Thursday, June 4, 2026

“ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို...

" မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင် မာဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည် ထောင်စုတည်ဆောက်ဖို့ရည်မှန်းချက်အတိုင်းမယိမ်းမယိုင်လုပ်သွားမယ်ဆိုတာကို ကမ္ဘာကိုပြောလိုပါတယ်" ဟု နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်ပြော " မြန်မာနိုင်ငံဟာ...

ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန်မာနိုင်ငံ ၌ ပြန်လည်အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံတွင် ယခင် သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ Ministry of Security and Public Administration တို့ပူးပေါင်း၍ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည်...

(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA...

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၌ (၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အ ဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဇွန် ၃ ရက်ကကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်...

တောင်ဥက္ကလာပရှိ ABC Mobile ဖုန်းဆိုင်...

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ကုန်းဘောင်လမ်းမပေါ်ရှိ ABC Mobile ဖုန်းဆိုင်မှာ မေ ၂၄ ရက် နံနက်အစောပိုင်းက ဖောက်ထွင်းခိုးယူခံရပြီး iPhone အမျိုးအစား...
HomeNewsLocal Newsရန်ကုန်ဆေးရုံကြီးတွင် နွမ်းပါးလူနာရှင်များနှင့် ရုပ်အလေ-ာင်းသယ်ဆောင်ရန်...

ရန်ကုန်ဆေးရုံကြီးတွင် နွမ်းပါးလူနာရှင်များနှင့် ရုပ်အလေ-ာင်းသယ်ဆောင်ရန် အခက်အခဲဖြစ်နေသူများအတွက် ပရဟိတအသင်းများ ပူးပေါင်းဆောင်ရွက်မည်

လက်ရှိအချိန်တွင် လူနာတင်ယာဉ်များဖြင့် အခကြေးငွေအမြောက်အမြား တောင်းခံခြင်းနှင့် အလွဲသုံးစားပြုမူခြင်းများကို ထိရောက်စွာဖြေရှင်းနိုင်ရန်အတွက် ရန်ကုန်ဆေးရုံကြီးတွင် ပရဟိတအသင်းများစုပေါင်း၍ လူနာရှင်များနှင့် တို-က်ရို-က်ချိတ်ဆက်ပေးမည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ရွှေမေတ္တာလူမှုကူညီရေးအသင်းပြော ရေးဆိုခွင့်ရှိသူ မရွှေလဲ့က ပြောကြားသည်။

နွမ်းပါးလူနာရှင်များနှင့် ရုပ်အလေ-ာင်းသယ်ဆောင်ရန် အခက်အခဲဖြစ်နေသူများအတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်းနှင့် ပရဟိတမောင်နှမများ စုပေါင်း၍ အခကြေးငွေမဲ့ (သို့မဟုတ်) သဒ္ဓါကြေးဖြင့်သာ ကူညီပေးမည့် ပရဟိတအသင်းများ၏ စာရင်းနှင့် ဖုန်းနံပါတ်များကို လူနာရှင်များ မြင်သာစေရန် ရန်ကုန်ဆေးရုံကြီးတွင် ဗီနိုင်း (Vinyl) ချိတ်ဆွဲထားရှိမည်ဖြစ်ကြောင်း သိရသည်။

လူနာတင်ယာဉ်အသုံးပြုရာတွင် မပြေလည်မှုများ၊ အခက်အခဲများ ကြုံတွေ့ရပါက သက်ဆိုင်ရာအသင်းအမည်နှင့်တကွ တို-က်ရို-က်ဆက်သွယ် ညှိနှိုင်းတိုင်ကြားနိုင်မည်ဖြစ်ကာ အမှန်တကယ် ကူညီပေးနိုင်သည့် ပရဟိတအသင်းများအနေဖြင့် အစီအစဉ်တွင် ပါဝင်ရန် စာရင်းပေးပို့နိုင်ကြောင်း မရွှေလဲ့က အသိပေးထာသည်။

အဆိုပါ လုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်လိုသော အသင်းအဖွဲ့များအနေဖြင့် ရန်ကုန်ဆေးရုံအုပ်ကြီးနှင့် လသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ တို-က်ရို-က်ဆက်သွယ် စာရင်းပေးပို့နိုင်ကြောင်း အသိပေးထားသည်။

