Monday, June 23, 2025

ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတလှမ်း

၂၀၂၅ခု မတ်လ ​နောက်ဆုံးပတ်တွင် NSPNC အ​နေဖြင့် ငြိမ်းချမ်း​ရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သု​တေသီများ၊ ​​လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လ​နောက်ဆုံးပတ်တွင်...

ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ ၃၆ ဦးထပ်မံတွေ့ရှိပြီး...

ဒါကာ၊ဇွန် ၂၂ ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပေါ်နေပြီး ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့တွင် အများဆုံး စံချိန်တင်ကာ တစ်ရက်တာအတွင်း ၅ ဦး‌ေ-သဆုံး၍ ကပ်ရောဂါစတင်ချိန်မှစ၍...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။ မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း...

ထိုင်းသံရုံးမှ ကြီးမှူးကာ ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံ၏အကြီးဆုံးသော...

ဂျွန်လ ၂၂ ရက်တွင် ထိုင်းသံရုံးမှကြီးမှူးကာ မြန်မာနိုင်ငံရဲ့အကြီးဆုံးသော ထိုင်းသီချင်းဆိုပြိုင်ပွဲကြီး T-Pop Star Challenge Myanmar Season 2 ၏...
HomeInternationalယူကရိန်းပဋိပက္ခ မကြာမီငြိမ်းချမ်းရေးရနိုင်သည်ဟု ထရမ့်ယုံကြည်

ယူကရိန်းပဋိပက္ခ မကြာမီငြိမ်းချမ်းရေးရနိုင်သည်ဟု ထရမ့်ယုံကြည်

ယူကရိန်းတွင် စစ်ပြေငြိမ်းရေးနှင့် ပဋိပက္ခ အဖြေရှာရေး သဘောတူညီမှုများ ရရှိရန် ဖြစ်စဉ်တွင် အဖြေတစ်ခုနီးကပ်နေပြီဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

“ဒါကိုဖြေရှင်းနိုင်မလား ကြည့်ရမယ်” ဟု သူကဆိုသည်။ အိမ်ဖြူတော်တွင် သတင်းထောက်များအား ပြောကြားရာတွင် စစ်ပြေငြိမ်းရေးနှင့် အဖြေရှာမှုကို ရည်ညွှန်းကာ၊ “ဒါကိုဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခု ရှိတယ်လို့ ထင်ပါတယ်။ အခုအချိန်မှာ အရေးပါတဲ့အဆင့်ကို ရောက်နေပြီ” ဟု ထရမ့်က ဖြည့်စွက်ပြောကြားခဲ့သည်။

ရုရှားက အမေရိကန်ကို လှည့်စားပြီး အဖြေရှာမှုမှ ဖယ်ရှားရန် ကြိုးစားနေသလားဟု မေးမြန်းသည့်အခါ အမေရိကန်သမ္မတက “ဘယ်သူကမှ ဘယ်သူ့ကို လှည့်စားနေတာ မဟုတ်ဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။ “ဟင့်အင်း၊ ဘယ်သူမှ ငါ့ကို လှည့်စားနေတာ မဟုတ်ဘူး။ ငါက ကူညီဖို့ ကြိုးစားနေတာ” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

ထရမ်က သူ့တွင် ညှိနှိုင်းဆွေးနွေးမှုများအတွက် အတွေ့အကြုံများစွာရှိကြောင်း အလေးထားပြောကြားခဲ့သည်။ “လူတွေက ငါတို့ကို လှည့်စားနေတဲ့အခါ ငါသိတယ်၊ သူတို့ မလှည့်စားတဲ့အခါလည်း ငါသိတယ်။ ပြီးတော့ ဒါကိုအဆုံးသတ်ချင်တဲ့ စိတ်အားထက်သန်မှုကို ငါမြင်‌နေရတယ်။ ငါက အဲဒီစိတ်အားထက်သန်မှုကို မြင်ရတယ်လို့ ထင်တယ်။ နှစ်ဖက်စလုံးဆီကနေ မြင်‌နေရတယ်လို့ ထင်တယ်၊ ဒါပေမယ့် မကြာခင်မှာ သိရလိမ့်မယ်” ဟု သူက ထပ်မံအလေးပေးပြောကြားခဲ့သည်။

ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ‌ကော့က ယခင်က ပြောကြားခဲ့သည်မှာ ရုရှားဘက်မှ ယူကရိန်းပဋိပက္ခကို ဖြေရှင်းရန်နှင့် မိမိတို့၏အကျိုးစီးပွားများကို သေချာစွာကာကွယ်ရန် ရည်ရွယ်ထားကြောင်းဟူ၍ ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငြိမ်းချမ်းရေးအတွက် နောက်ထပ် ခြေတလှမ်း

