Home News Local News ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအား ရိုသေစွာဆက်ဆံခြင်းဖြင့် ပုံစံပြောင်းစစ်ဆေးနေ

ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအား ရိုသေစွာဆက်ဆံခြင်းဖြင့် ပုံစံပြောင်းစစ်ဆေးနေ

0
120

ရန်ကုန်မြို့တွင်းရှိ စည်းကမ်းမဲ့ကားများကို ဖမ်းဆီးရာတွင် ယာဥ်မောင်းအားရိုသေစွာဆက်ဆံခြင်းဖြင့် ပုံစံပြောင်းစစ်ဆေးနေ​ကြောင်း အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

ယာဥ်မောင်းကို ရိုသေစွာအလေးပြု၍ မင်္ဂလာပါ ဟုပြောဆိုဆက်ဆံ၍ ယာဥ်ကိုဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

” အရင်တုန်းကတည်းက အဲဒီစနစ်ကရှိပါတယ်။ အခုမှပြန်စဖြစ်တာပါ။ ကားတစ်စီးကစည်းကမ်းမဲ့မောင်းလာပြီဆိုရင် အဲဒီကားကိုတားတယ်။ ပြီးရင်ယာဥ်မောင်းကို အလေးပြုပြီးတော့ မင်္ဂလာပါ ခင်ဗျာလို့ပြောပြီးနှုတ်ဆက်ရတာပေါ့။ စီမံချက်နဲ့လုပ်တာမဟုတ်ပါဘူး”ဟု အမှတ်(၂)ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါစနစ်ကို ပညာပေးပုံစံဖြင့် မြို့နယ်ပေါင်းစုံတွင် ယာဥ်ထိန်းတာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယခင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဥပဒေများနှင့်အညီ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စီမံချက်များရေးဆွဲ၍ ဆောင်ရွက်လေ့ရှိသည်။

လက်ရှိတွင်လည်း စက်သုံးဆီချွေတာသုံးစွဲရေးစီမံချက်ကြောင့် မော်တော်ယာဉ်များကို “စုံ” ရက်နှင့် “မ” ရက် ခွဲခြား၍ ကန့်သတ်မောင်းနှင်စေသည့်စနစ်အား အထူးကြပ်မတ်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here