Friday, August 14, 2026

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့်...

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန်...

အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို...

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထား သည်။ McKenna Davidson...

မီတာအသစ်များ မနက်ဖန်(ဩဂုတ် ၁၅ ရက်)မှ...

နေပြည်တော်၊ဩဂုတ်-၁၄ လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း...

Myanmar Women’s League ဒုတိယအကျော့အတွက်...

ရန်ကုန်၊ဩဂုတ်-၁၄ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့ ကြီးမှူးကျင်းပနေသည့် Myanmar Women’s League 2026-27 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ကို အောက်တိုဘာ ၁၉...
HomeNewsLocal Newsရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်မှ အလယ်တန်းကစားသမား...

ရတနာပုံအမျိုးသမီးဘောလုံးအသင်းက ဖိလစ်ပိုင်မှ အလယ်တန်းကစားသမား Pauline San Buenaventura အား ထပ်မံခေါ်ယူ

ရတနာပုံ အမျိုးသမီး ဘောလုံးအသင်းသည် အသင်း၏ ကွင်းလယ်ပိုင်းအတွက် ဖိလစ်ပိုင်နိုင်ငံ ကလပ်အသင်း Stallion Laguna FC မှ အတွေ့အကြုံရင့် အလယ် တန်းကစားသမား Pauline San Buenav entura အား တရားဝင်ခေါ်ယူစာချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်းသိရသည်။

အသက် (၂၆) နှစ်အရွယ်ရှိ Paulineသည် ရတနာပုံအသင်းတွင် ကျောနံပါတ် (၂၉) ကို ဝတ်ဆင်ကစားမည်ဖြစ်ပြီး၊ ကွင်းအတွင်း နည်းစနစ်ပိုင်း ပိုင်နိုင်ကာ တည်ငြိမ်စွာ ကစားနိုင်စွမ်းရှိသည့် ကစားသမားတစ်ဦး ဖြစ်ကြောင်း အသင်းက အသိပေးထားသည်။

သူမသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ ပြိုင်ပွဲအတွေ့အကြုံရှိသူဖြစ်ပြီး၊ Stallion Laguna FC အသင်းနှင့်အတူ အာရှအဆင့် အမြင့်ဆုံးကလပ်အသင်းပြိုင်ပွဲဖြစ်သော AFC Women’s Champions League (2025-2026) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ထိုပြိုင်ပွဲတွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့သည့် ခြေစစ်ပွဲစဉ်များ၊ ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် အုပ်စုအဆင့် ပွဲစဉ်များနှင့် ဂျပန်နိုင်ငံတွင် ကျင်းပခဲ့သည့် ကွာတားဖိုင်နယ် အဆင့်အထိ အဆင့်မြင့် ကလပ်အသင်းများကို ရင်ဆိုင်ကစားခဲ့သည့် အတွေ့အကြုံများရှိထားသူ ဖြစ်ကြောင်း သိရသည်။

Pauline ၏ ဖိလစ်ပိုင် ပြည်တွင်းပြိုင်ပွဲ အောင်မြင်မှုမှတ်တမ်းများအရ PFF Women’s Cup (2024) ၌ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ PFF Women’s League (2025) တွင်လည်း ဒုတိယဆုရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ပြည်တွင်းပြိုင်ပွဲများတွင် အောင်မြင်မှုမှတ်တိုင်များစွာ စိုက်ထူထားနိုင်ခဲ့သူ ဖြစ်သည်ဟုဆိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ အမေရိကန်ကြံစည်နေ

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။ "ကျနော်တို့ဟာ စစ်ရေးလှုပ်ရှားမှုဖြစ်တဲ့ Epic Fury အဆင့်ကနေ စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတဲ့အဆင့်ကို ကူးပြောင်းခဲ့တာပါ။ အခုဆိုရင် သမ္မတရဲ့ အမိန့်အတိုင်း ဒီထက်မကတဲ့ အဆင့်အထိ တိုးမြှင့်လိုက်ပါပြီ။ လာမယ့်သီးတင်းပတ်မှာ သတင်းထုတ်ပြန်ချက်တွေ ဆက်ထွက်လာမှာမို့ စောင့်ကြည့်ကြပါ။ စီးပွားရေးအရ ပိတ်ဆို့သီးခြားခွဲထုတ်မှု သမိုင်းမှာ...

အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို ဧရာဝတီအက်ဖ်စီ ခေါ်ယူ

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထား သည်။ McKenna Davidson သည် ဥရောပအမျိုးသမီးချန်ပီယံလိဂ် (UEFA Women’s Champions League) ပြိုင်ပွဲအပါအဝင် ဥရောပနှင့် အာရှကလပ်အသင်းများတွင် ပါဝင်ကစားခဲ့ဖူးပြီး နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံရှိသည့် ကစားသမားတစ်ဦးဖြစ်သည်။ အသင်း၏ ထုတ်ပြန်ချက်အရ Davidson သည် တောင်ပံတိုက်စစ်နှင့် ခံစစ်ပိုင်းနေ ရာများတွင် ကစားနိုင်သူဖြစ်ပြီး ၎င်း၏ နိုင်ငံတကာအတွေ့အကြုံနှင့် ခြေစွမ်းဖြင့် ဧရာဝတီအက်ဖ်စီ၏ တိုက်စစ်နှင့် ခံစစ်ပိုင်းကို ပိုမိုအားကောင်းလာစေရန်...

မီတာအသစ်များ မနက်ဖန်(ဩဂုတ် ၁၅ ရက်)မှ စတင်ကာ Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီ

နေပြည်တော်၊ဩဂုတ်-၁၄ လျှပ်စစ်မီတာ မရှိသေးသည့် ပြည်သူများအနေဖြင့် အိမ်သုံး၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းများအတွက် လျှပ်စစ်မီတာအသစ်များကို လျင်မြန်စွာ ရရှိနိုင်ရေးအတွက် မီတာအသစ်များကို Website မှတစ်ဆင့် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။ တစ်ဆင့်ခံပွဲစားများနှင့် ဝန်ထမ်းများ ပါဝင်ပတ်သက်မှု ကင်းဝေးပြီး အချိန်နှင့် စရိတ်စက သက်သာစေရန်ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ Website မှတစ်ဆင့် ရုံးချုပ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ပြီဖြစ်သည်။ Website မှတစ်ဆင့် လျှောက်ထားရာတွင် ဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ပေးသွင်းရမည့် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071