နွမ်းပါးလူနာရှင်များနှင့် Body ရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ရည်ရွယ်၍ ယင်းအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရွှေမေတ္တာ လူမှုကူညီရေးအသင်းမှ မရွှေလဲ့က ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ကို မယိမ်းမယိုင် ဆက်လက်အကောင်အထည်ဖော်ပြီး ကမ္ဘာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိ”ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

" မြန်မာနိုင်ငံဟာ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်ခိုင် မာဖို့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည် ထောင်စုတည်ဆောက်ဖို့ရည်မှန်းချက်အတိုင်းမယိမ်းမယိုင်လုပ်သွားမယ်ဆိုတာကို ကမ္ဘာကိုပြောလိုပါတယ်" ဟု နိုင်ငံတော်သမ္မတက ဦးမင်းအောင်လှိုင်ပြော " မြန်မာနိုင်ငံဟာ မြန်မာနိုင်ငံသားတွေမျှော်မှန်းတဲ့လမ်း ကြောင်းပေါ်မှာ မှန်မှန်ကန်ကန်နဲ့လျှောက်လှမ်းနေပါပြီ" ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံ DD India သတင်းဌာနနှင့်တွေ့ဆုံမေးမြန်းမှုပြုလုပ်စဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ " မြန်မာနိုင်ငံက ကမ္ဘာနဲ့လက်တွဲပြီးလုပ်ဖို့လည်း အဆင်သင့်ရှိပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်း လဲဆောင်ရွက်မှုတွေအပေါ်မှာ မြန်မာနိုင်ငံကိုလာပြီးလေ့လာကြည့်စေလိုတယ်။ ဖြစ်ပျက်နေတဲ့အခြေအနေတွေကိုလာပြီးကြည့်စေလိုတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ " မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာနှစ်ခုရှိပါတယ်။ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်ဖို့ ဒီမိုကရေစီနဲ့...

ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန်မာနိုင်ငံ ၌ ပြန်လည်အကောင်အထည်ဖော်မည်

မြန်မာနိုင်ငံတွင် ယခင် သမဝါယမဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ Ministry of Security and Public Administration တို့ပူးပေါင်း၍ ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို အောင်မြင်စွာအကောင်အထည် ဖော်ခဲ့သည်။ ထိုသို့ အကောင်အထည်ဖော်ခဲ့သော ကိုရီးယားနိုင်ငံ၏ Korea Saemaul Undong Center သို့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးမျိုးမြင့်မောင်က ဇွန် ၂ ရက်တွင်သွားရောက်လေ့လာရာ Secretary General  Mr. Choi Hyong Jae ကစီမံကိန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။  ထို့ပြင် ဆင်မားအူးဒုံးကျေးရွာသစ်စီမံကိန်းများကို မြန် မာနိုင်ငံတွင် ပြန်လည်အကောင်အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်မည့်အစီအမံများကို...

(၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အဆင့်မြင့်အ ရာရှိကြီးများအစည်းအဝေးအား MOFA ကတက်ရောက်ဆွေးနွေး

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေး မှူးချုပ်ရုံး၌ (၃၈)ကြိမ်မြောက် အာဆီယံ-အမေရိကန်အ ဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ဇွန် ၃ ရက်ကကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ထိုသို့ တက်ရောက်ပြီးနောက် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့၏ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-အမေရိကန်ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှုများ၊ အနာဂတ်တွင်ဆက်လက်ပူး ပေါင်းဆောင်ရွက်ရမည်များကို ပါဝင်ဆွေးနွေးခဲ့သည်။ ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးများအပေါ် အမြင်ချင်းဖလှယ်ခြင်း၊ (၅၉)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့်အ စည်းအဝေး၊ (၄၉)ကြိမ်မြောက် အာဆီယံထိပ်သီးအ စည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် (၁၄)ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအဆင့်အစည်းအဝေး ကျင်းပနိုင်ရေးပြင်ဆင်နေမှုများကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071