ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ သြဂုတ် ၂၆ ရက်နံနက် ၂ နာရီ ၄၀ မိနစ်ခန့်က နေအိမ်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ မြစ်ကြီးနားမြို့ နယ် မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၃ နာ ရီ ၂၀ မိနစ်တွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးငြိမ်းသွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူ မှုကူညီရေးအသင်းဝင်များက နေအိမ်အားရှင်းလင်းမှုများပြုလုပ်စဥ် မီးလောင်သေဆုံးနေသည့် ရုပ်အလောင်းတစ်ခုအားတွေ့ရှိခဲ့ရသဖြင့် လူမှုကူညီရေးအသင်းဝင်များက မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
