Sunday, May 17, 2026

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက်...

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့်...

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း...

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး...

မကွေးတိုင်း ဆီထွက်သီးနှံအထူးဇုန် (၂) တွင်...

မကွေးတိုင်းဒေသကြီးရှိ ဆီထွက်သီးနှံအထူးဇုန် (၂) ဧရိယာအတွင်း ၂၀၂၆-၂၀၂၇ စိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ ဧကပေါင်း ၃၅၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ...
HomeNewsLocal Newsမြန်မာနိုင်ငံ၏ မြေအောက်ရေ အခြေအနေပြ...

မြန်မာနိုင်ငံ၏ မြေအောက်ရေ အခြေအနေပြ ဘူမိဗေဒမြေပုံကို ကုမ္ပဏီတစ်ခုက ရေးဆွဲနေ

မြန်မာနိုင်ငံ၏ မြေအောက်ရေ အခြေအနေပြ ဘူမိဗေဒမြေပုံကို ရေးဆွဲနေပြီး မျိုးဆက်သစ်များသို့ ပြန်လည်မျှဝေပေးရန် စီစဉ်နေကြောင်း အဆိုပါမြေပုံကို ပြုစုနေသည့် မြန်မာဘူမိနည်းပညာတိုင်းတာရေးအုပ်စု ကုမ္ပဏီ (MGS Group) တည်ထောင်သူ ဦးအောင်မင်းသိန်းက ပြောသည်။

အဆိုပါ မြေပုံကို ပြုစုရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များက မြို့နယ်၊ ကျေးရွာ အသီးသီးသို့ ဘူမိရူပဗေဒနည်းပညာဖြင့် မြေအောက်ရေသုတေသနပြု ဆောင်ရွက်ပြီးချိန်တိုင်း မှတ်တမ်းပြုစု၍ ဒေသတစ်ခု၏ မြေအောက်ရေစုအိုင်၊ ရေကြော စီးကြောင်းများ၊ အနက်ပေများ၊ ထုထည်များ၊ မြေလွှာစဉ် ကျောက်လွှာစဉ် မှတ်တမ်းများ ပြုစုရေးဆွဲထားပြီး Geophysics အချက်အလက်၊ Geology အချက်အလက်များ ပေါင်းစပ်၍ GIS Mapping များဖြင့် မှတ်တမ်းယူကာ MGS Group မှ ပညာရှင်များက ပြုစုဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိ ကျွန်တော်တို့ ဆောင်ရွက်နေတာက မပြီးသေးပါဘူး။ တချို့တစ်ဝက်မှာပဲ မှတ်တမ်းတွေ ယူနိုင်တာပဲ ရှိသေးတယ်။ ဒီနှစ်အတွင်းကို ၅၅ ရာခိုင်နှုန်းလောက် ပြီး စီးနိုင်ပါတယ်။ စီးပွားရေးအရ ဆောင်ရွက်မယ့်ဟာဆို မပေးဘူး။ မြေအောက်ရေအတွက်ကို တက္ကသိုလ်က ကျောင်းသားတွေ၊ ဆရာ/ဆရာမတွေက ပြီးပြီးသား အပိုင်းကနေ မျှဝေပေးပါဆိုရင်ပေးတယ်။ စီးပွားရေးအရ သုံးစွဲမှာဆို ခွင့်မပြုပါဘူး။ ဒီဟာတွေကို ဘယ်မှာပေးမှာလဲဆို နည်းပညာတက္ကသိုလ်တွေ၊ စိုက်ပျိုးရေးတက္ကသိုလ်တွေ စသည်ဖြင့် ကျွန်တော်တို့ နိုင်ငံက တက္ကသိုလ်တွေကို မျှဝေပေးသွားမှာပါ”ဟု ဦးအောင်မင်းသိန်းက ပြောသည်။

