Monday, July 13, 2026

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် ဆေးရုံများ...

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်ပြီဖြစ်ရာ မြို့ပေါ်သာမက ကျေးရွာများမှ ဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ အဆိုပါဆေးရုံများတွင် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း (၂၈၅)ဦးဖြင့် လူနာပေါင်း...

မြန်မာအမျိုးသမီးအသင်း ပါဝင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ -Aichi-Nagoya 2026 Asian Games အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃...

ဂျပန် U12 Junior Soccer...

ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ ဘောလုံးအသင်းအတွက်...

မဂ္ဂနီကျူ့(၄)အဆင့်ရှိ ငလျင်တစ်ခု စဥ့်ကူးမြို့ကိုဗဟိုပြုလှုပ်ခတ်

စဥ့်ကူးမြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုသည် ယနေ့ ဇူလိုင် ၁၂ ရက်နံနက်အစောပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ မန္တလေးမြေငလျင်စခန်းမှ တိုင်းထွာရရှိချက်အရ စဥ့်ကူးမြို့၏ မြောက်ဘက်(၁၁)မိုင်ခန့်အကွာ၊...
HomeNewsLocal Newsယမန်နေ့ထိမြင့်တက်နေသည့် ရွှေဈေးနှုန်း တစ်သိန်းဝန်းကျင်ကျဆင်းလာ

ယမန်နေ့ထိမြင့်တက်နေသည့် ရွှေဈေးနှုန်း တစ်သိန်းဝန်းကျင်ကျဆင်းလာ

ဩဂုတ်လ ၂၀ ရက်အထိ သိန်း ၄၀ နီးပါးအထိမြင့်တက်နေသည့် ပြည်တွင်းရွှေဈေးနှုန်းသည် ယနေ့တွင်  တစ်သိန်းဝန်းကျင်အထိ ပြန်လည်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ယမန်နေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၇၉၀,၀၀၀ အထိရောက်ရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ကျပ်တစ်သိန်းဝန်းကျင်ခန့် ပြန်လည်ကျဆင်းလာခြင်းဖြစ်သည်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်း (YGEA)၏ အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သား  ၂,၂၂၃,၁၀၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေး ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၈၇ ဒေါ်လာဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဩဂုတ်လ (၂၁) ရက်ပြင်ပအခေါက်ရွှေ ပေါက်ဈေးမှာ ၁ ကျပ်သားလျှင် ကျပ် ၃,၈၀၀,၀၀၀ ဝန်းကျင်တွင်ရှိနေပြီး ပြင်ပ ၁၅ ပဲရည် လက်ဝတ်ရတနာ ပေါက်ဈေးမှာကျပ် ၃,၆၀၀,၀၀၀ တွင်ရှိနေကြောင်း သိရသည်။

ရွှေဈေးမြင့်တက်နေသော်လည်း ဈေးကွက်အတွင်းအရောင်းအဝယ်အေးနေပြီး စက်တင်ဘာလလောက်တွင် ရွှေဈေးကွက်ပုံမှန်အတိုင်းပြန်ဖြစ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌဦးမျိုးမြင့်ကပြောသည်။

ရွှေစျေးမြင့်တက်နေမှုကြောင့်ဗဟိုဘဏ်အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများက စျေးကစားသူများကို အရေးယူမည်ဟုလည်း အသိပေးကြေညာထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် ဆေးရုံများ ဖွင့်လှစ်

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့တွင် မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်ပြီဖြစ်ရာ မြို့ပေါ်သာမက ကျေးရွာများမှ ဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။ အဆိုပါဆေးရုံများတွင် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း (၂၈၅)ဦးဖြင့် လူနာပေါင်း (၁၃၆၇၇)ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပြီး ကုသရေးပစ္စည်းများနှင့်ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်သည်။ ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁၀ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဖလမ်းမြို့၊ ယာယီပြည်သူ့ဆေးရုံတွင် ဆေးရုံ ပြင်ဆင်စီမံထားရှိမှုအခြေအနေ၊ (Mobile)ခွဲစိပ်ခန်း တပ်ဆင်ထားရှိမှုအခြေအနေ၊ ရေရရှိမှုအခြေအနေ၊ မီးရရှိမှုအခြေအနေ၊ ဆေးရုံထပ်မံတိုးချဲ့ နိုင်မည့်အခြေအနေ၊ ဓါတ်ခွဲခန်းသုံးပစ္စည်းများ၊ ဆေးဝါးများရရှိမှု အခြေအနေနှင့် ဆေးကုသပေးနေမှုအခြေအနေတို့ကို...

မြန်မာအမျိုးသမီးအသင်း ပါဝင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ဇူလိုင် ၂၃ ရက်တွင် ဂျပန်၌ ကျင်းပမည်

မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၆ အာရှအားကစားပြိုင်ပွဲ -Aichi-Nagoya 2026 Asian Games အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂၃ ရက်တွင် ဂျပန်နိုင်ငံရှိ Hilton Nagoya ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အုပ်စုမဲခွဲပွဲအပြီးတွင် မြန်မာအသင်း၏ အုပ်စုနှင့် ပြိုင်ဘက်အသင်းများကို တရားဝင် သိရှိရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဂျပန်နိုင်ငံ၌ စက်တင်ဘာလအတွင်းကျင်းပမည့် (၂၀)ကြိမ်မြောက်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိထားသည်။ အမျိုးသမီးဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ဂျပန်နိုင်ငံရှိ...

ဂျပန် U12 Junior Soccer World Chall enge 2026 အတွက် မြန်မာ ယူ-၁၂ အသင်းကစားသမားရွေးချယ်ပွဲ စတင်

ဂျပန်နိုင်ငံတွင် ကျင်းပမည့် U12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ ဘောလုံးအသင်းအတွက် ကစား သမားရွေးချယ်ပွဲကိုယနေ့ ဇူလိုင် ၁၁ရက် တွင် ရန်ကုန်နှင့်မန္တလေးမြို့တို့၌ တစ်ပြိုင်နက် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရွေးချယ်ပွဲ ပထမနေ့တွင် ရန်ကုန် အမျိုး သားဘောလုံးအကယ်ဒမီ၌လူငယ်ကစား သမား ၄၂ ဦး၊ မန္တလေး မြန်မာဘောလုံးအကယ်ဒမီ၌ ၂၀ ဦး လာရောက်အစမ်းရွေးချယ်ခံခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က နိုင်ငံတစ်ဝန်းရှိ အသက်အရွယ်သတ်မှတ်ချက်နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071