Monday, September 14, 2026

ဖိလစ်ပိုင်တောင်ပိုင်း ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှု...

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားသည့် အခြေအနေအောက်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်ရာ ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (BARMM) တွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှုများ စတင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲမတိုင်မီညက...

ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊...

ဥရောပ ဓာတ်ငွေ့စျေး ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း...

​လန်ဒန် ICE စျေးကွက် ကုန်သွယ်မှု အချက်အလက်တွေအရ တနင်္လာနေ့ စျေးကွက်မှာ ဥရောပ ဓာတ်ငွေ့စျေးဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ...

ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းပို့ဆောင်ရာတွင် ပစ္စည်းငွေကြေး ပျောက်ဆုံးမှုအား...

နေပြည်တော်၊ စက်တင်ဘာ ၁၄ ခရီးသည်တင် ယာဉ်လိုင်းများမှတစ်ဆင့် ပစ္စည်းများ ပို့ဆောင်ရာတွင် လမ်းခရီး၌ ပျောက်ဆုံးမှုနှင့် တာဝန်ယူမှု ပျက်ကွက်မှုများကြောင့် ထိခိုက်နစ်နာခဲ့ရသည့် စားသုံးသူများ၏ တိုင်ကြားစာ...
HomeInternationalယူကရိန်း ရှေ့နေချုပ် ကရပ်ဗ်ချန်ကို...

ယူကရိန်း ရှေ့နေချုပ် ကရပ်ဗ်ချန်ကို နိုင်ငံက ထွက်ပြေး

​ယူကရိန်း ရှေ့နေချုပ် ရူစလန် ကရပ်ဗ်ချန်ကို (Ruslan Kravchenko) ဟာ နိုင်ငံထဲကနေ ထွက်ခွာသွားပြီလို့ ယူကရိန်း ကာကွယ်ရေးအရာရှိဟောင်းရဲ့ အကြံပေး ဆာဂေး စတာနန်ကို (Sergey Sternenko) က ပြောပါတယ်။

​”တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေဆီက ရတဲ့ သတင်းအရ ရှေ့နေချုပ် ကရပ်ဗ်ချန်ကိုဟာ မနေ့ညက ယူကရိန်းကနေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်” လို့ စတာနန်ကိုက သူရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။

​အဲ့ဒီမတိုင်ခင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေး အေဂျင်စီတွေကို နှိမ်နင်းမှုတွေ ခပ်စိပ်စိပ်လုပ်လာချိန်မှာ ကရပ်ဗ်ချန်ကိုဟာ ရာထူးကနေ နုတ်ထွက်လွှာ တင်ခဲ့ပါတယ်။ တနင်္လာနေ့မနက်ပိုင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ကရပ်ဗ်ချန်ကိုဟာ ယူကရိန်း အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးဗျူရို (NABU) ရဲ့ ဒါရို-က်တာ ဆာမျွန် ခရီဗိုနို့စ် (Semyon Krivonos) ကို ပြစ်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ တရားစွဲဆိုခဲ့ပြီး၊ အထူးအဂတိလိုက်စားမှုတို-က်ဖျ-က်ရေး အစိုးရရှေ့နေရုံး (SAPO) ဥက္ကဋ္ဌ အလက်ဇန်းဒါး ကလီမန်ကို (Alexander Klimenko) နဲ့အတူ ရာထူးကနေ နုတ်ထွက်ဖို့လည်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။

​ကရပ်ဗ်ချန်ကိုဟာ ဒီအေဂျင်စီနှစ်ခုစလုံးမှာ ထိပ်တန်းရာထူးတွေ ရဖို့ ကြိုးစားခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ဘူးလို့လည်း စတာနန်ကိုက ဆက်ပြောပါတယ်။ “အတိုချုပ်ပြောရရင်တော့ စိတ်ကောက်နေတဲ့ ကရပ်ဗ်ချန်ကိုဟာ တိုင်းပြည်မှာ နောက်ထပ် နိုင်ငံရေးအကျပ်အတည်းတစ်ခုကို ဖန်တီးဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ ကျုပ်တို့အတွက်တော့ အတော်လေး အလုပ်ရှုပ်မယ့် သီတင်းပတ်တစ်ပတ် လာတော့မယ်” လို့လည်း သူက ကောက်ချက်ချခဲ့ပါတယ်။

