Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeArticlesမှန်ထဲက သူစိမ်း

မှန်ထဲက သူစိမ်း

mirror

မျက် စိများ မှုန်ဝါးကျိန်း စပ်နေသည်။ အားယူ ၍ အိပ်ရာထဲမှ လူး လဲထလိုက်ရ၏။ ရုံးအလုပ်သွားရ ဦးမည်။ နောက်ကျ၍မဖြစ်။ အလုပ် က အရောင်းလုပ်ငန်းနဲ့ တွဲတဲ့ အလုပ်ဆိုတော့ အချိန်ပြည့်ရှိနေမှ ဖြစ်မည်။ ပစ္စည်းတွေစစ်ရမည်။ ငွေတွေစစ်ရမည်။ ပေါ့လျော့၍ မဖြစ်။ နေ့လယ်ထမင်းစားချိန်တွင် ခဏတဖြုတ် အလှည့်ကျထမင်းစား နားရသည်။ အဲဒီအချိန်တွင် မိတ်ဆွေ ကဗျာဆရာများရောက်လာ တတ်ကြ သည်။ အနီးအနား လက်ဖက်ရည်ဆိုင် တွင် စကားစမြည်ပြောရင်းစာ အကြောင်း၊ ပေအကြောင်း ဖွင့်ဟကြ သည်။ ရေးဖြစ်သော ကဗျာများ အကြောင်း မရေးဖြစ်သော ကဗျာ များအကြောင်း၊ ဖတ်ဖြစ်သော ကဗျာ များအကြောင်း စုံတကာစေ့ပြော ကြသည်။

ပြောပြီးတော့ အလုပ်ခွင် ပြန်ဝင်၊ ရောင်းစရာရှိတာရောင်း၊ စာရင်းပြန်စစ်။ တစ်ခါတစ်ခါ အလုပ် လုပ်နေပေမယ့် စိတ်ကရေးစရာ တွေကို အတွေးရောက်သွားတတ် သည်။ အမှားအယွင်းရှိသွားနိုင်လို့ မြန်မြန်မောင်း ထုတ်ပစ်ရတတ်သည်။

ရုံးပြီးပြန်တော့ ညဈေးတန်းမှာ စာအုပ်ရောင်းရသေးသည်။ ဝါသနာ ပါတဲ့အလုပ်ဆိုတော့ သိပ်ပင်ပန်း တယ်မထင်။ စာအုပ်သမားတွေက လည်း ကဗျာဆရာတွေ၊ စာရေးဆ ရာတွေဆိုတော့ စာအုပ်ရောင်းရင်း စကားဖောင်ဖွဲ့လို့ မကုန်နိုင်ကြ။

 မနက်၊ ညစာကို ထမင်းဘူးနဲ့ ထည့်လာခဲ့သည်။ ညတွင် ဟင်း မကျန်လျှင် မုန့်ဟင်ခါးတစ်ပွဲ ဝယ်ပြီး ထမင်းကြမ်းနဲ့ စားလိုက်သည်။ ငွေကြေးလေးအဆင်ပြေလျှင်တော့ ညဈေးအပြန်တွင် ကလေးတွေ စားဖို့ မုန့်လေးဘာလေး ဝယ်သွားတတ် သည်။ တကယ်တော့ မန္တလေး တက်ခဲ့တာက စာရေးဖို့၊ စာဖတ်ဖို့နဲ့ မိသားစုတိုးတက်ဖို့အတွက်ပင်။ ဒါပေမဲ့ အလုပ်ကပင်ပန်းဆင်းရဲလွန်း သည်။ စာဖတ်ချိန်ကို မနည်းလုနေရ သည်။ စာရေးချိန်ကို မနည်းလုနေရ သည်။

ရုံးပိတ်ချိန်များတွင်တော့ သူငယ်ချင်းများနဲ့ ဆုံတတ်သည်။ မြောက်ပြင်ဘက်တွင် ကိုသိုက် (သိုက်ထွန်းသက်)နှင့် ဆုံတတ်သည်။ ဘုရားကြီးဘက်တွင် ကိုနီအောင်၊ ကိုသင်းဝေတို့နှင့် ဆုံတတ်သည်။ သူတို့နှင့်လစဉ်ထွက်ရှိတဲ့ မဂ္ဂဇင်းများ အကြောင်း ဖတ်တဲ့ကဗျာများ အကြောင်း ပြောကြသည်။

