Wednesday, June 17, 2026

နဂါးလှေပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ...

ပေကျင်း၊ ဇွန် ၁၆ လာမည့် နဂါးလှေပွဲတော် (Dragon Boat Festival) အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ သိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး နေ့စဉ်ပျမ်းမျှ...

ဒေါ်လာ ၂၅၀,၀၀၀ ကျော် လိမ်လည်ထုတ်ယူမှုနှင့်...

ဇွန် ၁၆ ဘဏ်စာရင်းများကို အသုံးပြု၍ ဒေါ်လာ ၂၅၃,၉၉၉.၈၉ ကို လိမ်လည်ထုတ်ယူခဲ့သည့် အွန်လိုင်းငွေကြေးလိမ်လည်မှုအမှုနှင့် ဆက်နွှယ်သူ ခြောက်ဦးကို နည်းပညာမှုခင်းနှိမ်နင်းရေးအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများအရ...

လယ်ယာထွက်ကုန်ဈေးနှုန်း ထိန်းညှိရေးကော်မရှင် ဖွဲ့စည်းပေးရန် တိုက်တွန်းသည့်အဆိုကို...

နေပြည်တော်၊ ဇွန် ၁၅ လယ်ယာ၊ ကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေထွက်ကုန် သီးနှံများ၏ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဈေးနှုန်းထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းသည့်အဆိုကို ဇွန်လ ၁၅...

AI ဉာဏ်ရည်တုဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်ရန်...

AI (Artificial Intelligence) ဉာဏ်ရည်တုနည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသည့် ခေတ်အခြေအနေနှင့်အညီ ယင်းနည်းပညာများကို ကြီးကြပ်ကွပ်ကဲနိုင်မည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး သုံးသပ်ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ...
HomeInternationalတရုတ်-နီပေါ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင်...

တရုတ်-နီပေါ နိုင်ငံခြားရေးဝန်ကြီးများ ပေကျင်းတွင် တွေ့ဆုံ၊ BRI ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေး

ပေကျင်း၊ ဇွန် ၁၆

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး အာဇူ ရာနာ ဒေဥဘာ (Arzu Rana Deuba) တို့သည် ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေးနှင့် ရပ်ဝန်းနှင့်လမ်းမ (BRI) ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် နီပေါနိုင်ငံနှင့် ဆက်ဆံရေးကို အိမ်နီးချင်းသံတမန်ရေးမူဝါဒတွင် အရေးပါသည့်နေရာ၌ အမြဲထားရှိခဲ့ကြောင်း ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံသည် နီပေါ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေးနှင့် နယ်မြေပိုင်ဆိုင်မှုကို အစဉ်တစိုက် ထောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နီပေါနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရွေးချယ်ဆောင်ရွက်ခွင့်ကို လေးစားကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိက နှစ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် BRI ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန်၊ ဓာတ်အားလိုင်းများ၊ အဝေးပြေးလမ်းများ၊ နယ်စပ်ဆိပ်ကမ်းများနှင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် နီပေါနိုင်ငံကို “ကုန်းတွင်းပိတ်နိုင်ငံ” မှ “ကုန်းတွင်းချိတ်ဆက်နိုင်ငံ” အဖြစ် ပြောင်းလဲတိုးတက်လာစေရေးကိုလည်း ထောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တစ်ဖက်တွင် နီပေါနိုင်ငံခြားရေးဝန်ကြီးက နီပေါ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးအတွက် တရုတ်နိုင်ငံ၏ ရေရှည်ထောက်ခံမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

နီပေါနိုင်ငံသည် “တရုတ်တစ်နိုင်ငံတည်း” မူဝါဒကို ခိုင်မာစွာ လိုက်နာကြောင်း၊ တရုတ်နိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းမှုများကို ထောက်ခံကြောင်းနှင့် နီပေါနယ်မြေကို အသုံးပြု၍ တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်လုပ်ရပ်မျိုးကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် နီပေါနိုင်ငံအနေဖြင့် လူသားမျိုးနွယ်အတွက် ဘုံအနာဂတ်ရှိသော အသိုက်အဝန်းတည်ဆောက်ရေး ရည်မှန်းချက်နှင့် တရုတ်နိုင်ငံက အဆိုပြုထားသည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးဆိုင်ရာ အစီအစဉ်များကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

