Saturday, August 15, 2026

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့်...

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍...

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း...

နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာတို့ကိုစိုက်ပျိုးကြရန် နိုင်ငံတော်သမ္မတ...

စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ် ဝန်းကျင်ကိုထိန်းသိမ်းပေးရုံသာမက နိုင်ငံ့စီးပွားရေးကို အထောက်အကူဖြစ်စေမည့် ဝါး၊ ရာဘာစသည့် နှစ်ရှည်စက်မှုကုန်ကြမ်းသစ်ပင်မျိုးများကို အ ခြေအနေပေးသည့်၊ ရနိုင်သည့်နေရာများတွင်စိုက်ပျိုးကြရန် နိုင်ငံတော်သ မ္မတ...
HomeNewsLocal Newsမြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက်...

မြန်မာနိုင်ငံရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ယူရို ၁ ဒသမ ၃ သန်း UNFPA ကူညီမည်

မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် နေရပ်စွန့်ခွာရမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် ရည်ရွယ်ပြီး ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) က ယူရို (၁ဒသမ၃) သန်း ကူညီမည်ဖြစ်ကြောင်း ယမန်နေ့ မေလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

“Safe and Whole” (ဘေးကင်းလုံခြုံပြီး ပြည့်စုံအသက်ဝင်စေဖို့) ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းကို ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (EU Humanitarian Aid) က ယူရို ၁ ဒသမ ၃ သန်း (EUR 1.3 million) ပံ့ပိုးကူညီထားခြင်း ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

စီမံကိန်းကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့ရှိ အကျပ်အတည်းဒဏ်ခံ ပြည်သူစုစုပေါင်း ၈၄,၄၇၁ ဦး (ယင်းအနက် ၇၅,၃၈၁ ဦးမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များထံ အကူညီများပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ ဖြစ်ပွားနေသော ပဋိပက္ခများ၊ မလုံခြုံမှုများနှင့် ဝန်ဆောင်မှုလမ်းကြောင်းများ ပြတ်တောက်နေမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဘေးကင်းစိတ်ချရသော မီးဖွားခြင်းဝန်ဆောင်မှုများ ရရှိရန် ရုန်းကန်နေရပြီး၊ ကျား၊ မ အခြေပြု အကြမ်းဖက်မှု (GBV) မှ လွတ်မြောက်လာသူများအနေဖြင့်လည်း လျှို့ဝှက်စိတ်ချရသော ကူညီပံ့ပိုးမှုများ ရယူနိုင်ရန် အတားအဆီးများနှင့် ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ဖန်ချက်တွင် ဖော်ပြထားသည်။

ယခုစီမံကိန်းမှတစ်ဆင့် UNFPA နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် ဘေးကင်းသော ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မိသားစုစီမံကိန်း၊ မရှိမဖြစ်လိုအပ်သော မျိုးပွားကျန်းမာရေးသုံးပစ္စည်းများ ဖြန့်ဝေခြင်း၊ အကြမ်းဖက်ခံရသူများအတွက် ဆေးဝါးကုသမှုပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှု (Psychosocial Support) ပေးခြင်း၊ ဂုဏ်သိက္ခာထိန်းသိမ်းမှုဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ (Dignity Kits) ထောက်ပံ့ခြင်းနှင့် အရေးပေါ်အခြေအနေ ကြုံတွေ့နေရသူများအတွက် ရည်ရွယ်သည့် ငွေကြေးထောက်ပံ့မှု (Cash Assistance) များကို အဆိုပါ အကျပ်အတည်းဖြစ်ပွားရာ ဒေသများရှိ လူမှုအသိုက်အဝန်းများထံ တို-က်ရို-က်အရောက် သွားရောက်ပံ့ပိုးပေးမည် ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ UNFPA ဌာနေကိုယ်စားလှယ် ဂျေမီ နာဒယ် ရွိုက် (Jaime Nadal Roig) က “အကျပ်အတည်းဒ-ဏ် ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ဘေးကင်းပြီး လျှို့ဝှက်ချက်ထိန်းသိမ်းပေးနိုင်တဲ့ ဝန်ဆောင်မှုတွေကို အချိန်မီရရှိခြင်းဟာ အသက်နဲ့သေခြင်းတရားကြားမှာ ကွာခြားသွားနိုင်လောက်အောင် အရေးကြီးပါတယ်။ အခုလို EU ရဲ့ ပံ့ပိုးမှုက ဝန်ဆောင်မှုတွေ အရေးပေါ်လိုအပ်နေတဲ့ လူမှုအသိုက်အဝန်းတွေဆီ ကျန်းမာရေး၊ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာတွေကို ကာကွယ်ပေးနိုင်မယ့် ပေါင်းစပ်ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ လမ်းပွင့်သွားစေပါတယ်” ဟု ပြောကြားထားသည်။

အဆိုပါ စီမံကိန်းလုပ်ငန်းစဉ် အားလုံးကို ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ ကျန်းမာရေးကဏ္ဍမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဆိုးကျိုးမဖြစ်စေရမူ (Do No Harm)၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ထိခိုက်ခံစားရသူကို ဗဟိုပြုသည့် မူဝါဒများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ဆယ်ကျော်သက်မိန်းကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နေရပ်စွန့်ခွာရသူများနှင့် မသန်စွမ်းသူများ၏ ဘေးကင်းလုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းမှုကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

Credit – UNFPA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MCCT အစီအစဉ်အမည်ကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများရှိနေသဖြင့် သတိပြုကြရန် လူမှုဝန်ထမ်းဦးစီးဌာန အသိပေး

နေပြည်တော်၊ သြဂုတ်-၁၅ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ပေးသည့် MCCT အစီအစဉ်၏ နာမည်ကို အလွဲသုံးစားပြု၍ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများ ပေါ်ပေါက်လျက်ရှိသဖြင့် မိဘပြည်သူများအနေဖြင့် အထူးသတိပြုကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် MCCT အစီအစဉ်တွင် အကျုံးဝင်သူများ၏ စာရင်းကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် လူပြင်၌သာ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်း (Online) မှတစ်ဆင့် စာရင်းကောက်ယူခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြောင်း...

ရန်ကုန်နှင့် ကျိုက္ခမီတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ၍ အထူးသတိပြုရန် ကျန်းမာရေးဝန်ကြီးဌာန အသိပေး

ရန်ကုန်၊ ဩဂုတ် ၁၅ ရန်ကုန်မြို့နှင့် ကျိုက္ခမီမြို့တို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုများ ရှိနေသဖြင့် ပြည်သူများအနေဖြင့် အထူးဂရုပြုကြရန်နှင့် ရောဂါလက္ခဏာများဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် ဆေးရုံများတွင် အချိန်မီ ကုသမှုခံယူကြရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါဝင်သည့် မသန့်ရှင်းသော ရေနှင့် အစားအစာများကို စားသုံးမိခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားခြင်းဖြစ်ပြီး မိုးဦးကျကာလနှင့် မိုးကုန်ဆောင်းအကူး ကာလများတွင် ရောဂါဖြစ်ပွားမှု ပိုမိုများပြားနိုင်ကြောင်း သိရသည်။ ရောဂါပိုးများသည် အညစ်အကြေးများမှတစ်ဆင့် ယင်ကောင်များ၊ မသန့်ရှင်းသော လက်များနှင့် အစားအသောက်များအတွင်းသို့ ရောက်ရှိကာ တစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည်။ အဆိုပါ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ တွေ့ဆုံပြီးနောက် မြန်မာ-ရုရှား နှစ်နိုင်ငံကြားရှိ ရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံတွင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071