ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဇွန် ၁ ရက်တွင်ကျင်းပသည့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများတိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ် သည်။
မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်မြင့်မားစေရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားသည်။
ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေ အနေများကိုတင်ပြရန်၊ လိုအပ်ချက်များရှိပါက ချက်ခြင်းဖြေရှင်းပေးမည်ဟုလည်း တိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အ လိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်နေမှုနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ကြားနေမှု၊ စာသင် ကျောင်းများအလိုက် ကျောင်းအပ်နှံမှုတိုးတက်မြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ပဲခူးတိုင်းအတွင်း ကျောင်းအပ်နှံရမည့်လျာထားကျောင်းသားဦးရေ၊ ကျောင်းအပ်နှံမှုရာခိုင်နှုန်းနှင့် ကျောင်းတက်ရောက်မှုရာခိုင်းနှုန်းတို့ကို ရှင်းလင်းတင် ပြခဲ့ကြသည်။