Monday, May 25, 2026

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...

အေးချမ်းလာမှုနှင့်အတူ ကလေးငယ်များ၏ စာအံသံများပြန်ကြားလာတော့မည့် ဖလမ်းမြို့မှစာသင်...

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားချိန်က ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းဖွင့်ချိန်များတွင်ပင် စာသင်ကျောင်းများ၌ကလေးငယ်များ၏ သာယာနာပျော်ဖွယ်ဖြစ်သည့် စာအံသံများပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ မြို့အားပြန် လည်ထူတောင်ရေးလုပ်ငန်းများကို...

ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအေးကျော်က ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းဒေသကြီးသို့ ယာယီတွဲဖက်တာဝန်ထမ်းဆောင်နေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့(မေ ၂၅...
HomeNewsLocal Newsရန်ကုန်အပါအဝင် တောင်ပိုင်းဒေသများတွင် UV11+...

ရန်ကုန်အပါအဝင် တောင်ပိုင်းဒေသများတွင် UV11+ ခရမ်းလွန်ရောင်ခြည်ပြင်းထန်၊ ကျန်းမာရေးအန္တရာယ် သတိပေး

မြန်မာနိုင်ငံတောင်ပိုင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ခရမ်းလွန်ရောင်ခြည် (UV Index) ၁၁ အထက်အထိ မြင့်တက်နိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ခန့်မှန်းချက်များအရ သိရသည်။

UV11+ အဆင့်ထိရောက်နိုင်သော ဒေသများတွင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင်လည်း တာမွေ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ မရမ်းကုန်း၊ မင်္ဂလာဒုံနှင့် ထောက်ကြန့် စသည့် မြို့နယ်များတွင် ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်နေကြောင်း သိရသည်။

ထို့ကြောင့် နေ့လယ်အပူချိန်အမြင့်ဆုံးအချိန်များတွင် အပြင်ထွက်ခြင်းကို လျှော့ချရန်နှင့် မဖြစ်မနေထွက်ရပါက ထီး၊ ဦးထုတ်၊ နေကာမျက်မှန်များ အသုံးပြုခြင်းနှင့် နေရောင်ကာခရင်မ် လိမ်းထားခြင်းတို့ လိုအပ်ကြောင်း အကြံပြုထားသည်။

ထို့အပြင် ဧပြီလ ၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲ အချိန်အထိ update အရ ချောက်၊ မုံရွာ၊ မကွေး၊ ရွှေဘို၊ မင်းဘူး၊ မန္တလေး၊ စစ်ကိုင်း၊ တောင်ငူနှင့် မိတ္ထီလာ မြို့များသည် ကမ္ဘာပေါ်ရှိ အပူဆုံးမြို့ ၁၅ မြို့စာရင်းအတွင်း ပါဝင်နေကြောင်း သိရသည်။

တာဝန်ရှိသူများနှင့် ကျန်းမာရေးပညာရှင်များက ပြည်သူများအား နေရောင်အန္တရာယ်မှ ကာကွယ်နိုင်ရန် သတိပြုနေထိုင်ကြရန် တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ကစား သမား(၂၃) ဦး အပြီးသတ်လူစာရင်း ထွက်ပေါ်လာ

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ - ၁၉ အမျိုးသားအသင်း၏ အပြီးသတ်ကစားသမား (၂၃) ဦး လူစာရင်းကို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ် သ ည်။ လက်ရှိတွင် မြန်မာ့လူငယ်သွေးသစ်များဖြင့် စုဖွဲ့ထားသည့် အဆိုပါအသင်းသည် ပြိုင်ပွဲအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာယူ-၁၉ အသင်းသည် အုပ်စု (က) တွင် ကျရောက်နေပြီး အိမ်ရှင်အသင်းနှင့်အတူ...

မိုးရာသီ Rice Export Zone ဖော်ရာတွင် ဧက ၃.၅ သိန်း စိုက်ပျိုးမည်

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် ဆန်၊ ဆန်ကွဲ တင်ပို့သည့် ထိပ်သီးကုမ္ပဏီ ၃၀ တို့ တွေ့ဆုံသည့် အစည်းအဝေးတွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ဇွန်လ ၁၅ ရက်မတိုင်မီ တောင်သူများ၏ လက်ဝယ်သို့ စိုက်ပျိုးစရိတ်များ ပေးအပ်နိုင်ရေး၊ စိုက်ပျိုးရေးသွင်းအားစုများနှင့် စက်သုံးဆီများကို သင့်တင့်သည့် ဈေးနှုန်းဖြင့် တောင်သူများထံ ရောင်းချပေးနိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ စပါးမျိုးလိုအပ်ချက်များနှင့်...

အေးချမ်းလာမှုနှင့်အတူ ကလေးငယ်များ၏ စာအံသံများပြန်ကြားလာတော့မည့် ဖလမ်းမြို့မှစာသင် ကျောင်းများ ယနေ့ မေ ၂၅ ရက်တွင် ကျောင်းအပ်စ တင်လက်ခံပြီ

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားချိန်က ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ကျောင်းဖွင့်ချိန်များတွင်ပင် စာသင်ကျောင်းများ၌ကလေးငယ်များ၏ သာယာနာပျော်ဖွယ်ဖြစ်သည့် စာအံသံများပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် တပ်မတော်က ဖလမ်းမြို့အား အပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်မှစ၍ မြို့အားပြန် လည်ထူတောင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောက်ရွက်ခဲ့သည့်နည်းတူ အခြေခံပညာစာသင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန်လည်း ဦးစားပေးအစီအစဥ်အဖြစ်ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ ဆောင်ရွက်ခဲ့သဖြင့် ယနေ့ မေ ၂၅ ရက်တွင်စ တင်သည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ပထမနေ့၌ ဖလမ်းမြို့ပေါ်ရှိ အခြေခံပညာစာသင်ကျောင်း(၄)ကျောင်းနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းလာရောက်အပ်နှံသော ကလေးငယ်များအလွန်များပြားခဲ့သည်။ အဆိုပါ ကလေးငယ်များအား နိုင်ငံတော်ကအခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခံတံ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071