မြေအောက်ရေ ခက်ခဲသော ဒေသများတွင် ယခင်က စက်ရေတွင်းတူးရာတွင် မြေလွှာနှင့် ရေထုထည်ကို မသိသောကြောင့် သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်သည့်အခါ အခက်အခဲများတွေ့ရပြီး အားသာချက်များစွာရှိသည့် စနစ်သစ်ကို အသုံးပြုကာ အများပြည်သူ အကျိုးရှိစေရန်အတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့ သုံးနေတဲ့စနစ်တွေက မြေအောက်မှာရှိတဲ့ ရေရဲ့ ထုထည်ကို သိရတယ်။ စီးကြောင်းလား၊ စုအိုင်လား။ နောက်ပြီး ရေတွင်းတူးမယ့်သူရဲ့ ရေသုံးစွဲလိုမှုပေါ့။ စီးပွားရေးအတွက်လား၊ စိုက်ပျိုးရေး အတွက်လား လုံလောက်မှုရှိမလား။ ဒီအတွက် ကိုယ့်ပတ်ဝန်းကျင်က မြေအောက်ရေကို ဖော်ပြပေးတယ်။ ပြီးရင် ငါးလွှာရှိတယ်ဆို ရေသုံးစွဲမှု အပေါ် မှုတည်ပြီး မလိုအပ်ရင် အောက်ကနှစ်လွှာကို မထုတ်ခိုင်းဘူး။ သုံးလွှာနဲ့ လုံလောက်တယ်ဆို သုံးလွှာအတွက်ပါ အကြံပြုတာပါ။ မြေအောက်ရေက ပြန်ဖြည့်တာရှိလို့ပါ”ဟု ဦးအောင်မင်းသိန်းက ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာနိုင်ငံထွေအုပ်ဝန်ထမ်းဟောင်းများအသင်း (၁၀) ကြိမ်မြောက်သက်ကြီးပူဇော်

မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်း၏ (၁၀) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲနှင့် အသင်းသားများတွေ့ဆုံပွဲကို ယနေ့ မေ ၁၇ ရက်က ရန်ကုန် တိုင်း၊ ဒဂုံမြို့နယ်၊ တိပိဋကနိကာယကျောင်းတိုက် ၌ကျင်းပခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများတက်ရောက်၍ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကို ကန်တော့ပြီး ကန်တော့ပစ္စည်းများပေးအပ်ပြီးနောက် မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများအသင်းသို့ အလှူငွေနှင့် စာအုပ်များကိုပေးအပ်လှူဒါန်းခဲ့သည်။ ကန်တော့ခံဝန်ထမ်းဟောင်းကြီးများကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးဦးတင်လှိုင်(ငြိမ်း)နှင့် ဆရာလယ်တွင်းသားစောချစ် (ဦးတင်လှိုင်) တို့က ဆုပေးမေတ္တာစကားများပြောကြားခဲ့ကြသည်။

ရွှေပြည်သာမြိုနယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု လျှော့ချနိုင်ရေးအတွက် အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ Yangon OK အဖွဲ့နှင့် ပရ ဟိတညီနောင်များစုပေါင်း၍ ရေမြောင်းအတွင်းရှိ အမှိုက်များနှင့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ကြခြင်း ဖြစ်သည်။ သန့်ရှင်းရေးလုပ်ငန်းသို့ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များကလည်း တက်ကြွစွာ...

ကမ္ဘာ့ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအသင်း ခြေစွမ်းပြနေ၊ ဒုတိယနေ့တွင်လည်း ပြိုင်ဘက်များကို (၂) ပွဲပြ တ်ဖြင့် အနိုင်ရကာ နိုင်ပွဲဆက်

မလေးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ISTAF Sepaktakraw World Cup 2026 ကမ္ဘာ့ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင်အသင်းသည် အကောင်းဆုံးပုံစံဖြင့် အစပြုနိုင်ခဲ့ပြီး ယနေ့ ကျင်းပသည့် ဒုတိယနေ့ပွဲစဉ်များတွင်လည်း နိုင်ပွဲများဆက်တိုက်ဖော်ဆောင်နိုင်ခဲ့သည်။ ယနေ့ ကျင်းပပြုလုပ်သည့် အမျိုးသား (၄) ယောက်တွဲ ပွဲစဉ်များတွင် မြန်မာအသင်းသည် အုပ်စုတွင်း ပြိုင်ဘက်များဖြစ်ကြသော ဘရူနိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ကို ရင်ဆိုင်ခဲ့ရသည်။ မြန်မာအသင်းသည် ဘရူနိုင်းနှင့် ဗီယက်နမ် နှစ်သင်းစလုံးကို အမှားအယွင်းမရှိဘဲ (၂) ပွဲပြတ်ရလဒ်များဖြင့် အပြတ် အသတ် အနိုင်ယူကာ အုပ်စုတွင်း အခြေအနေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071