရီကျော်ခန့်က ထန်းပင်များနှင့် ကိုင်းတောမြက်ခြောက်များမီးလေ-ာင်ကျွမ်းခဲ့ကြောင်း ညောင်ဦးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းထံမှ သိရသည်။ ညောင်ဦးမြို့နယ်၊ မြေနဲလေးကျေးရွာအနီး၊...
HomeNewsLocal Newsရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့်...

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ရန်ကုန်-ပုသိမ်လမ်းတွင် လမ်းပိုင်းအလိုက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်းက ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောကြားခဲ့သည်။

ရန်ကုန်-ပုသိမ်လမ်းပိုင်းသည် ရန်ကုန်တိုင်းဒေသကြီးနှင့်ဧရာ၀တီတိုင်းဒေသကြီးအစပ်ဖြစ်သည့် မိုင်တိုင် ၁၇/၄ မှ ၁၁၃ မိုင် ၂ ဖာလုံ ပုသိမ်အထိ ၉၅ မိုင် ၆ဖာလုံ ရှည်လျားပြီး မိုင်တိုင် ၁၇/၄ မှ မိုင်တိုင် ၅၆/၀ အထိ အပိုင်းအား Oriental Highways Co.,Ltd က BOT စနစ်ဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

ဗိုလ်မြတ်ထွန်းတံတားမှ မိုင်တိုင် ၅၆/၀ အထိကို Oriental Highways Co.,Ltd က လမ်းအဆင့်မြှင့်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

“အဲဒီအပိုင်းမှာဆိုရင် Oriental Highways Co.,Ltd က သူတို့တာဝန်ယူထားတဲ့အပိုင်းမှာ လက်ရှိမှာ လမ်းပြင်ခင်းတဲ့အလုပ်တွေလုပ်နေပါတယ်။ ပြီးတော့ လမ်းချဲ့တာတွေလုပ်နေတယ်။ ဒီဘဏ္ဍာနှစ်ရဲ့ အစီအစဉ်အနေနဲ့ကတော့ ဗိုလ်မြတ်ထွန်းတံတားကနေ မိုင်တိုင် ၅၆ ကြားမှာ သူတို့တာဝန်ယူထားတာ ၁၅ မိုင်လောက်ရှိတယ်၊ ၁၅ မိုင်အတွင်းမှာ ၃မိုင်လောက်တော့ ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ဖို့ ဒီနှစ်မှာ သူတို့plan ရှိထားရှိရာ လက်ရှိအချိန် အထိ (၁) မိုင်ကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါတယ်” ဧရာ၀တီတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးရန်နိုင်ဇော်က ပေါ်ပြူလာနယူစ်းသို့ ပြောပြခဲ့သည်။

မိုင်တိုင် ၅၆ မှ မိုင်တိုင် ၁၁၃/၂ အထိကို လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။ ၅၆/၀ မိုင်မှ ကျောင်းကုန်နှင့်ပန်းတနော်မြို့နယ် နယ်စပ်ဖြစ်သည့် မိုင်တိုင် ၆၃/၀ အတွင်းတွင် ၆ မိုင်ခန့်ကို အကျယ်ပေ ၃၀ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရှိရသည်။

“မိုင်တိုင် ၇၄ နဲ့ မိုင်တိုင် ၁၁၃/၂ ကြားမှာ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း စုစုပေါင်းက ၅ မိုင်ဆောင်ရွက်ရန်ရှိရာ လုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါတယ်။ မူလက အကျယ် ၁၈ ပေသာရှိတဲ့ ကတ္တရာလမ်းကို အကျယ် ၂၄ သို့ တိုးချဲ့ခြင်းလုပ်ငန်းကို ၄ ဒသမ ၅ ဖာလုံ ချဲ့ရန်မှာ အားလုံးပြီးစီးပြီ ဖြစ်ပါတယ်။ အဲဒါက ဒါးကမြို့နှင့် ကန်ကြီးထောင့်ကြား၊ မိုင်တိုင်ဆိုရင် မိုင်တိုင် ၉၃၊ ၉၄ လောက်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပုသိမ်မြို့အဝင် မိုင်တိုင် ၁၀၅/၅ မှာ (၃) ဖါလုံ အရှည် ပေ (၃၀) အကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ၊ လမ်းပုခုံး လုပ်ငန်းများ အားလုံးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပုသိမ်နှင့် ငွေဆောင်အကြား လတ်တလောတွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများမရှိသေးသော်လည်း လမ်းထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဓာတ်ပုံ-လမ်းဦးစီးဌာန

ကွန်ကရစ်လမ်းခင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား တွေ့ရစဉ်(ဓာတ်ပုံ-လမ်းဦးစီးဌာန)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် ယနေ့စတင်ပြေးဆွဲပြီ

ရန်ကုန်မှ မန္တလေးသို့ DEMU ရထားဖြင့် တိုက်ရိုက်ပြေးဆွဲခြင်းကို ယနေ့ (မေ ၁) တွင် စတင်ပြေးဆွဲပြီ ဖြစ်သည်။ ရန်ကုန်-မန္တလေး တိုက်ရိုက် အမှတ်(၅)အဆန်/ အမှတ်(၆)အစုန် DEMU ရထားဖြင့် ပြေးဆွဲခြင်း ဖြစ်သည်။ အမှတ်(၅)အဆန် ရန်ကုန်-မန္တလေး DEMU ရထားသည် ရန်ကုန်ဘူတာကြီးမှ မနက် ၆ နာရီ၌ စတင်ထွက်ခွာခဲ့ပြီးမန္တလေးဘူတာကို ညနေ ၄ နာရီ၌ ရောက်ရှိခဲ့သည်။ ထို့အတူ အမှတ်(၆)အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် မန္တလေးဘူတာမှ မနက် ၆ နာရီ၌ ထွက်ခွာပြီး...

အမေရိကန်ဈေးကွက်သို့ မြန်မာ့ပေါ်ဆန်းဆန် တင်ပို့နိုင်ရေး ဆွေးနွေးနေ

မြန်မာ့ပေါ်ဆန်းဆန်အား အမေရိကန်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၉ ရက်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာစီးပွားရေးသံမှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် အမေရိကန်နိုင်ငံရှိ Well Luck Co., Ltd. မှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၂ ဦး တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင်...

အိမ်ထောင်စု ၁.၃ သိန်းကျော်သို့ လျှပ်စစ်ဖြန့်ဖြူးနိုင်မည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ ၂ ခု ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်း တည်ဆောက်ထားသည့် ၄၀ မဂ္ဂါဝပ်စီ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂ ခုကို ဧပြီ ၂၉ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ စက်ရုံများမှာ သာစည်မြို့နယ်ရှိ Leader Power Co., Ltd. က တည်ဆောက်သည့် သာစည် ၄၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်စက်ရုံနှင့် မိတ္ထီလာမြို့နယ်ရှိ Hanzar Solar Energy Co., Ltd. က တည်ဆောက်သည့် သပြေဝ ၄၀ မဂ္ဂါဝပ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071