မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ၂၀၂၆ ခုနှစ်အတွင်း ပထမဆုံးသော နိုင်ငံတကာခြေစမ်းပွဲဖြစ်သည့် “AYA Bank Tri-Nations Cup” အမျိုးသမီးဖိတ်ခေါ်ဖလားပြိုင်ပွဲကို လာမည့် ဇွန်လအတွင်း ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံအဖွဲ့ချုပ်က ယနေ့တွင် တရားဝင်အသိ ပေးထုတ်ပြန်လာသည်။
ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်းနှင့်အတူ အာဆီယံအင် အားကြီး ထိုင်းအသင်းနှင့် အာရှအဆင့်အတန်းမြင့်မားသည့် ဥဇဘတ်ကစ္စတန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သ ည်။
ပြိုင်ဘက်အသင်းများအနေဖြင့် ကမ္ဘာ့အဆင့်သတ်မှတ်ချ က်အရ ထိုင်းအသင်း အဆင့် (၅၀)၊ ဥဇဘတ်ကစ္စတန်အသ င်း အဆင့် (၅၃)နှင့် မြန်မာအသင်း အဆင့် (၅၅)တို့ဖြစ်ကြပြီး အဆင့်သတ်မှတ်ချက် အလွန်နီးစပ်သည့်အတွက် ပွဲကောင်းများ ဖြစ်လာနိုင်ကြောင်း အဖွဲ့ချုပ်က ခန့်မှန်းထား သည်။
ပွဲစဉ်များအနေဖြင့် အဖွင့်ပွဲစဉ်တွင် ဇွန် (၃)ရက်၌ မြန်မာနှင့် ဥဇဘတ်ကစ္စတန် တွေ့ဆုံကြမည်ဖြစ်ပြီး ဇွန်(၆)ရက်၌ ထိုင်း နှင့် ဥဇဘတ်ကစ္စတန်၊ ဇွန် (၉)ရက်၌ မြန်မာနှင့် ထိုင်းအသ င်းတို့ အသီးသီးတွေ့ဆုံကြမည်ဖြစ်သည်။
ပြိုင်ပွဲသည် မြန်မာအမျိုးသမီးအသင်း၏ နည်းပြချုပ်အ သစ်အတွက် ပွဲဦးထွက်စမ်းသပ်မှုဖြစ်သလို အသင်းနှင့်ပြန် လည်ပူးပေါင်းလာသည့် အားထားရသော ကစားသမား မေထက်လူကိုလည်း မြင်တွေ့ရဖြစ်ကြောင်း အသိပေးထားသ ည်။
ကွင်းအတွင်း လာရောက်အားပေးမည့် ပရိသတ်များအတွ က် ကြိုတင်လက်မှတ်များကို မကြာမီ ရောင်းချပေးသွားမည်ဖြစ်ပြီး၊ ရုပ်သံမှ ကြည့်ရှုမည့်သူများအ တွက် အခမဲ့ရုပ်သံလိုင်းနှင့် YouTube Channel များအား အချိန်မီ ထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။
