Saturday, August 1, 2026

ပါရီ၌ ကျင်းပသည့် EWC 2026...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် Esports World Cup (EWC) 2026 ၏ Mobile Legends:...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...
HomeInternationalမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ...

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတို အဲရာရ်ဝန်န်ယူစွတ်ကိုခန့်အပ်ခြင်းအား လက်ခံသဘောတူကြောင်း နစက ကြေညာ

နေပြည်တော်၊ဩဂုတ်၄
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတို အဲရာရ်ဝန်န် ယူစွတ်ကို အာဆီယံကခန့်အပ်ခြင်းအား လက်ခံသဘောတူကြောင်း နစက ယနေ့တွင်ကြေညာသည်။
လက်ခံသဘောတူမှုကို အာဆီယံသို့ ပြောကြားပြီးပြီဟုလည်း ဆိုသည်။
ဩဂုတ်လ၂ရက်နေ့က ကျင်းပသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ၅၄ကြိမ်မြောက်အစည်းအဝေးအတွင်း ဧပြီလ၂၄ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ တူညီသောသဘောဆန္ဒ၅ချက်ထဲ ဖော်ပြပါရှိသည့် အာဆီယံဥက္ကဌ၏အထူးကိုယ်စားလှယ်တစ်ဦး ခန့်အပ်ရေးကိစ္စအား ထည့်သွင်းဆွေးနွေးပြီးမြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) အဲရာရ်ဝန်န် ယူစွတ်ကို အာဆီယံကခန့်အပ်လိုက်ခြင်းဖြစ်သည်။
မူလအဆိုပြုထားသည့် နစကဘက်ကပါသဘောတူသော ထိုင်းနိုင်ငံ၊ ဒုနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စတာ ဝိရာဇာတိ ဖူတဂူ ပါသည့် အဆိုပြုထားသူ၃ဦးကို ပြန်လည်ရုတ်သိမ်းပြီး ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) အဲရာရ်ဝန်န် ယူစွတ် ကို အဆိုပြုရွေးချယ်ခန့်အပ်လိုက်ခြင်းလည်းဖြစ်သည်ဟုသိရသည်။
မစ္စတာ အဲရာရ်ဝန်န် ယူစွတ် သည် ယခုနှစ် ဇွန်လ ၄ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သူလည်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး (၂) ဒါတိုအဲရာရ်ဝန်န် ယူစွတ်ကိုခန့်အပ်ခြင်းအား ဥရောပသမဂ္ဂ က ကြိုဆိုကြောင်းယနေ့မှာပင် စာထုတ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071