ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ရောက်ရှိနေသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေက ဇူလိုင် ၁၂ ရက်တွင် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးနှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ကိုသီးခြားစီတွေ့ ဆုံခဲ့သည်။
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာလေဟွိုင်ချုံးနှင့် ညနေ ၅ နာရီကျော်ခန့်ကတွေ့ဆုံစဥ် နှစ်နိုင်ငံကြား ကာ လရှည်ကြာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှု၊ နှစ်နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တွင် အပြန်အလှန်ကူညီပံ့ပိုးခဲ့မှုတို့ကိုအခြေခံသော ကောင်းမွန်သည််ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်နှင့် နှစ်နိုင်ငံ အပြန်အလှန်အကျိုးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နေ့လယ် ၃ နာရီ၌ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန် ဘာလာခရစ်ရှ်နန်နှင့်တွေ့ဆုံစဥ်ကလည်း နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာများနှင့် မြန်မာနိုင် ငံ၏ဖြစ်ပေါ်တိုးတက်မှုများကိုဆွေးနွေးခဲ့ကြသည်။
