Friday, September 4, 2026

ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ (၇)...

လှည်းကူး၊ စက်တင်ဘာ ၄ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ (ဘိုးဘွားရိပ်သာ) တွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန်...

ယူကရိန်းကို အခမဲ့ ပေးထားတဲ့ ခဲယမ်းတွေအတွက်...

​အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ အီရန်မှာ အမေရိကန် သုံးခဲ့တဲ့ ခဲယမ်းထက်တောင် ပိုများတဲ့ ပမာဏကို ယူကရိန်းဆီ...

ထိုင်းနိုင်ငံ၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ ပြုတ်ကျ၍...

ဗန်ကောက်၊ စက်တင်ဘာ ၄ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ် လိုက်ပါလာစဉ် ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ကျန်ရစ်သူမိသားစု နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံးက...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Viettel ဆက်သွယ်ရေးကုမ္ပဏီသို့...

ဟနွိုင်း၊ စက်တင်ဘာ ၄ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၄ ရက်...
HomeNewsLocal Newsမဲခေါင် - လန်ချန်း...

မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း ရှေးဟောင်းအမွေအနှစ်မြို့များကို ညီအမမြို့တော်များ (Sister Cities) အဖြစ် အကောင်အထည်ဖော်မည်

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၃ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှု အမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးအတွက် ဆွေးနွေးပွဲကို ဩဂုတ် (၂၄) ရက်က ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင် – လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေမှ စီမံကိန်း(၃)ခုကို ရရှိထားခဲ့ပြီးဖြစ်ကြောင်းနှင့် ကိုဗစ် – ၁၉ ကာလအတွင်း ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများအနေဖြင့် အခက်အခဲနှင့် အကျပ်အတည်းများ များစွာကြုံတွေ့ခဲ့ရပြီး ကိုဗစ်-၁၉ အလွန် ကာလများတွင် ခရီးသွားလုပ်ငန်းများ ပြန်လည် ထူထောင်ရာ၌ နည်းလမ်းအသစ်များ ပြန်လည်စဉ်းစား ဖော်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မဲခေါင် – လန်ချန်းနိုင်ငံများမှ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ပညာရှင်များနှင့် ဆွေးနွေးပွဲတက်ရောက်လာသူများက ခရီးသွားလုပ်ငန်းဖြင့် ဒေသတွင်း ယဉ်ကျေးမှုအမွေ အနှစ်ခရီးစဉ်ဒေသများ ရေရှည်တည်တံ့အောင် ဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ မျှဝေခြင်း၊ ယဉ်ကျေး မှုအမွေအနှစ် ခရီးစဉ်ဒေသများ မြှင့်တင်ခြင်း ကိစ္စရပ်များကို အပိုင်းသုံးပိုင်းခွဲ၍ စကားဝိုင်းဆွေးနွေးခြင်းနှင့် မေးခွန်းများမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်ဟုလည်း သိရသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E Ms. Ma Jia ကို ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ – တရုတ် နှစ်နိုင်ငံခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်မှုအခြေအနေများ၊ မဲခေါင် – လန်ချန်း အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း မြန်မာနိုင်ငံရှိ ပုဂံမြို့ကဲ့သို့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့များကို ညီအမမြို့တော်များ (Sister Cities) အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးဆိုင်ရာတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေကြီးရေလျှံမှုကြောင့် လှည်းကူးမြို့ မဟာစည်သာသနာ့ရိပ်သာ၏ (၇) ရက် အထူးတရားစခန်း ဖျ-က်သိမ်း

လှည်းကူး၊ စက်တင်ဘာ ၄ လှည်းကူးမြို့ နိဗ္ဗာန်ဆိပ်ဦး မဟာစည်သာသနာ့ရိပ်သာ (ဘိုးဘွားရိပ်သာ) တွင် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဝါတွင်းကာလ (၇)ရက် အထူးတရားစခန်းကို လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုအခြေ အနေများကြောင့် ဖွင့်လှစ်နိုင်တော့မည်မဟုတ်ကြောင်း သိရသည်။ လက်ရှိတွင် ယောဂီနားနေဆောင်များမှာ ရေလွတ်နေသော်လည်း ယောဂီဆောင်များ၏ မိလ္လာကန်များ ရေဝင်ပြည့်လျှံနေခြင်းနှင့် ရိပ်သာပတ်ဝန်းကျင်တွင် ရေများဝန်းရံနေခြင်းတို့ကြောင့် တရားစခန်းဖွင့်လှစ်ရန် အဆင်မပြေတော့သဖြင့် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ တရားစခန်းသို့ ညအိပ်ယောဂီများနှင့် အချိန်ပိုင်းနေ့ယောဂီများအဖြစ် ဝင်ရောက်ရန် စာရင်းပေးသွင်းထားသူများအား တရားစခန်း...

ယူကရိန်းကို အခမဲ့ ပေးထားတဲ့ ခဲယမ်းတွေအတွက် ပိုက်ဆံ ပြန်တောင်းမယ်လို့ ထရမ့် ပြော

​အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရဟာ အီရန်မှာ အမေရိကန် သုံးခဲ့တဲ့ ခဲယမ်းထက်တောင် ပိုများတဲ့ ပမာဏကို ယူကရိန်းဆီ အခမဲ့ ပေးခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ပြောလိုက်ပါတယ်။ ​နည်းနည်းတော့ နောက်ကျသွားပေမဲ့ ယူကရိန်းနဲ့ နေတိုး(NATO) အဖွဲ့ဆီ ပေးခဲ့တဲ့ ခဲယမ်းတွေအတွက် အမေရိကန်က ပိုက်ဆံ ပြန်တောင်းသွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။ ​ဘိုင်ဒင် အစိုးရဟာ အီရန်နဲ့ ဖြစ်ခဲ့တဲ့ စစ်ပွဲတုန်းက အမေရိကန် သုံးခဲ့တာထက် အများကြီး ပိုများတဲ့ ခဲယမ်းတွေကို ယူကရိန်းဆီ...

ထိုင်းနိုင်ငံ၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ ပြုတ်ကျ၍ မြန်မာအလုပ်သမားတစ်ဦး သေဆုံး၊နစ်နာကြေးရရှိရေး သံအရာရှိရုံးက ကူညီဆောင်ရွက်ပေးနေ

ဗန်ကောက်၊ စက်တင်ဘာ ၄ထိုင်းနိုင်ငံ၊ ပရာကျွပ်ခီရီခန်ခရိုင်၊ ဟွာအင်းမြို့နယ်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ် လိုက်ပါလာစဉ် ပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့သည့် မြန်မာအလုပ်သမားအတွက် ကျန်ရစ်သူမိသားစု နစ်နာကြေးရရှိရေး အလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သေဆုံးသူမှာ ဟွာအင်းမြို့နယ်ရှိ အမှိုက်သိမ်းဝန်ဆောင်မှုလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသူ ဦးသန်းမင်းထွန်း (ခ) သဲမင်းထွန်း ဖြစ်သည်။ ၎င်းသည် ဩဂုတ် ၂၉ ရက် နံနက် ၃ နာရီခွဲခန့်တွင် အမှိုက်သိမ်းယာဉ်အမိုးပေါ်မှ လိုက်ပါလာစဉ် ကွန်ကရစ်လမ်းပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျကာ ဦးခေါင်းထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဟွာအင်းဆေးရုံသို့ ပို့ဆောင်စဉ် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ အကူအညီတောင်းခံလာသဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071