အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတင်းကျပ်ထားသည့် အခြေအနေအောက်တွင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ မွတ်စလင်အများစုနေထိုင်ရာ ဘန်ဆာမိုရိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (BARMM) တွင် သမိုင်းဝင်ရွေးကောက်ပွဲ မဲပေးမှုများ စတင်ခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲမတိုင်မီညက ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၃ ဦး ေ-သဆုံးပြီး ၁၅ ဦး ဒ-ဏ်ရာရရှိခဲ့သော်လည်း မဲပေးမှုများကို သတ်မှတ်အတိုင်း စတင်နိုင်ခဲ့ကြောင်း သိရသည်။
ယခုရွေးကောက်ပွဲသည် ခွဲထွက်ရေးပဋိပက္ခများနှင့် အစွန်းရောက်ဝါဒများကြောင့် အတိတ်ကာလတွင် ပြင်းထန်စွာ ထိခိုက်ခဲ့သည့် ဒေသအတွင်း ရေရှည်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအတွက် အရေးပါသော စမ်းသပ်ချက်တစ်ရပ်အဖြစ် သတ်မှတ်ခံထားရသည်။
ဒေသတွင်းပဋိပက္ခများသည် ၂၀၁၇ ခုနှစ်တွင် အိုင်အက်စ်အဖွဲ့နှင့် ဆက်နွယ်သည့် လက်နက်ကိုင်အဖွဲ့များက မာရာဝီမြို့ကို ဝိုင်းရံတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်အတွင်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ရွေးကောက်ပွဲကော်မရှင် (COMELEC) က မဲရုံတစ်ခုတွင် စကားများရန်ဖြစ်ရာမှ ေ-သနတ်ပ-စ်ခတ်မှု ဖြစ်ပွားခဲ့သည့် ကိုတာဘာတိုမြို့ကို ၎င်း၏ ထိန်းချုပ်မှုအောက်ရှိ ဒေသအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
COMELEC ၏ ပြောကြားချက်အရ BARMM ဒေသတစ်ဝန်း မဲပေးမှုများမှာ ချောမွေ့စွာ ဆက်လက်ပြုလုပ်နေပြီး လုံခြုံရေးစစ်ဆေးရေးဂိတ်များ တိုးမြှင့်ထားခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အမြန်တပ်ဖြန့်ထားခြင်းတို့ကြောင့် ကြီးမားသည့် မငြိမ်မသက်မှုများ မဖြစ်ပွားစေရန် ဆောင်ရွက်ထားကြောင်း သိရသည်။
ယခုရွေးကောက်ပွဲတွင် မဲပေးရန် စာရင်းသွင်းထားသည့် မဲဆန္ဒရှင် ၂ ဒသမ ၄ သန်းခန့်ရှိပြီး နိုင်ငံတကာမိတ်ဖက်များနှင့် ငြိမ်းချမ်းရေးစောင့်ကြည့်အဖွဲ့များကလည်း အဆိုပါရွေးကောက်ပွဲကို အရေးပါသည့် စမ်းသပ်မှုတစ်ရပ်အဖြစ် စောင့်ကြည့်နေကြသည်။
၂၀၁၄ ခုနှစ်တွင် ဖိလစ်ပိုင်အစိုးရနှင့် မွတ်စလင်ခွဲထွက်ရေးဝါဒီများအကြား ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက်အရ ပေးအပ်ခဲ့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရွေးကောက်တင်မြှောက်ထားသည့် အဖွဲ့အစည်းများမှတစ်ဆင့် ရေရှည်ထိန်းသိမ်းနိုင်မည်၊ မနိုင်မည်ကို ယခုရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမည်ဖြစ်သည်။
BARMM ကို ဖွဲ့စည်းပေးခဲ့ခြင်းမှာ လူပေါင်း ၁၂၀,၀၀၀ ကျော် ေ-သဆုံးခဲ့ပြီး ၂ သန်းခန့် နေရပ်စွန့်ခွာခဲ့ရသည့် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခများကို အဆုံးသတ်ရန်နှင့် ဒေသတွင်း အစွန်းရောက်အဖွဲ့များ အမြစ်တွယ်လာမှုကို တားဆီးရန် ရည်ရွယ်ခြင်းဖြစ်သည်။
Ref: တီဘီအက်စ်နူးစ်
