ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်။
ဆောင်ရွက်မှု၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြေသား ပြုပြင်ခြင်းနှင့် ဖို့မြေလုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာဉ်များရပ်နားစစ်ဆေးခံရန် အဆောက်အဦးတည်ဆောက်ခြင်း၊ X-Ray စက်ထားရှိရန် အဆောက်အဦတည်ဆောက်ခြင်း၊ အိပ်ဆောင်၊ စားရိပ်သာနှင့်မီးဖိုဆောင် တည်ဆောက်ခြင်း၊ ရေချိုးဆောင်၊ သန့်စင်ခန်း၊ရေစင်နှင့် လုပ်ငန်းသုံး ယာယီအဆောက်အဦးများ စသည့် တည်ဆောက်ရေးလုပ်ငန်းများ ပြုလုပ်မည် ဖြစ်သည်။
ထိုသို့ဆောင်ရွက်မှုများကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