Ref: CCTV

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နဂါးလှေပွဲတော် အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ မြင့်တက်မည်ဟု ခန့်မှန်း

ပေကျင်း၊ ဇွန် ၁၆ လာမည့် နဂါးလှေပွဲတော် (Dragon Boat Festival) အားလပ်ရက်ကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း နယ်စပ်ဝင်ထွက်ခရီးသွားဦးရေ သိသိသာသာ မြင့်တက်လာမည်ဖြစ်ပြီး နေ့စဉ်ပျမ်းမျှ လူဝင်လူထွက် ၂ ဒသမ ၂ သန်းခန့် ရှိလာမည်ဟု တရုတ်နိုင်ငံတော် လူဝင်မှုကြီးကြပ်ရေးဌာန (NIA) က ဇွန်လ ၁၆ ရက်တွင် ခန့်မှန်းထုတ်ပြန်ခဲ့သည်။ NIA ၏ ခန့်မှန်းချက်အရ ယခုနှစ် နဂါးလှေပွဲတော် အားလပ်ရက်အတွင်း နယ်စပ်ဝင်ထွက်မှုမှာ ယခင်နှစ်ကာလတူထက် ၁၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာမည်ဖြစ်ပြီး...

ဒေါ်လာ ၂၅၀,၀၀၀ ကျော် လိမ်လည်ထုတ်ယူမှုနှင့် ဆက်နွှယ်သူ ၆ ဦး ဖမ်းဆီးခံရ

ဇွန် ၁၆ ဘဏ်စာရင်းများကို အသုံးပြု၍ ဒေါ်လာ ၂၅၃,၉၉၉.၈၉ ကို လိမ်လည်ထုတ်ယူခဲ့သည့် အွန်လိုင်းငွေကြေးလိမ်လည်မှုအမှုနှင့် ဆက်နွှယ်သူ ခြောက်ဦးကို နည်းပညာမှုခင်းနှိမ်နင်းရေးအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများအရ ဟက်ကာများသည် WhatsApp အကောင့်များကို အသုံးချကာ ဘဏ်အကောင့်အတုများဖြင့် ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့ပြီး ယင်းလုပ်ရပ်တွင် အသုံးပြုရန် ဘဏ်စာရင်းများ ဝယ်ယူရောင်းချမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ နည်းပညာမှုခင်းတိုက်ဖျက်ရေးဌာန၏ စစ်ဆေးတွေ့ရှိချက်များအရ ဖမ်းဆီးခံရသူများသည် ရာဇဝတ်ဂိုဏ်းတစ်ခုထံ ဘဏ်စာရင်း ၂၀ ကျော် ရောင်းချပေးရာတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် ဗီယက်နမ်နိုင်ငံသား တစ်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံသား ငါးဦး...

လယ်ယာထွက်ကုန်ဈေးနှုန်း ထိန်းညှိရေးကော်မရှင် ဖွဲ့စည်းပေးရန် တိုက်တွန်းသည့်အဆိုကို ပြည်သူ့လွှတ်တော် အတည်ပြု

နေပြည်တော်၊ ဇွန် ၁၅ လယ်ယာ၊ ကိုင်းကျွန်းနှင့် ဥယျာဉ်ခြံမြေထွက်ကုန် သီးနှံများ၏ ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဈေးနှုန်းထိန်းညှိရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းသည့်အဆိုကို ဇွန်လ ၁၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါအဆိုကို အင်္ဂပူမဲဆန္ဒနယ်မှ ဒေါက်တာဌေးဝင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လယ်ယာထွက်ကုန် သီးနှံဈေးနှုန်းများ တည်ငြိမ်စေရေးနှင့် တောင်သူလယ်သမားများ အကျိုးစီးပွားကို ကာကွယ်ပေးနိုင်ရေးအတွက် သီးခြားကော်မရှင်တစ်ရပ် ဖွဲ့စည်းရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071