မဂ္ဂဇင်းအတော်များများတွင် ကဗျာများပါလာကြသည်။ တချို့ ကဗျာများ ဆုတ်ဖြဲခံရသည်။ စာပေ စိစစ်ရေးငြိကြသည်။ စိတ်တိုင်းကျ ကဗျာများ မရေးနိုင်သေး။ မိမိကိုယ် ကိုယ်လည်း မိမိအားမရ။

 မြေစိုက်အိမ်ကလေး၌ ရည်ရွယ် ချက်တို့ ပြည့်လျှံနေသော်လည်း မြေစိုက်အိမ်ကလေးက မြေစိုက်အိမ် ကလေးကနေ မတက်။ ကလေးတွေ အရွယ်ရောက်၊ အတန်းတွေကြီးလာ တော့ ကုန်ကျစရိတ်တွေက လိုက်လို့ မမီနိုင်။ မှန်ထဲကြည့်မိလျှင် မိမိနှင့် မတူမှန်းသိပေမယ့် ကုစားမယ့် ဆေးကို မတွေးတတ်။ မတွေးတော နိုင်။ တစ်နေ့နေ့၊ တစ်ချိန်ချိန်မှာတော့ ရည်ရွယ်ချက်တွေ အောင်မြင်လိမ့် မယ်လို့ ဝိုးတဝါးသာ မှန်းဆရင်း အချိန်တို့ ကုန်သွားတတ်၏။

မန္တလေးညဈေး၌ စာအုပ် အဟောင်းမရောင်းဖြစ်သောအခါ၌ နန်းရှေ့ဈေးတွင် စာအုပ်အငှားဆိုင် နှင့် ဂျာနယ်အရောင်းဆိုင် ဖွင့်ဖြစ် ပါသေးသည်။ ရုံးအလုပ်ပြီး ညနေ ၅ နာရီမှ ည ၁ဝ နာရီလောက်အထိ ဖွင့်ဖြစ်ပါသည်။ ညနေဆိုလျှင် စာပေ မိတ်ဆွေများနှင့် ဆိုင်မှာ စည်ကား နေတတ်ပါသည်။ ရန်ကုန်က လာ သော စာရေးဆရာ၊ အယ်ဒီတာ များလည်း ကျွန်တော့်ဆိုင်ကို ဝင် တတ်ပါသေးသည်။

မနက်နဲ့နေ့၊ နေ့နဲ့ည ညနဲ့ မနက်ရှိသမျှ အချိန်များကို ဘဝ အတွက် ပေးနေရပါသည်။ တစ်ခါ တစ်ခါ မှန်ကြည့်ဖြစ်လျှင် မှန်ထဲက ကျွန်တော်သည် ကျွန်တော်မှ ဟုတ် ရဲ့လား။ အခြားတစ်ယောက် ဖြစ်နေ သလား။ ဖြစ်ချင်သော ကျွန်တော်နှင့် ဖြစ်နေသောကျွန်တော်မတူ ကွဲပြား နေသည်ဟု ခံစားနေမိတတ်ပါသည်။

မှန်ထဲက သူစိမ်း
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်လိုက်တဲ့အခါ
ကျွန်တော်နဲ့ကျွန်တော် ဝေးကွာနေမှန်း သတိထားမိ
ဖြစ်စဉ်ကြီးတစ်ခုလုံးက ဒီလိုပဲလား
ရိုးရိုးသားသား
ကာကွယ်လိုက်တာကလည်း ပင်နတီအပေးခံရ
ကိုယ်သွင်းလိုက်တဲ့ ဂိုးကျတော့လည်း လူကျွန်ဘောတဲ့
အပေးအယူ
အချိတ်အဆက်တွေကလည်း လွဲလိုက်သလားမမေးနဲ့
အေးလေ …..
ကိုယ့်ကိုယ်ကိုယ် ပြန်မသွင်းမိရင် ဝမ်းသာရတော့မယ်
မှန်ထဲက မိတ်ဆွေရေ
ကျွန်တော်ဟာ ခင်ဗျားမဟုတ်ပေမယ့်
ကျွန်တော့်ကြောင့် ခင်ဗျားဖြစ်နေပေမယ့်
ခင်ဗျားနဲ့ကျွန်တော့်ရဲ့ အိပ်မက်တွေ ထပ်တူကျမယ့်နေ့
 တစ်နေ့နေ့မှာတော့
ခင်ဗျားဟာ ကျွန်တော့်အတွက် သူစိမ်းမဟုတ်တော့ပါဘူး ယုံပါ။

မောင်ကြည်သာ (တောင်တွင်း)

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071