Saturday, April 18, 2026

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်...

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ...

သီရိလင်္ကာစွမ်းအင်ဝန်ကြီး ရာထူးမှ နုတ်ထွက်

အဂတိလိုက်စားမှုနှင့် အရည်အသွေးမမီသော ကျောက်မီးသွေးဝယ်ယူမှုဆိုင်ရာ ပြင်းထန်သောစွပ်စွဲချက်များကြောင့် သီရိလင်္ကာစွမ်းအင်ဝန်ကြီး ကူမာရာ ဂျာယာကိုဒီသည် သောကြာနေ့တွင် ၎င်း၏ ရာထူးမှ နုတ်ထွက်ခဲ့သည်။ သီရိလင်္ကာသို့ ကျောက်မီးသွေးတင်သွင်းမှုများတွင် မူမမှန်သောလုပ်ရပ်များအပေါ်...

ကြို့ပင်ကောက်မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စု (၇၀၀)ခန့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးများထောက်ပံ့ပေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီ ၁၇ ရက်ည နေပိုင်းက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့်...

အမေရိကန်၏ ‘ပင်လယ်ဓားပြလုပ်ရပ်’ ကြောင့် ဟော်မုဇ်ရေလက်ကြားကို...

အီရန်ဆိပ်ကမ်းများကို အမေရိကန်က ဆက်လက်ပိတ်ဆို့ထားမှုကြောင့် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှုသည် ယခုအခါ "ယခင် (ပိတ်ဆို့ထားသည့်) အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ" ဖြစ်ကြောင်း အစ္စလာမ္မစ် တော်လှန်ရေး...
HomeMoviesမြန်မာယူ-၁၇ အမျိုးသမီးအသင်း ၂၀၂၆...

မြန်မာယူ-၁၇ အမျိုးသမီးအသင်း ၂၀၂၆ ခုနှစ် အာရှယူ-၁၇ အမျိုးသမီးပြိုင်ပွဲဝင်ရန် တရုတ်နိုင်ငံထွက်ခွာ ခြေစမ်းပွဲများယှဥ်ပြိုင်ကစားမည်

တရုတ်နိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၆ ခုနှစ် အာရှယူ-၁၇ အမျိုးသမီးပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် ယနေ့ ဧပြီ ၁၈ ရက်က တရုတ်နိုင်ငံသို့ထွက်ခွာသွားခဲ့သည်။

တရုတ်နိုင်ငံ၏ ရာသီဥတုနှင့် ကွင်းအနေအထားအသား ကျစေရန် ပြိုင်ပွဲမစတင်မီ (၁၀)ရက်ကျော်ကြိုတင်သွား ရောက်လေ့ကျင့်နိုင်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏အစီအစဥ်ဖြင့် ကြိုတင်ထွက်ခွာခဲ့ခြင်းဖြစ်ကာ ဂျပန်လူမျိုးနည်းပြချုပ် Ms. Kumiko Tashiro ဦးဆောင်၍ မြန်မာယူ-၁၇ အမျိုးသမီးကစားသမား (၂၃) ဦးလိုက်ပါသွားခဲ့သည်။

ထို့ပြင် မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် တရုတ်ဒေသခံ အမျိုးသမီးယူ-၁၇ အသင်း၊ ဖိလစ်ပိုင်ယူ-၁၇ အမျိုးသမီးအသင်းတို့နှင့် ခြေစမ်းပွဲများကစားရန်စီစဉ်ထားကာ ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့်နေစဉ်ကလည်း အိန္ဒိယယူ-၁၇ အသင်းနှင့် နိုင်ငံတကာ ခြေစမ်း ပွဲနှစ်ပွဲအပါအဝင် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်းများနှင့် အပတ်စဉ်ခြေစမ်းပွဲများယှဥ်ပြိုင်ကစားခဲ့သည်။

