ယခုနှစ် မြန်မာအမျိုးသမီးလိဂ်ရာသီအတွက် ဧရာဝတီအမျိုးသမီးအသင်းက မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးမေထက်လူကို ခေါ်ယူအားဖြည့်လိုက်ပြီဖြစ်ကြောင်း အသင်းက တရားဝင်သတင်းထုတ်ပြန်လိုက်သည်။
တိုက်စစ်မှူး မေထက်လူအတွက်မူ ယခုအပြောင်းအရွှေ့သည် သူမအနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းတွင် ရွေးချယ်ခံရပြီးနောက်ပိုင်း မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ၌ ပထမဦးဆုံးအကြိမ်အဖြစ် ဧရာဝတီအသင်းနှင့်အတူ ပါဝင်ယှဉ်ပြိုင်ကစားရမည့် စိန်ခေါ်မှုသစ်တစ်ခုလည်း ဖြစ်လာခဲ့သည်။
မြန်မာအမျိုးသမီးလိဂ် (MWL) ပြိုင်ပွဲပတွင်း မေထက်လူ ပါဝင်လာခြင်းသည် ရာသီတွင်း အလှုပ်ခတ်ဆုံးနှင့် စိတ်ဝင် စားစရာအကောင်းဆုံး ကစားသမားအပြောင်းအရွှေ့သတင်းတစ်ခု ဖြစ်လာသည်။
ထို့အပြင် ဧရာဝတီအမျိုးသမီးအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် ပြည်တွင်းလိဂ်အပြင် AFC Women’s Champions League ခြေစစ်ပွဲကိုပါ ဝင်ရောက်ယှဉ်ပြိုင်ရမည့် အသင်းတစ်သင်းလည်း ဖြစ်သည်။
ဧရာဝတီအမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲများတွင်ရလဒ်ကောင်းများ ရရှိနိုင်ရန်အတွက် အသင်း၏ ကစားသမားအင်အားဖြည့်တင်းမှုများကို ရာသီမစတင်မီကတည်းက တောက်လျှောက် ပြုလုပ်နေခြင်းဖြစ်သည်။
