ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ထရန်စဖော်မာ(၁၀)လုံးနှင့် ဆက်စပ်ဓာတ်အားလိုင်းများကို သက်ဆိုင်ရာလျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိသည်။
ဒေါပုံမြို့နယ်၊ လမုတန်းရပ်ကွက်၊ နဝဒေးလမ်းနှင့် သ င်္ဘောကျင်းရပ်ကွက်၊ မြို့မလမ်းနှင့် အောင်သုခလမ်းထောင့်တို့တွင်တပ်ဆင်လျက်ရှိသည့် ထရန်စဖော်မာနှင့် ဆက်စပ်ဓာတ်အားလိုင်းများတည်ဆောက်ပြီးစီးမှုကို ရန်ကုန်တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများက မေ ၁၉ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ထရန်စဖော်မာနှင့် ဆက်စပ်ဓာတ်အားလိုင်းများတည်ဆောက်ပြီးပါက ရပ်ကွက်နေသူများ ဓာတ် အားပြည့်ဝစွာအသုံးပြုနိုင်မည်ဖြစ်သည်။
