Home News Local News မြစ်ဝကျွန်းပေါ်ဒေသများသို့ နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်

မြစ်ဝကျွန်းပေါ်ဒေသများသို့ နှစ်ရက်အတွင်း အနောက်တောင်မုတ်သုံလေ ဝင်ရောက်မည်

0
120

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသများသို့ လာမည့် နှစ်ရက်အတွင်း ဝင်ရောက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မုတ်သုံလေ ဝင်ရောက်လာမည့်အခြေအနေကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

မိုးဇလ၏ ယနေ့ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ကာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက သတိပေးထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here