Home Movies ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေး၊ နိုင်ငံ့ဝန်ထမ်းများ မြေကွက်ချထားရေးအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၈) ခု ဆွေးနွေး

ရန်ကုန်တိုင်းလွှတ်တော်တွင် YBS တိုးချဲ့ပြေးဆွဲရေး၊ နိုင်ငံ့ဝန်ထမ်းများ မြေကွက်ချထားရေးအပါအဝင် ကြယ်ပွင့်ပြမေးခွန်း (၈) ခု ဆွေးနွေး

0
114

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) ကို ယနေ့ (ဇွန် ၂၉ ရက်) တွင် ဆက်လက်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် (၈) ဦး၏ ကြယ်ပွင့်ပြမေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ လွှတ်တော်ကိုယ်စားလှယ် (၁၂၃) ဦးအနက် (၁၁၉) ဦး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင်—

  • တွံတေးမြို့နယ်မှ ရန်ကုန်မြို့သို့ YBS ယာဉ်လိုင်း တိုးချဲ့ပြေးဆွဲပေးရေး၊
  • လှည်းကူးမြို့နယ်မှ ဘုရင့်နောင် (သီရိမင်္ဂလာဈေး) သို့ မော်တော်ယာဉ်လိုင်းအသစ် ပြေးဆွဲပေးရေး၊
  • အများပြည်သူ စားသောက်ကုန်၊ ဆေးဝါးနှင့် အလှအပသုံး လူသုံးကုန်ပစ္စည်းများအား စိစစ်ကြပ်မတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊
  • ရွှေပြည်သာမြို့နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမ လိုအပ်ချက်များ ဖြည့်တင်းခန့်အပ်ရေး၊
  • ကျောင်းသုံးအိမ်သာများ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မုန့်ဈေးတန်းများ ဘေးကင်းလုံခြုံရေးအတွက် ရေရှည်လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲအကောင်အထည်ဖော်ရေး၊
  • ထန်းတပင်မြို့နယ်ရှိ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ရေး၊
  • ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်သက် (၃၀) နှစ်အထက်နှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်း အငြိမ်းစားယူခဲ့သည့် နိုင်ငံ့ဝန်ထမ်းများအား မြေကွက်ချထားပေးနိုင်ရေးစသည့် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လူမှုဖူလုံရေးဆိုင်ရာ ကြယ်ပွင့်ပြမေးခွန်း (၈) ခုကို ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here