၂၀၂၅ခု မတ်လ ​နောက်ဆုံးပတ်တွင် NSPNC အ​နေဖြင့် ငြိမ်းချမ်း​ရေးစကားဝိုင်းကို ပါတီများ၊တိုင်းရင်းသားများ၊ သု​တေသီများ၊ ​​လေ့လာသူများဖြင့် ၃ရက်တိုင်ကျင်းပခဲ့သည်။ ၃လအကြာ ယခု ဇွန်လ​နောက်ဆုံးပတ်တွင် ငြိမ်းချမ်း​ရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ပြီး နစက ဥက္ကဋ္ဌလည်း တက်ရောက်မည်ဟုသိရသဖြင့် ဖိုရမ်နှင့်ပတ်သက်ပြီး NSPNC အတွင်း​ရေးမှူးအား ​ပေါ်ပြူလာနယူးစ်က ဆက်သွယ်​​မေးမြန်းထားသည်များကို ​ဖော်ပြသွားပါမည်။ Q. ငြိမ်းချမ်း​ရေးအတွက် ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ဖို့ လိုအပ်ချက်များက ဘာတွေပါလဲ။ လက်ရှိအခြေအနေနှင့် ထပ်လုပ်ကြမည့် အချက်များက ဘာပါလဲ A. လိုအပ်ချက်​တွေက လုပ်ဆောင်ချက်တွေပွင့်လင်းမြင်သာမှု (Transparency)၊ အပြောနဲ့ အလုပ်တူညီမှု (Consistency)၊...

ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်ခံရသူ ၃၆ ဦးထပ်မံတွေ့ရှိပြီး ၅ ဦး‌ေ-သဆုံးခဲ့

ဒါကာ၊ဇွန် ၂၂ ဘင်္ဂလားဒေ့ရှ်၌ ကိုဗစ်ကူးစက်မှုများပြန်လည်ဖြစ်ပေါ်နေပြီး ဇွန်လ ၂၂ ရက်၊ တနင်္ဂနွေနေ့တွင် အများဆုံး စံချိန်တင်ကာ တစ်ရက်တာအတွင်း ၅ ဦး‌ေ-သဆုံး၍ ကပ်ရောဂါစတင်ချိန်မှစ၍ ကူးစက်မှု ၂၉,၅၁၅ ခုအထိရှိလာကြောင်းသိရသည်။ တနင်္ဂနွေတစ်ရက်တည်း၌ပင် ကိုဗစ်ကူးစက်လူနာ ၃၆ ဦးအထိရှိခဲ့ပြီး ယခုနှစ်အတွင်း ကိုဗစ်ကူးစက်ခံရသူ ၄၃၃ ဦးနှင့် ‌ေ-သဆုံးသူ ၁၆ ဦးရှိကြောင်းလည်းပြောကြားခဲ့သည်။ အိမ်နီးချင်းနိုင်ငံအများအပြား၌ ကိုဗစ်ကူးစက်မှုအသစ်များ မြင့်တက်လာနေချိန်တွင် ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရက ပြည်သူများကို မလိုအပ်ဘဲ အဆိုပါနေရာများသို့ ခရီးသွားခြင်းမှရှောင်ကြဉ်ရန် တို-က်တွန်းထားသည်။ ဒါကာကျန်းမာရေးညွှန်ကြားမှုဦးစီးဌာနကမူ ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်ရန်အတွက် နိုင်ငံအဝင်အထွက်နေရာများအားလုံးတွင် ကျန်းမာရေးစစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်းအစီအမံများကို...

ကျိုက်ထီးရိုး ဘုရားဖူးများအတွက် တောင်တက်ယာဉ်များ နှစ်ဖွဲ့ခွဲထား

မိုးတွင်းကာလတွင် ကျိုက်ထီးရိုးစေတီတော်မြတ်ကို လာရောက်ဖူးမြှော်သူများအတွက် တောင်တက်ယာဉ်များကို အလှည့်ကျ နှစ်ဖွဲ့ခွဲ၍ပြေးဆွဲပေးနေကြောင်း သိရသည်။ မိုးတွင်းကာလသည် ကျိုက်ထီးရိုးဘုရားပွဲတော် ကာလမဟုတ်သော်လည်း လာရောက်ဖူးမြော်သူများရှိသည့်အတွက် ထိုကဲ့သို့ တောင်တက်ယာဉ်များလည်း ပြေးဆွဲပေးလျက်ရှိနေခြင်း ဖြစ်သည်။ “ကားအစီးရေ ၁၅၀ ကျော်မှာ ၇၀ လောက်နဲ့ နှစ်ဖွဲ့စီခွဲပြီး အလှည့်ကျ ပြေးဆွဲပေးနေပါတယ်” ဟု ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်လုပ်ငန်းရှင် များထံမှ သိရသည်။ ထိုတောင်တက်ယာဉ်တစ်စီးလျှင် ခရီးသည်စုစုပေါင်း ၄၀ ကျော်တင်ဆောင်ခွင့်ပြုထားသော်လည်း မိုးတွင်းကာလတွင် ခရီးသည် ၁၀ ဦးလောက် ပြည့်ရန်ပင် အချိန်ကြာအောင်စောင့်ရခြင်းကြောင့် ဘုရားဖူးခရီးသည် အချို့ မှာ ယာဉ်စီးခငွေကို စုပေါင်းကျခံ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071