Tuesday, June 2, 2026

ရန်ကုန်တိုင်းအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့်...

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုထားသော်လည်း သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေဧရိယာများကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း မြေလွတ်၊ မြေလပ်နှင့်...

ဟန်တာဗိုင်းရပ်စ် နှင့် အီဘိုလာရောဂါ တို့...

ဟန်တာဗိုင်းရပ်စ် နှင့် အီဘိုလာရောဂါ တို့ နိုင်ငံအတွင်း သို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး နိုင်ငံတကာတွင် ရောဂါကူးစက်မှုများကို စည်ဆက်မပြတ်စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့် အညီ...

ကုန်စည်ပြပွဲ Organizer မှတ်ပုံတင်ကြေး ကျပ်...

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ (Organizer) များအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ အခကြေးငွေ သတ်မှတ်ချက်များကို အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ Organizer အဖြစ် မှတ်ပုံတင်ရာတွင်...

Anhui ပြည်နယ် — သဘာဝအလှ၊...

တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ Anhui ပြည်နယ်သို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အတွင်း သဘာဝအလှတရားများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ ခေတ်မီစက်မှုလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အောင်မြင်မှုများကို တစ်ပြိုင်နက်တည်း တွေ့မြင်ခွင့်ရခဲ့သည်။ Anhui...
HomeMoviesမြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုး တက်စေရေးအလေးထားဆောင်ရွက်ရန်...

မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုး တက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန် ကြီးချုပ်မှာကြား

ပဲခူးတိုင်းအတွင်းရှိ မြို့နယ်များအလိုက် ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဇွန် ၁ ရက်တွင်ကျင်းပသည့် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံမှုရာခိုင်နှုန်းများတိုးတက်မြင့်မားစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ် သည်။

မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုရာခိုင်းနှုန်းတိုးတက်မြင့်မားစေရေးအတွက် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ရပ်မိ/ရပ်ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပေါင်းစပ်ဆောင်ရွက်ရန် မှာကြားသည်။

ကျောင်းအပ်နှံမှုနှင့် ကျောင်းတက်ရောက်နေမှု အခြေ အနေများကိုတင်ပြရန်၊ လိုအပ်ချက်များရှိပါက ချက်ခြင်းဖြေရှင်းပေးမည်ဟုလည်း တိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်။
 
ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အ လိုက် ကျောင်းအပ်နှံမှု၊ ကျောင်းတက်ရောက်နေမှုနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ကြားနေမှု၊ စာသင် ကျောင်းများအလိုက် ကျောင်းအပ်နှံမှုတိုးတက်မြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ ပဲခူးတိုင်းအတွင်း ကျောင်းအပ်နှံရမည့်လျာထားကျောင်းသားဦးရေ၊ ကျောင်းအပ်နှံမှုရာခိုင်နှုန်းနှင့် ကျောင်းတက်ရောက်မှုရာခိုင်းနှုန်းတို့ကို ရှင်းလင်းတင် ပြခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧက ၆၉၆ ကျော်ကို နိုင်ငံတော်မှ ပြန်လည်သိမ်းဆည်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုအဖွဲ့မှ ခွင့်ပြုထားသော်လည်း သတ်မှတ်ကာလအတွင်း ဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေဧရိယာများကို ပြန်လည်သိမ်းဆည်းလိုက်ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၆) အရ သိရသည်။ အဆိုပါအမိန့်အရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ခွင့်ပြုဧရိယာအား သတ်မှတ်ကာလ (၄) နှစ်အတွင်း လုံးဝဖော်ထုတ်လုပ်ကိုင်မှုမရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းဧရိယာ ၄၇၁.၆၆ ဧကနှင့် တစ်စိတ်တစ်ပိုင်းသာ ဖော်ထုတ်စိုက်ပျိုးထားသည့် ဧရိယာ ၂၂၄.၆၇ ဧကတို့ကို ၂၀၂၆ ခုနှစ် မတ်လ...

ဟန်တာဗိုင်းရပ်စ် နှင့် အီဘိုလာရောဂါ တို့ နိုင်ငံအတွင်း သို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး စဉ်ဆက်မပြတ်စောင့်ကြည့်နေ

ဟန်တာဗိုင်းရပ်စ် နှင့် အီဘိုလာရောဂါ တို့ နိုင်ငံအတွင်း သို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး နိုင်ငံတကာတွင် ရောဂါကူးစက်မှုများကို စည်ဆက်မပြတ်စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့် အညီ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကပြောသည်။ နိုင်ငံတကာတွင် လတ်တလောကာလအတွင်း ကူးစက်ဖြစ်ပွားနေသည့် ရောဂါများ အခြေအနေနှင့် ပတ်သက်သည့် ညိနှိုင်းအစည်းအဝေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ကူးစက်ရောဂါစောင့်ကြပ် ကြည့်ရူခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း၊ ဆေးကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဖွဲ့စည်းဆောင်ရွက်နေကြောင်းလည်း သိရသည်။ ဓတ်ခွဲခန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နေမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

ကုန်စည်ပြပွဲ Organizer မှတ်ပုံတင်ကြေး ကျပ် ၃ သိန်း သတ်မှတ်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကုန်စည်ပြပွဲစီစဉ်ကျင်းပသူ (Organizer) များအတွက် မှတ်ပုံတင်ခြင်းဆိုင်ရာ အခကြေးငွေ သတ်မှတ်ချက်များကို အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက်အရ Organizer အဖြစ် မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး ကျပ် ၃၀၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ပြီး မှတ်ပုံတင်သက်တမ်းတိုးရာတွင်လည်း သက်တမ်းတိုးကြေး ကျပ် ၃၀၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယင်းသတ်မှတ်ချက်များကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(စ) နှင့် ပုဒ်မ ၁၃ ပုဒ်မခွဲ(ခ) တို့အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေအရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071