Tuesday, May 13, 2025

၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညိုရရှိ

စွယ်စုံမီဒီယာဂရု(ပ်)၏ သုတစွယ်စုံစာအုပ်တိုက်မှချီးမြှင့်မည့် (၁၅)ကြိမ်မြောက် သုတစွယ်စုံစာပေဆုဖြစ်သည့် ၂၀၂၃ ခုနှစ်အတွက် သုတစွယ်စုံတစ်သက်တာစာပေဆုကို ဆရာကြီးဒေါက်တာခင်မောင်ညို ရရှိခဲ့သည်။ သုတစွယ်စုံစာပေဆုများအဖြစ် ၂၀၁၈ ခုနှစ်အတွက် ရည်ညွှန်းစာပေဘာသာရပ်တွင် နိုင်ဇော်...

စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ နေပြည်တော်ရှိ မြို့နယ်(၃)ခုမှ ငလျင်ဒဏ်သင့်...

နေပြည်တော်ရှိ ပျဉ်းမနား၊ လယ်ဝေးနှင့် တပ်ကုန်းမြို့နယ်တို့မှ မန္တလေးငလျင်ကြီးဒဏ်သင့် အိမ်ထောင်စု(၉၅၀)အတွက် ထောက်ပံ့ငွေကျပ် (၃၄၂၀)သိန်းကို စွန့်လွှတ်နှလုံးသားဖောင်ဒေးရှင်းမှ ယနေ့ မေ ၁၂ ရက်နေ့လည်ပိုင်းက...

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကိုရှေးရှုကာ တိုင်းပြည်တည်ဆောက်ရေးတွင်...

လက်နက်ကိုင်အဖွဲ့အစည်း အသီးသီအနေဖြင့် အပစ်အခတ် ရပ်စဲရေးမှသည် ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ရှေးရှုကာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရန် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားသည်။ ယမန်နေ့...

လားရှိုးတွင် စက်သုံးဆီ တစ်လီတာ (၄,၅၀၀)...

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယမန်‌နေ့မေ (၁၁) ရက်မှ စတင်၍ စက်သုံးဆီ တစ်လီတာလျှင် ကျပ် (၄,၅၀၀) နှုန်းဖြင့် ဆိုင်ကယ်တစ်စီးလျှင် (၂)...
HomeMyanmar Theatrical Traditionမျက်လှည့်ပညာရပ်နဲ့  ပတ်သက်လို့...

မျက်လှည့်ပညာရပ်နဲ့  ပတ်သက်လို့ ကြိုးစားမှုပိုင်းနဲ့ နည်းစနစ်ပိုင်းက နိုင်ငံတကာကို ယှဉ်လို့ရကြောင်း မျက်လှည့်ပညာရှင် စက္ကောမပြောကြား

   sa

မျက်လှည့်လောကမှာတော့ တကယ်ကြိုးစားတဲ့ လူတွေအနေနဲ့ နာမည်ရအောင်မြင်မှုတွေရရှိနေကြ သလို ကြိုးစားမှုဆိုတာကလည်း ဥာဏ်လေးလည်း ပါမှဖြစ်မှာ ဖြစ်ပြီး ဥာဏ်မပါဘဲနဲ့ ကြိုးစားနေရင်လည်း ခရီးက ထင်သလောက်ရောက်မှာ မဟုတ်ကြောင်း မျက်လှည့်ပညာရှင် စက္ကောမက ပြောပါတယ်။      “တချို့လည်းကြိုးစားနေဆဲပေါ့။ နေရာတော့ မရသေးဘူး။

အချိန်တန်ရင်တော့အောင်မြင်မှာပါ။အောင်မြင်မှုနဲ့အတူ သူတို့ရဲ့မိသားစု ဘဝအဆင်ပြေ မှာပါ။ ကြိုးစားပါ။ ကြိုးစားရင်ပရိသတ်ဆိုတာ အလိုလိုနေရင်း ပါလာမှာပါ။ လူလူချင်းပိုက်ဆံပေး ကြည့်ရတယ်ဆိုတာ မကြိုးစားထားဘဲနဲ့တော့ ဖြစ်မ လာပါဘူး။ အချိန်တန်ကျတော့ ဇာတ်ခုံလေး ဖြစ်တော့ မှ ဇာတ်ခုံပေါ်တက်ပြီး သီချင်းလေးဆိုချင်တယ်။ တက် ကချင်တယ်။ လူအထင်ကြီးခံချင်တယ်။ မျက်လှည့် လေးပြချင်တယ်။ အဲဒီလိုမရပါဘူး။ ကြိုးစားထားမှ လူလူချင်း စိတ်ဝင်တစားနဲ့ကြည့်မယ်၊ လက်မှတ်ဝယ် ကြည့်မှာလေ။ ဒါကြောင့် ကြိုးစားပါလို့ပဲ ပြောချင်ပါ တယ်”လို့ မျက်လှည့်ပညာရှင်စက္ကောမက ပြောပါတယ်။

နည်းစနစ်ပိုင်းနဲ့ ကြိုးစားမှုအပိုင်းမှာတော့ နိုင်ငံတကာနဲ့ယှဉ်လို့ရပြီး လိုအပ်တဲ့ ပစ္စည်းပိုင်းမှာတော့ နည်းနည်းလိုအပ်ချက်ရှိနေကြောင်း သူကဆက်ပြောပါတယ်။မျက်လှည့်ပညာရှင် စက္ကောမအနေနဲ့ မျက်လှည့်ပညာရပ်နဲ့ပတ်သက်လို့ စာအုပ်၈ အုပ်အထိ ရေးသားထုတ်ဝေခဲ့ပြီးပြီဖြစ်ပြီး နောက်ထပ်လည်း စာအုပ်၂ အုပ် ထပ်မံရေးသားလျက်ရှိနေကြောင်း သိရ ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း သူက..

“မျက်လှည့်  ဆရာတွေသုံးတဲ့ ပန်းတွေအကြောင်း ရေးနေပါတယ်။ဥပမာ-တစ်ရှူးလေးမီးရှို့လိုက်တယ်။ ပန်းပွင့်လေးဖြစ်သွားတယ်။ ကျွန်တော်တို့မျက်လှည့် ဆရာသုံးတဲ့ပန်းတွက သီးသန့်ပန်းတွေပါ။ အဲဒီ့ပန်း တွေအကြောင်း ကျွန်တော် ရေးထားတယ်။ အဲဒီ့စာအုပ် နာမည်က မှော်ဝင်ပန်းပေါ့။ မကြာခင်ထွက်တော့မှာ ပါ”လို့ ပြောပါတယ်။

မျက်လှည့်ပညာရှင် ဦးစက္ကောမက ဆပ်ကပ်၊ မျက်လှည့်ပညာရပ်များ ထိန်းသိမ်းမြှင့်တင်ပြန့်ပွားရေး ကော်မတီမှာ ဒုတိယဥက္ကဋ္ဌ(၁)အနေနဲ့ တာဝန်ထမ်း ဆောင်လျက်ရှိပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071