Tuesday, August 11, 2026

ကျောက်ဆည်၌ မိုးသည်းထန်စွာရွာသွန်း၍ ဇော်ဂျီမြစ်ကမ်းပါး ပြိုကျ၊...

ကျောက်ဆည်၊ ဩဂုတ် ၁၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇီးတောဆည်အောက်ဘက် ပေ ၂၂၀၀ ခန့်အကွာရှိ ဇော်ဂျီမြစ်၏ လက်ယာဘက်ခြမ်း မြစ်ကမ်းပါး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး...

တာချီလိတ်၊ ဩဂုတ် ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က...

အသက် ၁၂၁ နှစ်ရှိ အဘိုးတစ်ဦးကို...

ရန်ကုန်၊ ဩဂုတ် ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်စု၊ တပ်ရွာကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၁ နှစ်ရှိ အဘိုး ဦးသိန်းအောင်ထံသို့ ရန်ကုန်တိုင်းဒေသကြီး...

လေးမျက်နှာမြို့နယ်တွင် ရေကျော်ဝင်ရောက်နေသည့် တာတမံများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်...

လေးမျက်နှာ၊ဩဂုတ်-၁၁ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာအောက်ခံ မြစ်ကျိုး အင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှု ဖြစ်ပွားနေသည့်နေရာများတွင် ယနေ့ ဩဂုတ် ၁၁ ရက်၌...
HomeNewsLocal Newsမြစ်(၄)ခု၏မြစ်ရေများ လာမည့် ၂၄...

မြစ်(၄)ခု၏မြစ်ရေများ လာမည့် ၂၄ နာရီအတွင်း မြို့ (၅)မြို့၏ စိုးရိမ်ရေမှတ်အထက်၌ဆက်လက်တည်ရှိနိုင်

ချင်းတွင်းမြစ်၊ သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ဒုဋ္ဌဝတီမြစ်ရေတို့သည် လာမည့် ၂၄ နာရီအတွင်း မြို့(၅)မြို့၏ စိုးရိမ်ရေမှတ်အထက်၌ဆက်လက်တည်ရှိနိုင်ကြောင်း ယနေ့ သြဂုတ် ၉ ရက်နံနက် ၈ နာရီက မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထုတ်ပြန်ချက်အရ သိရသည်။

ချင်းတွင်းမြစ်ရေသည် မင်းကင်းမြို့တွင် မြို့၏ စိုးရိမ်ရေမှတ်အထက်(၂)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၂)လက်မခန့်မြင့်တက်လာနိုင်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်၌ ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် မုံရွာမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ ပေဝက်ခန့်ဆက်လက်မြင့်တက်၍ မြို့၏ စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ (၃)လက်မခန့်မြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ (၄)လက်မခန့်ကျဆင်းလာနိုင်သော်လည်း မြို့၏စိုးရိမ်ရေမှတ်အထက်တွင်ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့မြို့၏ စိုးရိမ်ရေမှတ်အထက် (၂)ပေကျော်တွင်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း၌ (၁)ပေခန့်မြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် မင်းကင်းမြို့နယ်၊ မုံရွာမြို့နယ်၊ ဘားအံမြို့နယ်၊ မဒေါက်မြို့နှင့် မြစ်ငယ်မြို့များရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ရှောင်ရှားကြရန် မိုးဇလက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်ဆည်၌ မိုးသည်းထန်စွာရွာသွန်း၍ ဇော်ဂျီမြစ်ကမ်းပါး ပြိုကျ၊ ကမ်းထိန်းလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်နေ

ကျောက်ဆည်၊ ဩဂုတ် ၁၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇီးတောဆည်အောက်ဘက် ပေ ၂၂၀၀ ခန့်အကွာရှိ ဇော်ဂျီမြစ်၏ လက်ယာဘက်ခြမ်း မြစ်ကမ်းပါး ပေ ၇၀ ခန့် ပြိုကျခဲ့သဖြင့် တာဝန်ရှိသူများက ကမ်းထိန်းပြုပြင်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ မြစ်ကမ်းပါး ပြိုကျသည့်နေရာသို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကမ်းထိန်းပြုပြင်ရာတွင် မြစ်ကမ်းပြိုကျသည့်နေရာအား မျောတိုင်များရိုက်ခြင်း၊ ဝါးကပ်ကြမ်းများ ကာရံခြင်းတို့အပြင် အမြင့် ၃ ပေခွဲရှိ ကျောက်ကြီးနှင့်...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

တာချီလိတ်၊ ဩဂုတ် ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယဉ်ကျေးမှုအခြေပြုခရီးသွားလုပ်ငန်း (Cultural Tourism)၊ ပွဲတော်အခြေပြုခရီးသွားလုပ်ငန်း (Festival Tourism)၊ အစားအသောက်အခြေပြုခရီးသွားလုပ်ငန်း (Gastronomy Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism)၊ သဘာဝအခြေပြုခရီးသွားလုပ်ငန်း...

အသက် ၁၂၁ နှစ်ရှိ အဘိုးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ဂါရဝပြုတွေ့ဆုံ

ရန်ကုန်၊ ဩဂုတ် ၁၁ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်စု၊ တပ်ရွာကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၁ နှစ်ရှိ အဘိုး ဦးသိန်းအောင်ထံသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့ဝင်များ ယနေ့ (ဩဂုတ် ၁၁ ရက်) တွင် သွားရောက်တွေ့ဆုံခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ်အတွင်း အဘိုး ဦးသိန်းအောင်၏ အသက် ၁၂၁ နှစ်မြောက် ထောက်ပံ့မှုအဖြစ် ငွေကျပ် ၁၂၁ သိန်းအပြင် အာဟာရဖြည့်စွက်စာများနှင့် ပစ္စည်းအချို့ကို ဂါရဝပြုပေးအပ်ခဲ့သည်။ ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဘိုး၏ ကျန်းမာရေးနှင့် နေထိုင်မှု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071