Saturday, September 19, 2026

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု တိုးချဲ့သည့်...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆို့အရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ...

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင်...
HomeMoviesမန္တလေးတောင် တစ်တောင်လုံး သိမ့်သိမ့်တုန်သွားတဲ့အချစ်...

မန္တလေးတောင် တစ်တောင်လုံး သိမ့်သိမ့်တုန်သွားတဲ့အချစ် ဇာတ်လမ်းတစ်ပုဒ်(သို့မဟုတ်) နောင်တွင်ဥဒါန်း တွင်စေသတည်း

၂ဝ၁၈ခုနှစ်အတွင်းရုံတင်ပြသ တဲ့ ရုပ်ရှင်ကားကောင်းတွေ ထဲမှာ တစ်ကားအပါအဝင်အဖြစ် မှတ်တမ်းတင်ခံရမယ့် နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင် ဇာတ်ကားကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မြန်မာနိုင်ငံတစ်နိုင်ငံ လုံးရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံ တွေမှာ ပြသတော့မှာပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်လမ်းက တော့ မန္တလေး ဆေးတက္ကသိုလ် မှာကပြခဲ့တဲ့ ပြဇာတ်တစ်ပုဒ်ကိုအ ခြေခံပြီး ဖြစ်တည်လာတာပဲဖြစ်ပါ တယ်။ ဒီဇာတ်ရဲ့ ပဲ့ကိုင်ရှင်ကတော့ ပြဇာတ်ဘုရင်လို့ပြောရမယ့် မြို့ တော်မောင်ယဉ်အောင်ပဲ ဖြစ်ပါ တယ်။ အဆိုပါ ပြဇာတ်ဟာ အဲဒီ ကာလက မန္တလေးဆေးတက္ကသိုလ် မှာ ပြောစမှတ်တွင်ခဲ့ရအောင် အောင်မြင်ခဲ့တဲ့ ပြဇာတ်တစ်ပုဒ် လည်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက် မှာတော့ ပြဇာတ်ကိုကြည့်ရှုခဲ့ကြရတဲ့ ပရိသတ်တွေက ဒီပြဇာတ်ကို ရုပ်ရှင် အဖြစ် ကြည့်ရှုချင်ကြတဲ့စိတ်တွေ ဖြစ်ပေါ်လာခဲ့တဲ့အတွက် မြို့တော် မောင်ယဉ်အောင်ကို တောင်းဆိုခဲ့ကြ ပါတယ်။

ဒီလိုနဲ့ အဲဒီ ပရိသတ်တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အနေနဲ့ မြို့တော်မောင်ယဉ်အောင်က နောင် တွင်ဥဒါန်းတွင်စေသတည်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးပုံ ဖော်ခဲ့ပါတယ်။ မြို့တော်မောင်ယဉ် အောင်ဟာ တစ်နှစ်မှာတစ်ကား ရိုက်ကူးတဲ့ ဒါရိုက်တာတစ်ယောက် မဟုတ်သလို ဆက်တိုက်ရိုက်ကူး တဲ့ ဒါရိုက်တာတစ်ယောက်လည်း မဟုတ်ပြန်ပါဘူး။ သူက ကိုးဆယ်ဆ သာလိမ့်မယ် ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး အဲဒီ ဇာတ်ကားမှာပါဝင်ခဲ့တဲ့အနုပညာ ရှင်တွေကို အကယ်ဒမီဆုတွေ ဆွတ် ခူးနိုင်အောင် လုပ်ဆောင်ပေးခဲ့တဲ့ ဒါရိုက်တာကြီးတစ်ယောက်ပါ။ အထူးသဖြင့် ဟာသသရုပ်ဆောင် ကြီးဦးမိုးဒီကို အကယ်ဒမီရအောင် လုပ်ပေးနိုင်ခဲ့တဲ့ ဒါရိုက်တာတစ် ဦးပေါ့။

