မွန်ညီညွတ်ရေးပါတီအား ကူညီအားဖြည့်ပေးခဲ့ကြသည့် မဲဆန္ဒရှင်များနှင့် ဒေသခံပြည်သူများအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် ရည် ရွယ်၍ မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးကို ဇွန် ၇ ရက်မှစတင်ကာ ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါရုံးသည် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာရပ်ကွက်၊ ၁၉ လမ်းရှိ မွန်ညီညွတ်ရေးပါတီ (ဗဟို) ရုံးနှင့် တွဲဖက်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ ပြည်သူများ၏ လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့် ဆည်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ပါတီဘက်မှ ထုတ်ပြန်ထားသည်။
ထို့ပြင် မိဘပြည်သူများအနေဖြင့် မွန်ညီညွတ်ရေးပါတီ (မော်လမြိုင်မြို့နယ်) ရုံးနှင့် တိုက်ရိုက်ဆက်သွယ်၍ အတူ တကွ ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။