​ကရပ်ဗ်ချန်ကို ကိုယ်တိုင်ကလည်း တိုင်းပြည်ကနေ ထွက်ခွာသွားတာကို အတည်ပြုထားပါတယ်။ “ကျွန်တော် လက်ရှိမှာ နိုင်ငံခြားကို တာဝန်နဲ့ ခရီးထွက်နေတာပါ” လို့ သူရဲ့ Telegram ချန်နယ်မှာ ရေးထားပါတယ်။ ဒါ့အပြင် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေး အေဂျင်စီတွေရဲ့ လက်ရှိအခြေအနေမှန်တွေ၊ သူတို့ဆီမှာ ထိန်းချုပ်မရတဲ့ အာဏာတွေ စုပုံလာနေတဲ့ လက္ခဏာတွေနဲ့ ဒါတွေက အမျိုးသားအချုပ်အခြာအာဏာကို ဘယ်လို ခြိမ်းခြောက်နေလဲဆိုတာ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်တွေကို ဖွင့်ချရှင်းပြဖို့ အစည်းအဝေးတော်တော်များများ လုပ်ဖို့ အစီအစဉ်ရှိတယ်လို့လည်း သူက‌ရေးထားပါတယ်။

​ကရပ်ဗ်ချန်ကိုရဲ့ နုတ်ထွက်ခွင့်တောင်းဆိုမှုကို စက်တင်ဘာ ၁၅ ရက်မှာ ယူကရိန်းလွှတ်တော် (Verkhovna Rada) က မဲခွဲဆုံးဖြတ်မယ်လို့ အာဏာရ Servant of the People ပါတီရဲ့ လွှတ်တော်အမတ်အဖွဲ့ခေါင်းဆောင် ဒေးဗစ် အာရာခါမီယာ (David Arakhamiya) က Telegram မှာ ကြေညာထားပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်တောင်ပိုင်း ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှု စတင်

အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားသည့် အခြေအနေအောက်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်ရာ ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (BARMM) တွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှုများ စတင်ခဲ့ကြောင်း သိရသည်။ ရွေးကောက်ပွဲမတိုင်မီညက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၃ ဦး ‌ေ-သဆုံးပြီး ၁၅ ဦး ဒ-ဏ်ရာရရှိခဲ့သော်လည်း မဲပေးမှုများကို သတ်မှတ်အတိုင်း စတင်နိုင်ခဲ့ကြောင်း သိရသည်။ ယခုရွေးကောက်ပွဲသည် ခွဲထွက်ရေးပဋိပက္ခများနှင့် အစွန်းရောက်ဝါဒများကြောင့် အတိတ်ကာလတွင် ပြင်းထန်စွာ ထိခိုက်ခဲ့သည့် ဒေသအတွင်း ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအတွက် အရေးပါသော စမ်းသပ်ချက်တစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။ ဒေသတွင်းပဋိပက္ခများသည် ၂၀၁၇...

ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်လဲကျမှုများဖြစ်ပေါ် ကားများပိမိခဲ့

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့ နယ်တို့တွင် ယနေ့ စက်တင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်လဲကျမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က သစ်ပင်လဲကျကာ ကား(၁)စီးပေါ်သို့ပိမိပြီး လမ်းပိတ်ဆို့နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင်လည်း ကြည့်မြင်တိုင်မြို့နယ်၊ ဈေးကြီးအနောက်ရပ်ကွက်၊ ဈေးကြီးလမ်းတွင်သစ်ပင်လဲကျ၍ ကား(၁)စီးပေါ်ပိမိပြီးလမ်း ပိတ်နေသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဥရောပ ဓာတ်ငွေ့စျေး ၂၀၂၂ ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁,၀၀၀ ကျော်သွားခဲ့

​လန်ဒန် ICE စျေးကွက် ကုန်သွယ်မှု အချက်အလက်တွေအရ တနင်္လာနေ့ စျေးကွက်မှာ ဥရောပ ဓာတ်ငွေ့စျေးဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၀ အထက် ရောက်သွားခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်တက်လာတာပါ။ ​နယ်သာလန်မှာရှိတဲ့ TTF စျေးကွက်ဗဟိုရဲ့ အောက်တိုဘာလ အနာဂတ်ကြိုတင်ရောင်းဝယ်မှုစျေးနှုန်းဟာ ကုဗမီတာ ၁,၀၀၀ ကို ဒေါ်လာ ၁,၀၀၄ ဝန်းကျင် (သို့မဟုတ် ၁ မဂ္ဂါဝပ်နာရီကို ၈၄.၀၇ ယူရို) အထိ မြင့်တက်သွားခဲ့ပါတယ်။ ​ဒါ့အပြင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071