Tuesday, May 19, 2026

တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့...

တွံတေး၊ မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အိန္ဒိ ယကို...

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) အမျိုးသား (၄) ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိန္ဒိယအသင်းကို...

မလေးရှားကို (၂) ပွဲပြတ်ဖြင့် အနိုင်ယူပြီး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းဖလား ပြိုင် ပွဲ၏ သုံးယောက်တွဲ (Regu Event) ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ မေ...

ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်မှ မီးလေ-ာင်ပျ-က်စီးနေအိမ်များ ဖျက်သိမ်းရှင်းလင်းမှု...

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ မီးလောင်ပျက်စီးနေအိမ်များကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်၊ နေအိမ်ပိုင်ရှင်ကိုယ်တိုင်အစီအစဥ်တို့ဖြင့် ဖျက်သိမ်းရှင်းလင်းခြင်းများကို မေ ၁၆ ရက်မှစတင်၍ဆောင်ရွက်လျက်ရှိသည်။ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မာန်အောင်လမ်းနှင့်...
HomeNewsLocal Newsရန်ကုန်ကားဈေးကွက်အတွင်း မော်ဒယ်မြင့်အိမ်စီးကားများအရောင်းအဝယ် တည်ငြိမ်နေ

ရန်ကုန်ကားဈေးကွက်အတွင်း မော်ဒယ်မြင့်အိမ်စီးကားများအရောင်းအဝယ် တည်ငြိမ်နေ

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေမှုကြောင့် မော်ဒယ်မြင့်အိမ်စီးကားဈေးများလည်း မြင့်တက်နေပြီး အရောင်းအဝယ်တည်ငြိမ်နေကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရသည်။

လက်ရှိတွင် ဝယ်ယူသူများအနေဖြင့် ဈေးနှုန်းတည်ငြိမ်သည်အထိ စောင့်ဆိုင်းနေပြီး လက်ရှိသြဂုတ်လ တတိယအပတ်တွင် လောင်စာဆီသုံးအိမ်စီးကားဈေးကွက်အတွင်း ကားဈေးနှုန်းအနည်းငယ်ပြန်လည် ကျဆင်းလာကြောင်း သိရသည်။

“ကားဈေးကွက်က ငြိမ်နေတယ်လို့ ပြောရမယ်။ ဘာလို့ဆို ဒေါ်လာဈေးကလည်း မတည်ငြိမ်ဘူး။ တတ်လိုက် ကျလိုက်နဲ့။ အဲဒီတော့ ကားဝယ်မယ့်သူတွေကလည်း စောင့်ကြည့်နေတဲ့ အနေအထားတစ်ခုမှာရှိနေတာ”ဟု ကားဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင် ၂၀၁၂ အောက် မော်ဒယ်အိမ်စီးကားများသည် သိန်း ၅၀၀ မှ သိန်း ၄၀၀ ကြားပေါက်ဈေးရှိနေပြီး ကျပ်သိန်း ၄၀၀ အောက် အိမ်စီးကားများမရှိသလောက်နီးပါး ဈေးမြင့်တက်ခဲ့ပြီး လက်ရှိတွင် ကျပ်သိန်း ၄၀၀ အောက်အထိ ဈေးအနည်းငယ်ကျဆင်းလာသည့် အမျိုးအစားများရှိလာကြောင်း သိရသည်။

မော်တော်ယာဉ် ဝယ်ယူသူများအနေဖြင့် လောင်စာဆီယာဥ်များအစား EV ယာဉ်များကို စိတ်ဝင်စားမှု ရှိလာသော်လည်း လျှပ်စစ်မီးအခက်အခဲနှင့် Show Room များတွင်ဝယ်ယူ၍မရခြင်းကြောင့် အခက်အခဲရှိနေကြောင်းလည်း ကားဈေးကွက်အတွင်းမှ သိရသည်။

EV ယာဉ်များအား Pilot Project အနေဖြင့် တင်သွင်းခွင့် ပြုထားပြီး ယာဉ်အစီးရေ (၆၀၀) နီးပါးပြည်တွင်း၌ မှတ်ပုံတင်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တွံတေးရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သွားရောက်

တွံတေး၊ မေ ၁၉ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ အမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ယမန်နေ့က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) အဖွဲ့ဝင် ဦးသန်းဝင်းနှင့် ဦးအုန်းခိုင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့ သွားရောက်၍ အခြေခံလူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဓိက ကြည့်ရှုစစ်ဆေးခဲ့သည့် အချက်များ ကော်မရှင်စစ်ဆေးရေးအဖွဲ့သည် ဌာနအတွင်းရှိ အမျိုးသမီးများအတွက် အခြေခံအခွင့်အရေးများနှင့် ပတ်သက်၍ အောက်ပါကဏ္ဍများကို အသေးစိတ် ကြည့်ရှုစစ်ဆေးခဲ့ကြသည် - ကျန်းမာရေးနှင့် နေထိုင်မှု ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာ ကျွေးမွေးမှု၊ အိပ်ဆောင်များ ထားရှိမှုနှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိရေး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း အိန္ဒိ ယကို ရှုံးနိမ့်ကာ ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရ

မလေးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ (ISTAF World Cup 2026) အမျိုးသား (၄) ယောက်တွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာအသင်းသည် အိန္ဒိယအသင်းကို ရှုံးနိမ့်ခဲ့ကာ ဆီမီးဖိုင်နယ်အဆင့်ဖြင့် ကျေ နပ်ခဲ့ရကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်တွင် မြန်မာအသင်းသည် အာဒစ်၊ ရှိန်းလေး၊ မျိုးလေးနှင့် ကျောင်းတိုက်တို့ဖြင့် ပွဲထွက်လာခဲ့သော်လည်း ပွဲအစပထမပိုင်းတွင် အိန္ဒိယအသင်း၏ ဖိအားပေးမှုကို ခံခဲ့ရသည်။ ပွဲစဉ်ရလဒ်များမှာ (၈-၁၅) မှတ်၊ (၁၇-၁၄) မှတ်နှင့် (၉-၁၅) မှတ်တို့ဖြစ်ပြီး အကြိတ်အနယ်ကစားခဲ့ကြသော်လည်း အိန္ဒိ ယအသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ ပွဲစဉ်အတွင်း...

မလေးရှားကို (၂) ပွဲပြတ်ဖြင့် အနိုင်ယူပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာ့ပိုက်ကျော်ခြင်းအသင်း

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းဖလား ပြိုင် ပွဲ၏ သုံးယောက်တွဲ (Regu Event) ပွဲစဉ်တွင် မြန်မာအသင်းသည် အကောင်းဆုံးခြေစွမ်းပြသကာ ဗိုလ်လုပွဲသို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။ ယနေ့ မေ (၁၉) ရက် မြန်မာစံတော်ချိန် မွန်းတည့် (၁၂) နာရီအချိန် အကြိုဗိုလ် လုပွဲ (Semi-Final) ပွဲစဉ်အား မြန်မာအသင်းနှင့် လေးရှားအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲစတင်ချိန်မှစ၍ ဖိအားပေးကစားနိုင်ခဲ့သည့် မြန်မာအသင်းသည် ပထမပွဲတွင် (၁၅-၉)၊ ဒုတိယပွဲတွင် (၁၅-၁၀) ဖြင့် မလေးရှားအသင်းကို ရလဒ် (၂) ပွဲပြတ် (၀-၂) ဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071