မြန်မာနိုင်ငံတွင် ယခင် သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ Ministry of Security and Public Administration တို့ပူးပေါင်း၍ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည် ဖော်ခဲ့သည်။
ထိုသို့ အကောင်အထည်ဖော်ခဲ့သော ကိုရီးယားနိုင်ငံ၏ Korea Saemaul Undong Center သို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က ဇွန် ၂ ရက်တွင်သွားရောက်လေ့လာရာ Secretary General Mr. Choi Hyong Jae ကစီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့ပြင် ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန် မာနိုင်ငံတွင် ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးခဲ့ကြသည်။
