Tuesday, June 2, 2026

AYA Tri Nation Cup...

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည့် AYA Tri Nation Cup 2026 ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့်ပရိသတ်များ ပွဲအပြီး ညဘက်အိမ်အပြန်ခရီးတွင်...

မော်လိုက်မြို့နယ်၌ အခြေခံပညာကျောင်း (၁၄) ကျောင်းဖွင့်လှစ်...

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်း (၁၄) ကျောင်းကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အခြေခံပညာမူလတန်း၊...

မနက်ဖြန် ဇွန် ၃ ရက်တွင်...

မနက်ဖြန် ဇွန် ၃ ရက်သည် ထိုင်းဘုရင်မင်းမြတ်၏ မိဖုရားခေါင်ကြီးမွေးနေ့ဖြစ်၍ ထိုင်းနိုင်ငံ၏ အများပြည်သူရုံးပိတ်ရက်ဖြစ်ရာ ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင်ဖွင့်လှစ်ထားသော CI စခန်းများအားလုံးကို (၁) ရက်ပိတ်မည်ဟု...

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့...

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ (ဇွန် ၂ရက်) ၌ ကျင်းပနေပြီ ဖြစ်သည်။ လက်ရှိကျင်းပနေသည့် ပြည်သူလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ (၃၅၁)...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မွမ်ဘိုင်းမြို့သို့ဆက်လက်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မွမ်ဘိုင်းမြို့သို့ဆက်လက်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေရာ ယနေ့ ဇွန် ၂ ရက် နံနက်ပိုင်းတွင် နယူးဒေလီမြို့၊ Palam လေတပ် စခန်းမှတစ်ဆင့် အထူးလေယာဥ်ဖြင့် မွမ်ဘိုင်းမြို့သို့ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

နယူးဒေလီမြို့၊ Palam လေတပ်စခန်းတွင် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AYA Tri Nation Cup 2026 ပြိုင်ပွဲအပြီး ပွဲကြည့်ပရိသတ်များ ညအိမ်အပြန်အဆင်ပြေစေရန် YBS ယာဉ် (၂၅) စီး ပြေးဆွဲပေးမည်

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်မည့် AYA Tri Nation Cup 2026 ပြိုင်ပွဲသို့ လာရောက်ကြည့်ရှုအားပေးကြမည့် ပွဲကြည့်ပရိသတ်များ ပွဲအပြီး ညဘက်အိမ်အပြန်ခရီးတွင် သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် အထူးအစီအစဉ်အဖြစ် YBS မော်တော်ယာဉ် (၂၅) စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဘောလုံးပွဲအပြီး ည (၇) နာရီခွဲအချိန်တွင် မော်တော်ယာဉ်များ စတင်ထွက်ခွာပေးမည်ဖြစ်ကာ မိမိတို့စီးနင်းလိုသည့် လမ်းကြောင်းအလိုက် သတ်မှတ်ထားသော ဂိတ်ပေါက်များအနီးတွင် အလွယ်တကူ စီးနင်းနိုင်ရန် စီစဉ်ထားရှိကြောင်း အသိပေးထားသည်။ ပြေးဆွဲပေးရာတွင် လမ်းကြောင်းအုပ်စု (၅) စုခွဲ၍ ယာဉ်လိုင်းတစ်စုလျှင်...

မော်လိုက်မြို့နယ်၌ အခြေခံပညာကျောင်း (၁၄) ကျောင်းဖွင့်လှစ် ကျောင်းသား/သူ (၂၀၂၄) ဦး တက်ရောက် 

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပ ညာသင်နှစ်တွင် အခြေခံပညာစာသင်ကျောင်း (၁၄) ကျောင်းကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ အခြေခံပညာမူလတန်း၊ မူလတန်း (ခွဲ)၊ အလယ်တန်းနှင့် အထက်တန်းကျောင်း (၁၃) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁) ကျောင်း (စုစုပေါင်း ၁၄ ကျောင်း) ကို ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/သူပေါင်း (၂,၀၂၄) ဦး တက်ရောက်၍ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မနက်ဖြန် ဇွန် ၃ ရက်တွင် ထိုင်းနိုင်ငံတစ်ဝန်းလုံးရှိ CI စခန်းများအားလုံး (၁)ရက်ပိတ်မည်

မနက်ဖြန် ဇွန် ၃ ရက်သည် ထိုင်းဘုရင်မင်းမြတ်၏ မိဖုရားခေါင်ကြီးမွေးနေ့ဖြစ်၍ ထိုင်းနိုင်ငံ၏ အများပြည်သူရုံးပိတ်ရက်ဖြစ်ရာ ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင်ဖွင့်လှစ်ထားသော CI စခန်းများအားလုံးကို (၁) ရက်ပိတ်မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက အသိပေးခဲ့သည်။ ထို့ကြောင့် ယင်း ရုံးပိတ်ရက်အတွင်း CI စခန်းများ၏ ဝန်ဆောင်မှုအားလုံးကိုယာယီရပ်နားထားမည်ဖြစ်ကာ ဇွန် ၄ ရက်မှစတင်၍ လုပ်ငန်းများကိုပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071