အဲဒီဇာတ်ကားနဲ့ သူကိုယ် တိုင်လည်း ဒါရိုက်တာဆုရရှိခဲ့ပါသေး တယ်။ သူဟာကိုးဆယ်ဆသာလိမ့် မယ် ရုပ်ရှင်အပြီးမှာတော့ ၁ဝ နှစ် ကြာတဲ့အထိ တစ်ကားမှ ရိုက်ကူး ခဲ့ခြင်းမရှိပါဘူး။ သူပြန်ရိုက်တဲ့ ဇာတ် ကားကတော့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ရုံတင်တော့မယ့် နောင် တွင်ဥဒါန်း တွင်စေသတည်း ရုပ်ရှင် ကားကြီးပဲဖြစ်ပါတယ်။ သူဟာ ဒီကားကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အားကုန်ထုတ်ကာ အကောင်းဆုံး ကြိုးစားရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ဒီဇာတ် ကားမှာ ပါဝင်ကြတဲ့ ဖိုးချစ်၊ အလင်း ရောင်၊ မိုးဒီ၊ ထွန်းအိန္ဒြာဗို၊ ရတနာ ဗို၊ ချိုပြုံး၊ မေသန်းနု၊ မေသဉ္ဇာဦး၊ ခင်မို့မို့အေးတို့နဲ့အတူ ဧည့်သည် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရန် အောင်၊ ရဲအောင်၊ လူမင်းတို့ကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ် ဆောင်နိုင်ခဲ့ကြပါတယ်။ ဒါကြောင့် လည်း ဒီဇာတ်ကားက သိပ်ကိုကောင်း တဲ့ ဇာတ်ကားတစ် ကားအဖြစ်အား လုံးက သတ်မှတ်စေခဲ့တာပဲဖြစ်ပြီး အကယ်ဒမီအတွက်လည်း အားလုံး ကထင်ကြေးပေးနေကြတာပဲ ဖြစ်ပါ တယ်။

”ဆရာမောင်ယဉ်အောင်နဲ့ ဦးစိန်မွတ္တားတို့ နှစ်ယောက်ရဲ့ ပေါင်း စပ်ပြီး ထွက်လာတဲ့ အနုပညာတစ် ခုက အစ်မတို့နိုင်ငံအတွက် ဂုဏ်ယူစရာပြယုဂ်တစ်ခုဖြစ်လာမယ်လို့ အစ်မထင်တယ်။ ပြီးတော့ဒီဇာတ် ကားလေးကို အစ်မအနေနဲ့ အင်္ဂလိပ် စာတန်းထိုးပြီးတော့ အန်တီဂရေစ့် တို့နဲ့တိုင်ပင်ပြီး နိုင်ငံတကာ ပွဲတော် တွေမှာ ပြခွင့်ရဖို့အတွက် ကြိုးစား ချင်တဲ့စိတ် ဖြစ်မိပါတယ်။ အစ်မအ နေနဲ့ ဒီဇာတ်ကားမှာ ဆရာဦးယဉ် အောင်ရယ် တေးဂီတရယ်ကို အကယ် ဒမီရစေချင်တယ်။ အရမ်းကိုကောင်း တယ်။ ပြီးတော့ ညီမလေး အေးမြတ် သူလည်း တော်တော်ကောင်းတယ်” လို့ ဒီဇင်ဘာလ ၉ ရက်နေ့က ပြုလုပ် တဲ့ နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားအထူးပွဲကိုတက် ရောက်ကြည့်ရှုခဲ့တဲ့ စိန်ပန်းရုပ်ရှင် ထုတ်လုပ်ရေးမှပတ္တမြားကေခိုင်က သူ့ရဲ့အမြင်ကို ပြောပြပါတယ်။

ဇာတ်ကားအထူးပွဲကိုတော့ စာပေ၊ ရုပ်ရှင်၊ သဘင်မှအနုပညာရှင် များက တက်ရောက်ကြည့်ရှုခဲ့ကြပြီး သုံးသပ်ချက်တွေလည်း ပေးခဲ့ကြပါ တယ်။ အထူးပွဲကိုတက်ရောက် ကြည့် ရှုခဲ့တဲ့ ဟန်ဇာမိုးဝင်းကလည်း သူ့ရဲ့ အမြင်ကိုပြောပြတာကတော့….

