Saturday, August 15, 2026

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန်...

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆို တင်သွင်းမှုကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပသည့် တတိယအကြိမ် က ရင်ပြည်နယ်လွှတ်တော်...

နယ်မြေပိုင်းခြားခြင်းဆိုင်ရာ အောက်မေ့ဖွယ်ရာနေ့ အခမ်းအနား ရန်ကုန်မြို့၌...

ရန်ကုန်၊ ဩဂုတ် ၁၄ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးသည် Partition Horrors Remembrance Day 2026 (နယ်မြေပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်ရာနေ့) အခမ်းအနားကို...

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့်...

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန်...

အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို...

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထား သည်။ McKenna Davidson...
HomeMoviesမြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ်အဖြစ် ...

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ်အဖြစ်  Colin Bell ကို ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်

ရန်ကုန်​၊သြဂုတ်-၁၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ နည်းပြချုပ်သစ်အဖြစ် အင်္ဂလန်နိုင်ငံသား နည်းပြ Colin Bell (ကောလင်းဘဲလ်) ကို ခန့်အပ်လိုက်ပြီး ၃ နှစ် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲကို ယနေ့ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက MFF အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နည်းပြချုပ်သစ် Colin Bell ၏ ဘောလုံးလောကအတွင်း ဖြတ် သန်းခဲ့သည့်အတွေ့အကြုံများနှင့် အောင် မြင်မှုမှတ်တမ်းများကို မိတ်ဆက်ပေးခဲ့ပြီး MFF အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က နည်းပြချုပ်သစ် ခန့် အပ်ရခြင်း၏ ရည်ရွယ်ချက်၊ အသင်းအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လမ်း ကြောင်းများနှင့် မျှော်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဦးထွန်းထွန်းအောင်နှင့် Colin Bell တို့သည် ၃ နှစ် သဘောတူစာချုပ်တွင် တရားဝင် လက်မှတ်ရေးထိုးခဲ့ကြပြီး အမှတ်တရဂျာစီ ပေးအပ်ခြင်းနှင့် ဓာတ်ပုံမှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

“မြန်မာအသင်းဟာ အာရှအဆင့်မှာ ယှဉ်ပြိုင်နိုင်ရုံတင်မကဘဲ အောင်မြင်မှုနဲ့ ဆုဖလားတွေပါ ဆွတ်ခူးနိုင်တဲ့ အလားအလာကောင်းတွေ ရှိတယ်လို့ ယုံကြည်ပါတယ်။ အဓိကပန်းတိုင်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို တက်လှမ်းနိုင်ဖို့ပါ” ဟု Colin Bell က ပြောကြားသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲသို့ မရောက်ဖူးသေးသည့် စိန်ခေါ်မှုသည် မိမိအတွက် အကြီးမားဆုံး တွန်းအားဖြစ်ကြောင်းနှင့် ကစားသမားများ၊ မြန်မာနိုင်ငံနှင့် MFF တို့၏ ရည်မှန်းချက်များ အကောင် အထည်ဖော်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း နည်းပြချုပ်သစ်က ပြောကြားခဲ့သည်။

Colin Bell သည် ၁၉၆၁ ခုနှစ် ဩဂုတ် ၅ ရက်တွင် အင်္ဂလန်နိုင်ငံ Leicester မြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး UEFA Pro Licence ရရှိထားသည့် နည်းပြတစ်ဦးဖြစ်သည်။

၎င်းသည် တောင်ကိုရီးယား အမျိုးသမီးလက်ရွေးစင်အသင်း၊ တရုတ် U-20 အမျိုးသမီးအသင်းနှင့် အိုင်ယာလန် အမျိုးသမီးလက်ရွေးစင်အသင်းတို့အပြင် ဂျာမနီကလပ် 1. FFC Frankfurt အပါအဝင် ကလပ်အသင်းများတွင်လည်း တာဝန်ယူခဲ့ဖူးသည်။

၎င်း၏ အဓိကအောင်မြင်မှုများအဖြစ် ၂၀၁၅ ခုနှစ်တွင် 1. FFC Frankfurt နှင့် UEFA Women’s Champions League ချန်ပီယံဆု ရရှိခဲ့ခြင်း၊ ၂၀၂၂ AFC Women’s Asian Cup တွင် တောင်ကိုရီးယားအသင်း ဒုတိယဆုရရှိအောင် ဦးဆောင်ခဲ့ခြင်းနှင့် ၂၀၂၃ FIFA Women’s World Cup ခြေစစ်ပွဲကို အောင်မြင်စေခဲ့ခြင်း တို့ ပါဝင်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေဖြင့် နည်းပြချုပ်သစ် Colin Bell လက်ထက်တွင် အာရှအဆင့်မှတစ်ဆင့် ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တက်လှမ်းနိုင်ရေးကို ရည်မှန်းချက်ထားကာ ပြင်ဆင်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အ ဆိုတင်သွင်းမှုကို ပြည်နယ်လွှတ်တော်အတည်ပြု

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆို တင်သွင်းမှုကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပသည့် တတိယအကြိမ် က ရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)၌ ပြည်နယ်လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။ " ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူလုံခြုံရေးပိုမိုကောင်းမွန်စေရန် ပြည်နယ်အတွင်းရှိ မြို့များအလိုက် အဓိကလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့်နေ ရာများနှင့် အရေးပါသောနေရာများတွင် CCTV ကင်မရာများတပ်ဆင်အ သုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ဦးဆောင်စီမံဆောင်ရွက်ပေးရန်"အဆိုကို ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ် စားလှယ်ဦးညီညီလှိုင်ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း အဆိုကို လွှတ်တော်ကိုယ်စား...

နယ်မြေပိုင်းခြားခြင်းဆိုင်ရာ အောက်မေ့ဖွယ်ရာနေ့ အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၄ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးသည် Partition Horrors Remembrance Day 2026 (နယ်မြေပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်ရာနေ့) အခမ်းအနားကို ယနေ့ (ဩဂုတ် ၁၄ ရက်) ညနေပိုင်းက India Center ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသည် ၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ နယ်မြေပိုင်းခြားစဉ်ကာလအတွင်း အိုးအိမ်စွန့်ခွာခဲ့ရသူများ၊ ဆင်းရဲဒုက္ခ ခံစားခဲ့ကြရသည့် သန်းပေါင်းများစွာသော ပြည်သူများကို အောက်မေ့ဂုဏ်ပြုရန်နှင့် အသက်ရှင်ကျန်ရစ်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ ဇွဲသတ္တိတို့ကို အသိအမှတ်ပြုရန်အတွက် ၂၀၂၁ ခုနှစ်မှစ၍...

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ အမေရိကန်ကြံစည်နေ

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။ "ကျနော်တို့ဟာ စစ်ရေးလှုပ်ရှားမှုဖြစ်တဲ့ Epic Fury အဆင့်ကနေ စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတဲ့အဆင့်ကို ကူးပြောင်းခဲ့တာပါ။ အခုဆိုရင် သမ္မတရဲ့ အမိန့်အတိုင်း ဒီထက်မကတဲ့ အဆင့်အထိ တိုးမြှင့်လိုက်ပါပြီ။ လာမယ့်သီးတင်းပတ်မှာ သတင်းထုတ်ပြန်ချက်တွေ ဆက်ထွက်လာမှာမို့ စောင့်ကြည့်ကြပါ။ စီးပွားရေးအရ ပိတ်ဆို့သီးခြားခွဲထုတ်မှု သမိုင်းမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071