Wednesday, September 16, 2026

ငဝန်မြစ်ရေတို-က်စားမှုကြောင့် ယိုင်လဲခဲ့သည့် Steel Sheet...

ငဝန်မြစ်ရေတို-က်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ်မြို့၊ ကျေးရွာများသို့ ရေကျော်စီးဝင်မှုမှ ကာကွယ်နိုင်ရေး Steel...

ဒုတိယအကြိမ် Myanmar Auto &...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ဒုတိယအကြိမ် မြန်မာ့မော်တော်ယာဉ်နှင့် အပိုပစ္စည်းပြပွဲ Myanmar Auto & Parts Expo 2026 ကို စက်တင်ဘာ...

ချင်းဖိုက်တာ ဂျော့ရှူးဝါးဗန်နှင့် ဘရာဇီးချန်ပီယံဟောင်း ပန်တိုဂျာတို့...

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre...

မွန်ပြည်နယ်တွင် မြန်မာ့စတုတ္ထမြောက်အကြီးဆုံး ဖြစ်လာမည့် “ရာမည...

ရေး၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅...
HomeNewsLocal Newsမြန်မာ U-17 အသင်း...

မြန်မာ U-17 အသင်း နီဂါတာလူငယ်ပြိုင်ပွဲတွင် ကမ္ဘာ့ဖလားဝင် ဂျပန်၊ နယူးဇီလန်အသင်းတို့နှင့် ယှဉ်ပြိုင်မည်

ဂျပန်၊ စက်တင်ဘာ ၁၆

ဂျပန်ဘောလုံးအဖွဲ့ချုပ် (JFA) ၏ ဖိတ်ကြားချက်ဖြင့် ဂျပန်နိုင်ငံ နီဂါတာ၌ ကျင်းပမည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲသို့ မြန်မာ U-17 အမျိုးသားလက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျပန်နှင့် နယူးဇီလန် U-17 အသင်းတို့နှင့်ပါ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး မြန်မာ U-17၊ အိမ်ရှင် ဂျပန် U-17၊ နယူးဇီလန် U-17 နှင့် နီဂါတာဒေသရွေးချယ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

မြန်မာ U-17 အသင်းသည် စက်တင်ဘာ ၁၇ ရက်တွင် ဂျပန် U-17 အသင်း၊ စက်တင်ဘာ ၁၉ ရက်တွင် နယူးဇီလန် U-17 အသင်းနှင့် စက်တင်ဘာ ၂၁ ရက်တွင် နီဂါတာဒေသရွေးချယ်အသင်းတို့ကို အသီးသီး ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် မြန်မာအသင်းအနေဖြင့် 2026 FIFA U-17 World Cup ပြိုင်ပွဲဝင် ဂျပန်နှင့် နယူးဇီလန် U-17 အသင်းတို့နှင့် ယှဉ်ပြိုင်ခွင့်ရရှိမည်ဖြစ်သဖြင့် နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ ရရှိနိုင်မည့် အခွင့်အရေးတစ်ရပ်လည်း ဖြစ်လာမည်ဖြစ်သည်။

ထို့ပြင် အိမ်ရှင် ဂျပန် U-17 အသင်းအတွက် ပြိုင်ဆိုင်မှု ပိုမိုမြင့်မားစေရန် မြန်မာ U-17 အသင်း၌ U-19 ကစားသမား ငါးဦးအထိ ပေါင်းစပ်အသုံးပြုခွင့် ပြုထားကြောင်း သိရသည်။

မြန်မာ U-17 အသင်းကို ဂျပန်လူမျိုးနည်းပြ Ryuji Sueoka က နည်းပြချုပ်အဖြစ် ကိုင်တွယ်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးရန်ပိုင်က အသင်းအုပ်ချုပ်သူအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငဝန်မြစ်ရေတို-က်စားမှုကြောင့် ယိုင်လဲခဲ့သည့် Steel Sheet Pile များကို လမ်းကြောင်းသစ်ရွေးချယ်၍ ပြန်လည်ကာရံမည်၊ ရေဘေးကာကွယ်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့်လုပ်ငန်းဟုဆို

ငဝန်မြစ်ရေတို-က်စားမှုကြောင့် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ်မြို့၊ ကျေးရွာများသို့ ရေကျော်စီးဝင်မှုမှ ကာကွယ်နိုင်ရေး Steel Sheet Pile များ ရို-က်သွင်းကာရံခြင်းသည် မဖြစ်မနေ ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၆) မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်မျိုးက ပြောသည်။ မေး။ ။ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ငဝန်မြစ်ရေတိုက်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ကာကွယ်ဖို့ Steel Sheet Pile တွေ ရို-က်သွင်းကာရံနေတယ်လို့...

ဒုတိယအကြိမ် Myanmar Auto & Parts Expo 2026 ရန်ကုန်တွင် သုံးရက်ကြာ ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ဒုတိယအကြိမ် မြန်မာ့မော်တော်ယာဉ်နှင့် အပိုပစ္စည်းပြပွဲ Myanmar Auto & Parts Expo 2026 ကို စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) ၌ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ အဆိုပါပြပွဲတွင် မော်တော်ယာဉ်နှင့် အပိုပစ္စည်းကဏ္ဍမှ လုပ်ငန်းရှင်များ၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများနှင့် လုပ်ငန်းမိတ်ဖက်များ ပါဝင်မည်ဖြစ်ပြီး မော်တော်ယာဉ်နှင့် အပိုပစ္စည်းဆိုင်ရာ ထုတ်ကုန်များ၊ နည်းပညာများနှင့်...

ချင်းဖိုက်တာ ဂျော့ရှူးဝါးဗန်နှင့် ဘရာဇီးချန်ပီယံဟောင်း ပန်တိုဂျာတို့ စက်တင်ဘာ ၁၉ ရက် မကျေပွဲထိုးသ-တ်မည်

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့၏ မကျေပွဲ (Rematch) ကို စက်တင်ဘာ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်း (Main Event) အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ကစားသမားနှစ်ဦးစလုံး လော့စ်အိန်ဂျလိစ်သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071