Monday, June 8, 2026

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်သည်...

၁၉၅၄ ခုနှစ်ကချမှတ်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇွန် ၈...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရသည် မြန်မာနိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်ပြီး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇွန် ၈ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ် သည်။ တွေ့ဆုံစဥ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်လက်ရှိကြုံတွေ့နေရသည့်...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့်...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈...

ရန်ကုန်စတော့အိတ်ချိန်း(PLB) စာရင်းဝင်ကုမ္ပဏီ ASPGB က...

ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်အကြိုဈေးကွက် (PLB)၏ ဒုတိယမြောက် မှတ်ပုံတင်ကုမ္ပဏီဖြစ်သည့် ဂျီဘီအက်(စ်)လယ်ယာဝန်ဆောင်မှုလုပ်ငန်းအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်(ASPGB)က အစုရှယ်ယာတစ်စုလျှင် ကျပ် ၅၀၀ နှုန်းဖြင့် အမြတ်ဝေစု ခွဲဝေပေးမည်ဖြစ်ကြောင်း...
HomeMoviesရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်၊...

ရန်ကုန်-ကွမ်ကျိုး လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲမည်၊ တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်

မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့အကြား ပြေးဆွဲလျက်ရှိသည့် လေကြောင်းခရီးစဉ်များကို လာမည့် ဇွန်လအတွင်း တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ပြီး တစ်ပတ်လျှင် ၁၀ ကြိမ်အထိ ပျံသန်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းများထံမှ သိရသည်။

ကွမ်ကျိုး-ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြေးဆွဲလျက်ရှိသည့် China Southern Airlines သည် လက်ရှိ နေ့စဉ်ပျံသန်းပြေးဆွဲနေရာမှ ဇွန်လ ၁၅ ရက်နေ့စတင်၍ အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ထပ်မံခရီးစဉ်အသစ်များ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းသို့ တိုးချဲ့ပြေးဆွဲပြီးနောက် ကွမ်ကျိုး-ရန်ကုန် ခရီးစဉ်ကို တစ်ပတ်လျှင် စုစုပေါင်း ၁၀ ကြိမ်အထိ ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည်လည်း ရန်ကုန်-ကွမ်ကျိုး ခရီးစဉ်ကို လက်ရှိ တစ်ပတ်လျှင် လေးကြိမ် ပြေးဆွဲနေရာမှ ဇွန်လ ၃၀ ရက်နေ့စတင်၍ နေ့စဉ် တိုက်ရိုက်ပျံသန်းပြေးဆွဲသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲလာခြင်းသည် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ခရီးသွားလာမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးများ ပိုမိုတိုးတက်လာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းများက သုံးသပ်ထားကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာဟု နိုင်ငံတော်သမ္မတပြော

၁၉၅၄ ခုနှစ်ကချမှတ်ခဲ့သည့် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်သည် မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် စံနမူနာတစ်ခုဖြစ်လာသည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇွန် ၈ ရက်ညနေပိုင်းက နေပြည်တော်ရှိ ဥတ္တရသီရိကုန်တိုက်၊ ဂျေစီနီပလက်စ်ရုပ်ရှင်ရုံ၌ကျင်းပသော "၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲရက်သတ္တပတ်အစီအစဉ်"ဖွင့်ပွဲတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၁၉၇၁ ခုနှစ်တွင် တရုတ်နိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် အပြည့်အဝထောက်ခံကြိုးပမ်းပေးခဲ့ကာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် "တရုတ်တစ်နိုင်ငံတည်း မူဝါဒ"ကို အခြေခံကျသည့် မူဝါဒအဖြစ် ခိုင်မာစွာကျင့်သုံးလျက်ရှိပြီး နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးပိုမိုခိုင်မာစေရန်နှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်စေရန်အတွက် ယင်း မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဟု ပြောသည်။ "နှစ်နိုင်ငံပြည်သူတွေရဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံအစိုးရသည် မြန်မာနိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံတော်အဖြစ်ဖော်ဆောင်ပေးနိုင်မည်ကိုအပြည့်အဝယုံကြည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ ဇွန် ၈ ရက်တွင် လာရောက်ဂါရဝပြုတွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ် သည်။ တွေ့ဆုံစဥ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်လက်ရှိကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကိုနားလည်သိရှိပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရအနေဖြင့် မြန်မာနိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းသောနိုင်ငံတော်အဖြစ်ဖော်ဆောင်ပေးနိုင်မည်ကို အပြည့်အဝယုံကြည်သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် မိတ်ဆွေဟောင်း မိတ်ဆွေရင်းနိုင်ငံများဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် နှစ်နိုင်ငံအစိုးရနှင့် ခေါင်းဆောင်များကြား ကောင်းမွန်သည့်ဆက်ဆံရေးရှိခဲ့မှု၊ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အာဆီယံ၏အစိတ်အပိုင်းအဖြစ် အင်ဒိုနီးရှားနိုင်ငံ၏မိတ် ဆွေအဖြစ်အမြဲမှတ်ယူထားရှိကာ မြန်မာနိုင်ငံကိုအောင်မြင်သော...

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၆ နှစ်ပြည့် အထိမ်းအမှတ် တရုတ်ရုပ်ရှင်သတင်းပတ်ဖွင့်ပွဲသို့ နိုင်ငံတော်သမ္မတနှင့် ဇနီး တက်ရောက်

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ ရက်က နေပြည်တော်ရှိ Ocean Centre၊ Cinema Cineplex 2 ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group တို့က ကြီးမှူးကျင်းပခဲ့ပြီး Foreign Affairs Film and Media Corporation က ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071