Monday, June 15, 2026

“MAEX မှ ကျောင်းသား၊ ကျောင်းသူ...

မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) မှ ပဉ္စမအကြိမ်မြောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာရေးထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဇွန်...

မြန်မာ့ထိပ်တန်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ရတနာပုံအမျိုးသမီးအသင်းက...

ယခုနှစ် ​မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်းသစ်တစ်ခုဖြစ်သည့် ရတနာပုံအ မျိုးသမီးအက်ဖ်စီအသင်းသည် သတင်းများထွက်ပေါ်နေသည့်အတိုင်း မြန်မာ့လက်ရွေးစင် ထိပ်တန်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ ​ယခုနှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား...

ပုသိမ်မြို့တွင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်စင်တာဖွင့်ရန်အစီအစဥ်ရေးဆွဲထားဟုဆို ယနေ့(ဇွန်လ ၁၄ရက်}တွင် ပုသိမ်မြို့မြို့တော်ခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။            အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ(၁)၊...

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ...

လေယာဉ်လက်မှတ်ခ သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချပါက ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဉီးစီးဌာနမှ အသိပေးထားသည်။ လေယာဉ်လိုင်းများ၏ လေယာဉ်လက်မှတ်ခနှုန်းထားများကို သတ်မှတ်ဈေးနှုန်းထက် ပိုမိုသည့်နှုန်းထားဖြင့် ဝယ်ယူခဲ့ရပါက ခရီးသည်အမည်၊ ဝယ်ယူခဲ့သည့်ရက်စွဲ၊...
HomeNewsLocal Newsမြန်မာသမ္မတ၏တရုတ်နိုင်ငံ ခရီးစဥ်တွင် မြန်မာ့စီးပွားရေး...

မြန်မာသမ္မတ၏တရုတ်နိုင်ငံ ခရီးစဥ်တွင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် နိုင်ငံတည်ငြိမ်ရေးအတွက် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုတို့ လုပ်​ဆောင်မည်

သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး က တရုတ်ခရီးစဉ်နှင့်ပတ်သက်၍ ၄င်း၏ လူမှုကွန်ယက်တွင် ရေးသားထားသည်။

ထိုထုတ်ပြန်ချက်၏ အဓိကဆိုလိုရင်းမှာ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၅) ရက်ကနေ (၁၉) ရက်နေ့အထိ သွားရောက်မည့် မြန်မာနိုင်ငံတော်သမ္မတ၏တရုတ်နိုင်ငံ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် “မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် နိုင်ငံတည်ငြိမ်ရေးအတွက် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု” ဖြစ်ကြောင်း ရည်ညွှန်းထားသည်။

ထုတ်ပြန်ချက်ပါ အချက်အလက်များအရ အဓိက ဆိုလိုရင်း (၅) ချက်ကိုတွေ့ရှိရသည်။

ထိပ်သီးခေါင်းဆောင်များအကြား မဟာဗျူဟာမြောက် တွေ့ဆုံမှု

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၊ ဝန်ကြီးချုပ်အပါအဝင် အဆင့်မြင့်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်တင်ဖို့ ရည်ရွယ်ထား​ကြောင်း

စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကို အဓိက ဦးစားပေးခြင်း

နိုင်ငံ့စီးပွားရေး တိုးတက်မှသာ ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားလာမှာဖြစ်သည့်အတွက် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာရေးကို အဓိကထား ဆွေးနွေးမှာ ဖြစ်​ကြောင်း

နည်းပညာနှင့် ကုန်သွယ်မှု ကဏ္ဍသစ်များ ဖော်ဆောင်ခြင်း

ရင်းနှီးမြှုပ်နှံမှုတင်မကဘဲ မြန်မာနိုင်ငံအတွက် လိုအပ်သည့် နည်းပညာအကူအညီများ ရရှိရေးနှင့်ကုန်သွယ်မှုကဏ္ဍ မြှင့်တင်ရေးကိုလည်း အလေးထား ဆွေးနွေးသွားမှာ ဖြစ်​ကြောင်း

လက်ရှိ ရင်းနှီးမြှုပ်နှံမှု အခြေအနေကို အားဖြည့်ခြင်း

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ထိပ်တန်းရင်းနှီးမြှုပ်နှံသူ (၁၀) နိုင်ငံစာရင်းတွင် ပါဝင်နေပြီး (၂၀၂၅-၂၀၂၆) ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၂၀၁.၁၂၉) မီလီယံအထိ ရှိနေခြင်းကြောင့် ဤအခြေအနေကို ဆက်လက်တိုးမြှင့်ဖို့ ရည်ရွယ်ထား​ကြောင်း

