Thursday, June 4, 2026

ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန်မာနိုင်ငံ ၌ ပြန်လည်အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံတွင် ယခင် သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ Ministry of Security and Public Administration တို့ပူးပေါင်း၍ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည်...

(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA...

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၌ (၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အ ဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဇွန် ၃ ရက်ကကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်...

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့်...

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၈၉၃,၆၈၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ...

ဆူးလေမှ ဒလ (ချယ်ရီ သင်္ဘောဆိပ်)...

ဆူးလေမှ ဒလသို့ ပြေးဆွဲလျက်ရှိသည့် လမ်းကြောင်းများထဲမှ နောက်ထပ်လမ်းကြောင်းအဖြစ် ဆူးလေမှ ဒလ (ချယ်ရီ သင်္ဘောဆိပ်) ကို YBS လိုင်း ထပ်မံပြေးဆွဲပေးမည်...
HomeMoviesတောင်ဥက္ကလာပရှိ ABC Mobile...

တောင်ဥက္ကလာပရှိ ABC Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး iPhone ၂၁ လုံး ပါသွား

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ကုန်းဘောင်လမ်းမပေါ်ရှိ ABC Mobile ဖုန်းဆိုင်မှာ မေ ၂၄ ရက် နံနက်အစောပိုင်းက ဖောက်ထွင်းခိုးယူခံရပြီး iPhone အမျိုးအစား ဖုန်း ၂၁ လုံး ပါသွားကြောင်း ဆိုင်ရှင်ထံမှ သိရသည်။

ဖြစ်စဉ်မှာ မေ ၂၄ ရက် ညပိုင်းတွင် မိသားစုဝင်များ အိပ်စက်ပြီးနောက် နံနက် ၅ နာရီဝန်းကျင်အတွင်း ဖောက်ထွင်းခံရခြင်းဖြစ်ပြီး၊ နံနက် ဆိုင်ဖွင့်ရန် ပြင်ဆင်စဉ် ကောင်တာများ ဖွင့်ထားသည်ကို တွေ့ရှိရာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ခိုးယူခံရသည့် ဖုန်းများတွင် iPhone 17 Pro Max ပါကင်ပိတ်များအပါအဝင် iPhone 12 Pro Max အထိ စုစုပေါင်း ၂၁ လုံး ပါဝင်ကြောင်း သိရသည်။ ဖုန်းဘူးများကိုပါ ယူဆောင်သွားခဲ့ကြောင်း ဆိုင်ရှင်က ပြောသည်။

ထို့နောက် အိမ်အတွင်းနှင့် အောက်ထပ်များတွင် ဖောက်ထွင်းထားသည့် အမှတ်အသားများ လိုက်လံစစ်ဆေးရာ မတွေ့ရှိဘဲ၊ အပေါ်ဆုံး သုံးထပ်တိုက် ဝရံတာရှိ သံပန်းတံခါးကို အပြင်ဘက်မှ မူလီများဖြုတ်ကာ ဝင်ရောက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု သိရသည်။

ဖောက်ထွင်းဝင်ရောက်သူများမှာ အပေါ်ထပ်မှတစ်ဆင့် အောက်ထပ်သို့ ဆင်းလာကာ ခိုးယူခဲ့ခြင်းဖြစ်ပြီး၊ ပြန်လည်ထွက်ခွာရာတွင်လည်း ယင်းအပေါ်ထပ်လမ်းကြောင်းကိုသာ အသုံးပြုသွားကြောင်း ဆိုင်ရှင်က ဆိုသည်။

“အိမ်မှာ မိသားစုသုံးယောက်ပဲ ရှိတာပါ။ သံပန်းတံခါးဖွင့်တဲ့ အသံကိုတောင် မကြားလိုက်ရဘူး” ဟု ဆိုင်ရှင်က ပြောသည်။

ဖြစ်စဉ်သိရှိပြီးနောက် နံနက် ၇ နာရီခွဲခန့်တွင် တောင်ဥက္ကလာပမြို့မရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးကာ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို တောင်ဥက္ကလာပမြို့မရဲစခန်းတွင် (ပ) ၁၆၉/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားပြီး ခိုးယူခံရသည့် ဖုန်းများ၏ IMEI နံပါတ်များကို စစ်ဆေးရာ ၁၆ လုံး၏ အချက်အလက်များကို ပြန်လည်ရရှိထားကြောင်း သိရသည်။

ဆိုင်ရှင်က “ဒီဖုန်းတွေကို လာရောင်းတာမျိုး တွေ့ရင် ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်အကြောင်းကြားပေးစေချင်ပါတယ်” ဟု အများပြည်သူထံ အကူအညီတောင်းခံထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန်မာနိုင်ငံ ၌ ပြန်လည်အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံတွင် ယခင် သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ Ministry of Security and Public Administration တို့ပူးပေါင်း၍ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ အကောင်အထည်ဖော်ခဲ့သော ကိုရီးယားနိုင်ငံ၏ Korea Saemaul Undong Center သို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က ဇွန် ၂ ရက်တွင်သွားရောက်လေ့လာရာ Secretary General  Mr. Choi Hyong Jae ကစီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့ပြင် ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန် မာနိုင်ငံတွင် ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို...

(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA ကတက်ရောက်ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၌ (၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အ ဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဇွန် ၃ ရက်ကကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ထိုသို့ တက်ရောက်ပြီးနောက် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့၏ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-အမေရိကန်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင်ဆက်လက်ပူး ပေါင်းဆောင်ရွက်ရမည်များကို ပါဝင်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးများအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့်အ စည်းအဝေး၊ (၄၉)ကြိမ်မြောက် အာဆီယံထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် (၁၄)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအဆင့်အစည်းအဝေး ကျင်းပနိုင်ရေးပြင်ဆင်နေမှုများကိုလည်း...

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအား စားသုံးဆီတင်သွင်းမှုနှင့် အခြားကဏ္ဍများသို့ ရောင်းချပေး

ဗဟိုဘဏ်က CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၈၉၃,၆၈၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အမေရိကန်ဒေါ်လာ ၃,၀၀၃ ကို CMP ကုမ္ပဏီများထံသို့လည်းကောင်း၊ အမေရိကန်ဒေါ်လာ ၄၈,၂၅၀ ကို Non Trade Transaction များအတွက်လည်းကောင်း ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ FX Trading တွင် နိုင်ငံခြားငွေ ဝယ်ယူရရှိမှုအနေဖြင့် စားသုံးဆီကဏ္ဍမှ ၂၀ ရာခိုင်နှုန်းဖြင့် အများဆုံးပါဝင်ခဲ့ပြီး၊ စက်သုံးဆီကဏ္ဍမှ ၁၉ ရာခိုင်နှုန်း၊ ဆေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071