Monday, August 17, 2026

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...
HomeMoviesရန်ကုန်ကလေးဆေးရုံကြီးတွင် ကိုးကြိမ်မြောက် ရင်ချင်းဆက်အမြွှာခွဲစိတ်ကုသမှု...

ရန်ကုန်ကလေးဆေးရုံကြီးတွင် ကိုးကြိမ်မြောက် ရင်ချင်းဆက်အမြွှာခွဲစိတ်ကုသမှု အောင်မြင်

ရန်ကုန်ကလေးဆေးရုံကြီး၌ အသက်နှစ်နှစ်၊ ငါးလအရွယ်ရှိ ရင်ချင်းဆက်အမြွှာ မိန်းကလေးများဖြစ်ကြသည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့အား ခွဲစိတ်ကုသမှု (Separation Surgery) ကို ဇွန် ၁၁ ရက် နေ့ က အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သိရသည်။

စုစုပေါင်း ခွဲစိတ်ချိန် ၉ နာရီ ၃၅ မိနစ်ကြာဆောင်ရွက်၍ ကလေးများ၏ ကျန်းမာရေးအခြေအနေတည်ငြိမ်ကောင်းမွန်မှုကြောင့် အထူးကြပ်မတ်ကုသဌာနတွင် စောင့်ကြည့်ကုသလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များသည် ပခုက္ကူမြို့နေ အသက် ၃၁ နှစ်အရွယ် မိခင်မှ ဒုတိယမြောက် ကိုယ်ဝန်အဖြစ် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် လာရောက်ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးဖွားပြီးချိန်မှစ၍ ခုတင် (၅၅၀) ဆံ့ မန္တလေးကလေးဆေးရုံကြီးတွင်ထားရှိကာ အသက်ခြောက်လအရွယ်တွင် ခုတင် (၅၅၀) ဆံ့ ရန်ကုန်ကလေးဆေးရုံကြီး (ရန်ကင်း) ၌ထားရှိပြီး ပြုစုစောင့်ရှောက်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ခွဲစိတ်ကုသမှုဆောင်ရွက်မည့် ရန်ကုန်ကလေးဆေးရုံကြီး၌ ပြောင်းရွှေ့၍ လိုအပ်သည်များပြင်ဆင်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ခွဲစိတ်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ယခုခွဲစိတ်ကုသမှုအပါအဝင် ရင်ချင်းဆက်အမြွှာခွဲစိတ်ကုသမှု ကိုးကြိမ်၊ မန္တလေးကလေးဆေးရုံကြီးတွင် သုံးကြိမ်ကို ပြည်ပပညာရှင်များပါဝင်ခြင်းမရှိဘဲ ပြည်တွင်းမှဆေးပညာရှင်များဖြင့် ခွဲစိတ်ကုသမှုပေးနိုင်ခဲ့ကြောင်း သိရသည်။

ယခု ခွဲစိတ်မှုတွင် ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦး၏ ဦးဆောင်စီမံခန့်ခွဲမှုဖြင့် ခွဲစိတ်ကုသမှုအဖွဲ့ (၁) တွင် ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာညိုညိုဝင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မေ့ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဖုန်းမြင့် ခေါင်းဆောင်သောအဖွဲ့၊ ခွဲစိတ်ကုသမှုအဖွဲ့ (၂) တွင် ခုတင် (၅၅၀) ဆံ့ မန္တလေးကလေးဆေးရုံကြီးမှ ပါမောက္ခဒေါက်တာမြမြလှိုင်နှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး မေ့ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမြစိုး ခေါင်းဆောင်သောအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (ကလေးကျန်းမာ) ပါမောက္ခဒေါက်တာသဇင်မွန် ခေါင်းဆောင်သော ရန်ကုန်ကလေးဆေးရုံကြီးနှင့် ခုတင်(၅၅၀)ဆံ့ ရန်ကုန်ကလေးဆေးရုံကြီး (ရန်ကင်း) တို့မှ ကလေးအထူးကုအဖွဲ့၊ သူနာပြုအုပ် ဒေါ်မိုးယုယုခိုင် ခေါင်းဆောင်သော သူနာပြုများအဖွဲ့နှင့် အငြိမ်းစားကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ခွဲစိတ်) ပါမောက္ခဒေါက်တာမိုးမိုးတင်၊ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့် သွေးကြောခွဲစိတ်) ပါမောက္ခဒေါက်တာဝင်းဝင်းကျော်နှင့် ပါမောက္ခ/ဌာနမှူး (အသည်းခွဲစိတ်) ပါမောက္ခဒေါက်တာစိုင်းအောင်ညွန့်ဦးတို့ စုပေါင်းအင်အားဖြင့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ သြဂုတ် ၁၆ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ဘယ်လာရုစ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်တွင် ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌတို့က ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071