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အခြေခံခြင်း

နိုင်ငံဖွံ့ဖြိုးဖို့အတွက် တည်ငြိမ်အေးချမ်းမှုက အခြေခံလိုအပ်ချက်ဖြစ်၍ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စများကိုပါ အလေးအနက်ထား ထည့်သွင်းဆွေးနွေးသွားမှာ ဖြစ်​ကြောင်း

စသည်တို့ ပါဝင်သည်။

အနှစ်ချုပ်အ​နေဖြင့် ဤခရီးစဉ်သည် “စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု” နှင့် “နိုင်ငံတည်ငြိမ်အေးချမ်းမှု” ဆိုသည့် အပြန်အလှန် ဆက်နွှယ်နေ​သော အချက်ကြီးနှစ်ခုကို တရုတ်နိုင်ငံနှင့် ပူးပေါင်းပြီး အဖြေရှာဖော်ဆောင်မည့် ခရီးစဉ်ဖြစ်ကြောင်း ဆိုလိုထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“MAEX မှ ကျောင်းသား၊ ကျောင်းသူ ၅၈၄ ဦးအား ကျောင်းသုံးပစ္စည်းနှင့် ထောက်ပံ့ကြေးများ ပေးအပ်”

မြန်မာအက်ဂရို အိတ်(စ်)ချိန်း အများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက် (MAEX) မှ ပဉ္စမအကြိမ်မြောက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများနှင့် ပညာရေးထောက်ပံ့ကြေးငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက တညင်းကုန်းလက်ကားဈေးကြီး ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားတွင် တညင်းကုန်းလက်ကားဈေးကြီးမှ ဈေးသူဈေးသားများ၊ ကုန်တင်ကုန်ချဝန်ထမ်းများနှင့် MAEX ကုမ္ပဏီဝန်ထမ်းများ၏ ကျောင်းနေအရွယ် သားသမီးများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသုံးဗလာစာအုပ်များ၊ ရေဘူးများ၊ ထမင်းဘူးများ၊ ကျောပိုးအိတ်များနှင့် ကျောင်းဝတ်စုံဖိုး ထောက်ပံ့ပေးအပ်ခဲ့သည်။ " ၂၀၂၆ - ၂၀၂၇...

မြန်မာ့ထိပ်တန်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ရတနာပုံအမျိုးသမီးအသင်းက အသင်းခေါင်းဆောင်အဖြစ် ခေါ်ယူ

ယခုနှစ် ​မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်းသစ်တစ်ခုဖြစ်သည့် ရတနာပုံအ မျိုးသမီးအက်ဖ်စီအသင်းသည် သတင်းများထွက်ပေါ်နေသည့်အတိုင်း မြန်မာ့လက်ရွေးစင် ထိပ်တန်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။ ​ယခုနှစ် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား သွန်ခွန်စိုက်ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်နေသည့် ရတနာပုံအသင်းအနေဖြင့် လက် ရွေးစင်တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ကာ ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဝင်းသိင်္ဂီထွန်းသည် ရတနာပုံအသင်းတွင် ကျောနံပါတ် (၇)ကို ဝတ်ဆင်ကစားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ​ဝင်းသိင်္ဂီထွန်းသည် မြန်မာ့အမျိုးသမီးဘောလုံးလောကတွင် အအောင်မြင်ဆုံးနှင့် ဂိုးသွင်းအများဆုံးသွင်းယူသည့် ထိပ် တန်းတိုက်စစ်မှူးတစ်ဦးလည်းဖြစ်သည်။ ​သူမသည် ပြည်တွင်းအမျိုးသမီးလိဂ် အင်အားကြီးကလပ်တစ်ခုဖြစ်သည့် မြဝတီအမျိုးသမီးအသင်းနှင့်အတူ ပြည် တွင်းလိဂ်ချန်ပီယံဆုများနှင့် ဂိုးသွင်းဘုရင်ဆုများကို...

ပုသိမ်မြို့တွင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်စင်တာဖွင့်ရန်အစီအစဥ်ရေးဆွဲထားဟုဆို ယနေ့(ဇွန်လ ၁၄ရက်}တွင် ပုသိမ်မြို့မြို့တော်ခန်းမ၌ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။            အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒု-ဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့်ဧရာဝတီတိုင်းလူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်က လူငယ်ကဏ္ဍနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကဏ္ဍပေါင်းစုံလူငယ်များမှ သိလိုသည်များ မေးမြန်ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။            ပုသိမ်မြို့တွင် လူငယ်စင်တာဖွင့်ရန်အစီအစဥ်ရေးဆွဲထားကြောင်းနှင့် လူငယ်လုပ်ငန်းရှင်များနှင့်ပက်သက်၍လည်း မဟာဗျူဟာထဲတွင် ပါဝင်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။          ထို့ပြင် လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို အာဆီယံ skill...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071