Tuesday, August 11, 2026

ကျောက်ဆည်၌ မိုးသည်းထန်စွာရွာသွန်း၍ ဇော်ဂျီမြစ်ကမ်းပါး ပြိုကျ၊...

ကျောက်ဆည်၊ ဩဂုတ် ၁၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇီးတောဆည်အောက်ဘက် ပေ ၂၂၀၀ ခန့်အကွာရှိ ဇော်ဂျီမြစ်၏ လက်ယာဘက်ခြမ်း မြစ်ကမ်းပါး...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး...

တာချီလိတ်၊ ဩဂုတ် ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က...

လေးမျက်နှာမြို့နယ်တွင် ရေကျော်ဝင်ရောက်နေသည့် တာတမံများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်...

လေးမျက်နှာ၊ဩဂုတ်-၁၁ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာအောက်ခံ မြစ်ကျိုး အင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှု ဖြစ်ပွားနေသည့်နေရာများတွင် ယနေ့ ဩဂုတ် ၁၁ ရက်၌...

ထိုင်းတွင် ရထားနှင့်ဘတ်စ်ကားတိုက်မိမှုကြောင့် သေဆုံးခဲ့သည့် မြန်မာအမျိုးသမီး၏...

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ မက္ကဆန်ဘူတာအနီး ရထားသံလမ်းကူးတွင် ခရီးသည်တင်ဘတ်စ်ကားနှင့် ရထားတိုက်မိ၍ မီးလောင်မှုဖြစ်ပွားခဲ့ရာမှ သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား မအေးအေးမြင့်၏ ကျန်ရစ်သူမိသားစုအနေဖြင့် ထိုင်းနိုင်ငံ လူမှုဖူလုံရေးဥပဒေအရ...
HomeMoviesအသက် ၁၂၁ နှစ်ရှိ...

အသက် ၁၂၁ နှစ်ရှိ အဘိုးတစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ဂါရဝပြုတွေ့ဆုံ

ရန်ကုန်၊ ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ တက်သစ်ကျေးရွာအုပ်စု၊ တပ်ရွာကျေးရွာတွင် နေထိုင်သည့် အသက် ၁၂၁ နှစ်ရှိ အဘိုး ဦးသိန်းအောင်ထံသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့ဝင်များ ယနေ့ (ဩဂုတ် ၁၁ ရက်) တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံစဉ်အတွင်း အဘိုး ဦးသိန်းအောင်၏ အသက် ၁၂၁ နှစ်မြောက် ထောက်ပံ့မှုအဖြစ် ငွေကျပ် ၁၂၁ သိန်းအပြင် အာဟာရဖြည့်စွက်စာများနှင့် ပစ္စည်းအချို့ကို ဂါရဝပြုပေးအပ်ခဲ့သည်။

ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဘိုး၏ ကျန်းမာရေးနှင့် နေထိုင်မှု အခြေအနေများကို မေးမြန်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောက်ဆည်၌ မိုးသည်းထန်စွာရွာသွန်း၍ ဇော်ဂျီမြစ်ကမ်းပါး ပြိုကျ၊ ကမ်းထိန်းလုပ်ငန်းများ အရေးပေါ် ဆောင်ရွက်နေ

ကျောက်ဆည်၊ ဩဂုတ် ၁၁ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဇီးတောဆည်အောက်ဘက် ပေ ၂၂၀၀ ခန့်အကွာရှိ ဇော်ဂျီမြစ်၏ လက်ယာဘက်ခြမ်း မြစ်ကမ်းပါး ပေ ၇၀ ခန့် ပြိုကျခဲ့သဖြင့် တာဝန်ရှိသူများက ကမ်းထိန်းပြုပြင်ခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ မြစ်ကမ်းပါး ပြိုကျသည့်နေရာသို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ကမ်းထိန်းပြုပြင်ရာတွင် မြစ်ကမ်းပြိုကျသည့်နေရာအား မျောတိုင်များရိုက်ခြင်း၊ ဝါးကပ်ကြမ်းများ ကာရံခြင်းတို့အပြင် အမြင့် ၃ ပေခွဲရှိ ကျောက်ကြီးနှင့်...

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးရေး Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

တာချီလိတ်၊ ဩဂုတ် ၁၁ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် Cultural Tourism နှင့် Cross-border Tourism မြှင့်တင်ရန် ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်က တိုက်တွန်းပြောကြားခဲ့သည်။ ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက တာချီလိတ်မြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ယဉ်ကျေးမှုအခြေပြုခရီးသွားလုပ်ငန်း (Cultural Tourism)၊ ပွဲတော်အခြေပြုခရီးသွားလုပ်ငန်း (Festival Tourism)၊ အစားအသောက်အခြေပြုခရီးသွားလုပ်ငန်း (Gastronomy Tourism)၊ စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism)၊ သဘာဝအခြေပြုခရီးသွားလုပ်ငန်း...

လေးမျက်နှာမြို့နယ်တွင် ရေကျော်ဝင်ရောက်နေသည့် တာတမံများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ ဆက်လက်ပြုပြင်နေ

လေးမျက်နှာ၊ဩဂုတ်-၁၁ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ ငဝန်တာအောက်ခံ မြစ်ကျိုး အင်းသဲကြောမှထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျပြီး ရေကျော်စီးဝင်မှု ဖြစ်ပွားနေသည့်နေရာများတွင် ယနေ့ ဩဂုတ် ၁၁ ရက်၌ တာဘောင်များ ပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ တာတမံနိမ့်ကျမှုနှင့် ရေကျော်စီးဝင်မှုကြောင့် ရေဝင်ရောက်လျက်ရှိသည့် ရပ်ကွက်၊ ကျေးရွာများမှ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် ရေစီးဝင်မှု လျော့နည်းစေရေးအတွက် ယနေ့တွင် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး ရှာ ဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ လူမှုရေးကူညီရေးအသင်း အဖွဲ့များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071