Thursday, June 4, 2026

ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန်မာနိုင်ငံ ၌ ပြန်လည်အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံတွင် ယခင် သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ Ministry of Security and Public Administration တို့ပူးပေါင်း၍ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည်...

(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA...

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၌ (၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အ ဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဇွန် ၃ ရက်ကကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်...

တောင်ဥက္ကလာပရှိ ABC Mobile ဖုန်းဆိုင်...

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ကုန်းဘောင်လမ်းမပေါ်ရှိ ABC Mobile ဖုန်းဆိုင်မှာ မေ ၂၄ ရက် နံနက်အစောပိုင်းက ဖောက်ထွင်းခိုးယူခံရပြီး iPhone အမျိုးအစား...

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့်...

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၈၉၃,၆၈၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ...
HomeNewsLocal Newsရန်ကုန်မြို့၌ အပူဒ-ဏ်အန္တရာယ် ကာကွယ်ရေး...

ရန်ကုန်မြို့၌ အပူဒ-ဏ်အန္တရာယ် ကာကွယ်ရေး လူထုအသိပညာပေး လှုပ်ရှားမှု ပြုလုပ်

ကမ္ဘာလုံးဆိုင်ရာ အပူဒ-ဏ်ခံနိုင်ရည်ရှိရေး လှုပ်ရှားမှုနေ့ (Heat Action Day) အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) က ဦးဆောင်၍ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် လူထုအသိပညာပေး လှုပ်ရှားမှုများကို ယမန်နေ့ ဇွန်လ ၃ ရက်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် ရန်ကုန်တိုင်းအတွင်းရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များက လမ်းသွားလမ်းလာ ပြည်သူများကို အပူလျှပ်ခြင်း (Heat Stroke) ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊အပူလှိုင်းဆိုင်ရာ ဗဟုသုတမေးခွန်းများ မေးမြန်း၍ အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခြင်းနှင့်အတူ ရေသန့်ဗူး၊ အချိုရည်နှင့် မျက်နှာသုတ်ပုဝါငယ်များကို အခမဲ့ ပေးဝေခဲ့ခြင်းလည်း ဖြစ်သည်။

ယခုနှစ် (၅) ကြိမ်မြောက် Heat Action Day ၏ အဓိကဦးတည်ချက်မှာ “အိမ်တွင်းအပူရှိန်အန္တရာယ် (Indoor Heat)” ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်လာသည့် အပူလှိုင်းအန္တရာယ်များကို ပြည်သူများ ကြိုတင်သတိပြု ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန်မာနိုင်ငံ ၌ ပြန်လည်အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံတွင် ယခင် သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ Ministry of Security and Public Administration တို့ပူးပေါင်း၍ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ အကောင်အထည်ဖော်ခဲ့သော ကိုရီးယားနိုင်ငံ၏ Korea Saemaul Undong Center သို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က ဇွန် ၂ ရက်တွင်သွားရောက်လေ့လာရာ Secretary General  Mr. Choi Hyong Jae ကစီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့ပြင် ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန် မာနိုင်ငံတွင် ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို...

(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA ကတက်ရောက်ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၌ (၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အ ဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဇွန် ၃ ရက်ကကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ထိုသို့ တက်ရောက်ပြီးနောက် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့၏ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-အမေရိကန်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင်ဆက်လက်ပူး ပေါင်းဆောင်ရွက်ရမည်များကို ပါဝင်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးများအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့်အ စည်းအဝေး၊ (၄၉)ကြိမ်မြောက် အာဆီယံထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် (၁၄)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအဆင့်အစည်းအဝေး ကျင်းပနိုင်ရေးပြင်ဆင်နေမှုများကိုလည်း...

တောင်ဥက္ကလာပရှိ ABC Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး iPhone ၂၁ လုံး ပါသွား

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ကုန်းဘောင်လမ်းမပေါ်ရှိ ABC Mobile ဖုန်းဆိုင်မှာ မေ ၂၄ ရက် နံနက်အစောပိုင်းက ဖောက်ထွင်းခိုးယူခံရပြီး iPhone အမျိုးအစား ဖုန်း ၂၁ လုံး ပါသွားကြောင်း ဆိုင်ရှင်ထံမှ သိရသည်။ ဖြစ်စဉ်မှာ မေ ၂၄ ရက် ညပိုင်းတွင် မိသားစုဝင်များ အိပ်စက်ပြီးနောက် နံနက် ၅ နာရီဝန်းကျင်အတွင်း ဖောက်ထွင်းခံရခြင်းဖြစ်ပြီး၊ နံနက် ဆိုင်ဖွင့်ရန် ပြင်ဆင်စဉ် ကောင်တာများ ဖွင့်ထားသည်ကို တွေ့ရှိရာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ခိုးယူခံရသည့် ဖုန်းများတွင် iPhone...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071