”ဒီဇာတ်ကားသည် တအား ကောင်းတဲ့ဇာတ်ကားကောင်းပါ။ ပြီးတော့ မြန်မာတအားဆန်တဲ့ကား ပါ။ ပြီးတော့ပညာရစေမယ့် စကား လုံးတွေလည်း အများကြီးပါတယ်။ ကျွန်တော်တို့ဆိုရင် မနားတမ်းကြည့် ပြီး ဟာခနဲ ဟာခနဲ ဖြစ်နေရတယ်။ ဒါကြောင့် လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါတယ်”လို့ ပြောပါတယ်။နောင်တွင် ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားမှာတော့ မန္တလေး မြို့နဲ့ ပုဂံရဲ့ ရှုခင်းအလှအပတွေကို မြင်တွေ့ရမှာဖြစ်ပြီး မြန်မာမှုနဲ့သက် ဆိုင်တဲ့ အနုပညာရပ်တွေကိုလည်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

”သဘင်မင်းသားတစ်ယောက်အနေနဲ့ရပ်တည်လာတဲ့ ကိုဖိုးချစ်ရဲ့ ဇာတ်ကားလေးကိုတော့ လာကြည့် ပေးလှည့်ပါ။ သူ့အနေနဲ့လည်း အ တတ်နိုင်ဆုံး ကြိုးစားထားပါတယ်။ ဇာတ်မင်းသားက စကားပြောရင် ဇာတ်ဟန်ပါတယ်လို့ ပြောကြတယ်။အဲဒါကအရင်ခေတ်ကဖြစ် ပါလိမ့် မယ်။ ဒီဘက်ခေတ်မှာကျတော့ ရုပ်ရှင်နဲ့ကလည်း မဝေးကြတဲ့အ ခါကျတော့ ဒါတွေကနည်းနည်း ပျောက်သွားပါပြီ။ ကိုဖိုးချစ်အတွက် ကလည်း ဇာတ်လမ်းနဲ့ သူ့ရဲ့ကာ ရိုက်တာနဲ့က ကွက်တိဖြစ်သွားတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ကလည်း နိုင်ငံ အတွက်လည်း အကျိုးပြုလေးလည်း ပါပါတယ်။ ဟာသမဟုတ်ဘဲနဲ့ ထိထိ မိမိဖြစ်တဲ့ အတွက်အများကြီးဂုဏ် ယူပါတယ်” လို့ တင်မောင်ဆန်းမင်း ဝင်းက နောင်တွင်ဥဒါန်းတွင်စေ သတည်းရုပ်ရှင်နဲ့ပတ်သက်လို့ကော အဆိုပါဇာတ်ကားမှာ ဒေါက်တာမြတ် ကောင်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မြို့ ရွှေမန်းသားဖိုးချစ်ရဲ့ အိုက်တင်တွေ အပေါ်ကိုပါ သုံးသပ်စကားပြောခဲ့ပါ တယ်။

ဒီရုပ်ရှင်ဇာတ်ကားကတော့ ဆရာဝန်တစ်ယောက်ရဲ့ သစ္စာ တရားတွေ၊ သားသမီးနဲ့မိဘကြားက လွန်ဆွဲမှုတွေကို အနုပညာအား ကောင်းကောင်းနဲ့ ရိုက်ကူးပြထားတာ တွေကို မြင်တွေ့ရမှာလည်းဖြစ်တာ ကြောင့် ဒရာမာဇာတ်ကားကောင်း ကောင်းကို ကြည့်ရှုချင်ကြတဲ့ ပရိ သတ်တွေအတွက် ကြည့်ကိုကြည့်သင့် တဲ့ ရုပ်ရှင်ကားကြီးတစ်ကားဖြစ်တယ် ဆိုတာကိုတော့ ညွှန်းဆိုလိုက်ရပါ တော့တယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071