ဒီကနေ့ ဩဂုတ်လ ၃၁ ရက်နေ့ကတော့ အဆိုတော် နီနီခင်ဇော်ရဲ့ ၃၀နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့မှာဘာသာတရားလုပ်ပြီး ဖြတ်သန်းဖြစ်တဲ့အကြောင်းကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ အခုလိုပဲရေးသားထားပါတယ်။
“ ၃၀ ပြည့်မွေးနေ့မှာ ဆုတောင်းပေးကြသူများရဲ့မေတ္တာများရရှိပီး ချမ်းမြေ့ရပါတယ်
ယနေ့မွေးနေ့အဖြစ် ဥပုသ် သီလ ယူဖြစ်ပါတယ်
မသေခင်စပ်ကြား ရှင်သန်ရဦးမယ့်နေ့ရက်တွေကို
အကောင်းမြင်တတ်ခြင်းနဲ့ ဖြတ်သန်းတတ်ဖို့လေ့ကျင့်သင်ကြားနေတုန်းပါ….
ယနေ့အထိ သွန်သင်ပေးတဲဲ့ မိဘဆရာ မိတ်ဆွေကောင်းတွေရဲ့ကျေးဇူး… အထူးသဖြင့် မေမေ့ကျေးဇူး… စိတ်ချမ်းသာအောင်ထားပေးတဲ့ Ninians တွေ ပရိသတ်တွေရဲ့ကျေးဇူးပါ….
အားလုံးအတွက် စစ်မှန်သော အမှန်တရား ကြီးစိုးရပါစေ….. ကျန်းမာလို့ အမြန်ဆုံးစိတ်ချမ်းသာရပါစေသား “ဆိုပြီး ရေးသားထားပါတယ်။
#Popularjournal
Photo-crd