နစကက အာဏာထိမ်းထားသည့် (၂) နှစ်ပြည့်သည့် ယနေ့ ဇန်နဝါရီ (၃၁) ရက် နံနက်ပိုင်းတွင် ယာယီသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ကာ ကာလုံအစည်းအဝေး ကျင်းပခဲ့ပြီး လက်ရှိအခြေအနေသည် တိုင်းပြည် တည်ငြိမ်အေးချမ်းသာမန်အခြေအနေအတွက် သာမန်မဟုတ်သည့်အခြေအနေဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ အစည်းအဝေးတွင် တပ်မတော် ကာကွယ်ရေး ဦး စီးချုပ်က ၎င်းတာဝန်ယူခဲ့သည့် (၂) နှစ်တာအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကာလုံထံ အစီခံစာ တင်ပြခဲ့ပြီး ၎င်း၏ တင်ပြချက်အပေါ် ယာယီသမ္မတဦးမြင့်ဆွေနှင့် တက်ရောက်လာကြများက ဆွေးနွေး သုံးသပ်ခဲ့ကြောင်း သိရသည်။
ကာလုံတွင်မပါသော အထူးဖိတ်ကြားထားသည့် ဧည့်သည်များဖြစ်သည့် နစက အတွင်းရေးမှူး ဒုတိယဗိုချုပ်ကြီးအောင်လင်းဒွေး၊တွဲဖက် အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး တို့လည်း တက်ရောက်ခဲ့သည်။
ဆွေးနွေးသုံးသပ်ချက်များအရ အကြမ်းဖက်အုပ်စုများက နိုင်ငံတော်ကို အလုံးစုံ ပျက်သုဉ်းစေရန် ရည်ရွယ် လုပ်ဆောင်မှုများရှိနေပြီး ဆူပူအကြမ်းဖက်မှုများ ၊ အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိ နေသည့်အတွက် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးမှာ သာမန်အခြေ အနေမဟုတ်ကြောင်း ဆွေးနွေးအတည်ပြုခဲ့ကြောင်း သိရသည်။
ဖွဲ့စည်းပုံ ဥပဒေပုဒ်မ ၄၂၅ အရ သာမန်မဟုတ်သည့် အ ခြေအနေဖြစ်ပါက ကာလုံအနေဖြင့် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်ထံ အာဏာ ဆက်လက်ပေးအပ်နိုင်ကြောင်း ပြဌာန်းထားပြီး ဖေဖေါ်ဝါရီ (၁) ရက်တွင် ကာလုံ၏ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်