မြန်မာယူ-၁၇ အမျိုးသမီးအသင်းသည် အာရှအဆင့်ပြိုင်ပွဲ၌ အုပ်စု(က)တွင် တရုတ်၊ ထိုင်း၊ ဗီယက်နမ်တို့နှင့်တစ်အုပ်စုတည်းကျရောက်နေပြီး မေ ၂ ရက်ည ၆ နာရီတွင် တရုတ်အသင်း၊ မေ ၄ ရက်မွန်းလွဲ ၂ နာရီတွင် ထိုင်းအသင်း၊ မေ ၇ ရက်ည ၆ နာရီတွင် ဗီယက်နမ်အသင်းတို့နှင့် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ပြိုင်ပွဲတွင် အုပ်စုတစ်ခုချင်းစီမှ ထိပ်ဆုံး(၂)သင်းစီအပြင် အကောင်းဆုံးအုပ်စုတတိယရရှိသည့် (၂)သင်း ကွာတားဖိုင်နယ်အဆင့်တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက် ဘုန်းကြီးနှင့် ကိုရင်(၆)ပါးအပါအ ဝင် (၉)ဦးပျံလွန်/သေဆုံး (၁၀)ပါး/ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ယနေ့ ဧပြီ ၁၈ ရက်ညနေ ၄ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ သထုံမြို့နယ်ရှိ ရန်ကုန်- မော်လမြိုင်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၄/၅ တွင် ခရီးသည်တင်ကားနှင့် Hijet ကားတိုက်မိသဖြင့် သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် Hijet ကားပေါ်တွင်လိုက်ပါလာသူ (၁၉) ဦးအနက် ဘုန်းကြီး(၅)ပါး၊ ကိုရင်(၁)ပါး၊ အမျိုးသား (၃)ဦးတို့မှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ ပျံလွန်/သေဆုံးသွားခဲ့ပြီး ဘုန်းကြီး(၇)ပါးနှင့် အမျိုး...

သီရိလင်္ကာစွမ်းအင်ဝန်ကြီး ရာထူးမှ နုတ်ထွက်

အဂတိလိုက်စားမှုနှင့် အရည်အသွေးမမီသော ကျောက်မီးသွေးဝယ်ယူမှုဆိုင်ရာ ပြင်းထန်သောစွပ်စွဲချက်များကြောင့် သီရိလင်္ကာစွမ်းအင်ဝန်ကြီး ကူမာရာ ဂျာယာကိုဒီသည် သောကြာနေ့တွင် ၎င်း၏ ရာထူးမှ နုတ်ထွက်ခဲ့သည်။ သီရိလင်္ကာသို့ ကျောက်မီးသွေးတင်သွင်းမှုများတွင် မူမမှန်သောလုပ်ရပ်များအပေါ် စုံစမ်းစစ်ဆေးရန် သမ္မတ အန်နူရာ ကူမာရာ ဒစ်ဆာနာယက်က ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီးနောက် ၎င်း ရာထူးမှနုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ သမ္မတ၏ အထူးစုံစမ်းစစ်ဆေးရးကော်မရှင်က ဆောင်ရွက်မည့် ဘက်မလိုက်သော လွတ်လပ်စွာစုံစမ်းစစ်ဆေးမှုကို လွယ်ကူချောမွေ့စေရန် ဝန်ကြီးသည် ဝန်ကြီးဌာန အတွင်းဝန်နှင့်အတူ ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ အစိုးရပိုင် Lanka Coal ကုမ္ပဏီလီမီတက် သို့မဟုတ်...

ကြို့ပင်ကောက်မြို့နယ်မှ လေဘေးသင့်အိမ်ထောင်စု (၇၀၀)ခန့်အတွက် အိမ်ဆောက်ပစ္စည်းဖိုးများထောက်ပံ့ပေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ဧပြီ ၁၇ ရက်ည နေပိုင်းက မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ အမိုးလန်ပြိုလဲပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်မှုကြောင့် နေအိမ်(၅၇)လုံးပြိုလဲပျက်စီးပြီး နေအိမ်(၆၃၉)လုံးအမိုးလန်ကာ ဘုန်းတော်ကြီးကျောင်း(၈)ကျောင်း၊ စာသင်ကျောင်း(၂)ကျောင်း၊ ကျေးလက်ဆေးပေးခန်း(၁)ခန်းတို့ပျက်စီးခဲ့ပြီး အိမ် ထောင်စု(၆၉၆)စုမှ လူဦးရေ(၂,၂၀၅)ဦး လေဘေးသင့်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လေဘေးသင့်နေအိမ်များအတွက် ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းမှ ယနေ့ ဧပြီ ၁၈ ရက်တွင် ဒေသခံများထံသို့ကိုယ်တိုင်သွားရောက်၍ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071