Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeMyanmar Theatrical Traditionမိုးရာသီ ဖျော်ဖြေပွဲကို အရင်ထက်...

မိုးရာသီ ဖျော်ဖြေပွဲကို အရင်ထက် ပိုမိုအားစိုက် ဖျော်ဖြေတင်ဆက် သွားမယ့် တင်မောင်ဆန်းမင်းဝင်း

Tin-Mg-San-Min-Win

တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းသဘင် အဖွဲ့ကမျှော်စင်ကျွန်း၊ အပတ်စဉ် အထူးဖျော်ဖြေပွဲမှာ ကပြလျက်ရှိနေတာ ၁လကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီ၁လကျော် ကာလအတွင်းမှာ တင်မောင်ဆန်းမင်းဝင်းတို့ရဲ့ ကြိုးစားမှု တွေကြောင့် အောင်မြင်မှုတွေများစွာ ရရှိနေပြီလည်း ဖြစ် ပါတယ်။ပြဇာတ်၊ အော်ပရာ၊ နောက်ပိုင်း ဇာတ်တော် ကြီးတွေကို အပတ်စဉ်သောကြာနေ့နဲ့ စနေနေ့များမှာ အစီအစဉ် မထပ်ရအောင်စီစဉ်တင်ဆက်ခဲ့ကြမှုတွေ အပြင် ဆက်တင်အပြင်အဆင်တွေကြောင့် အောင်မြင် မှုရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဒီလိုပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့အတွက်လည်း သူ့အနေနဲ့ တာဝန်ပိုကြီးလာတယ်လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

“ပရိသတ်ကြိုက်လေ ကျွန်တော် နည်းနည်း ကြောက်လာလေဖြစ်နေတယ်။ အရင်ထက် ပို ကောင်းအောင် အားစိုက်ရတာတွေ များလာတယ်။ အားပေးကြတဲ့ ပရိသတ်တွေအတွက်လည်း ကျေးဇူးတင်ပါတယ်။ ကျန်တဲ့ လတွေအတွက်လည်း ကျွန်တော့် အနေနဲ့ ကြိုးစားသွားမှာပါ”လို့ တင်မောင်ဆန်းမင်းဝင်းက ပြော ပါတယ်။ သူ့အနေနဲ့ တစ်ပတ်နဲ့တစ်ပတ် မတူတဲ့ တင်ဆက်မှု အသစ်တွေ တင်ဆက်နိုင်ဖို့အတွက် နေ့စဉ်စဉ်းစားကာ ကြိုးစား အကောင်အထည်ဖော်လျက်ရှိပါတယ်။ အခုလက်ရှိ အချိန်မှာ လည်း မင်းသမီးလို ဝတ်ဆင်ကပြခဲ့သလို တာဇံလို ဝတ်ဆင်ကာ တင်ဆက်ခဲ့ပြီးပြီလည်း ဖြစ်ပါတယ်။

နောက်ထပ်လည်း ကာရိုက်တာ အသစ်တွေနဲ့ လည်း တင်ဆက်သွားဖို့ ရှိပြီး ရိုမီယို၊ ဂျုးလိယက်လို အချစ်ဇာတ်လမ်းမျိုးနဲ့ မောင်နှစ်မချစ်ခြင်း မေတ္တာ အကြောင်း ဇာတ်လမ်းမျိုးတွေကို တင်ဆက်သွားဖို့ ရှိကြောင်းလည်း သူကပြောပြပါတယ်။

အဘိုးဖြစ်သူ ရွှေမန်းတင်မောင်ရဲ့ နောက်ပိုင်း ဇာတ်တော်ကြီးတွေကိုလည်း ပြန်လည်ကပြဖို့ စီစဉ်ထားပြီး အကောင်းဆုံးတင်ဆက်နိုင်ဖို့ အတွက်ကိုလည်း ပြင်ဆင်နေပါတယ်လို့ သိရပါ တယ်။ ပုံမှန်ဆိုရင် ပြဇာတ်တစ်ပုဒ်ကပြရင် တစ်လ နီးပါးလောက်ကြိုတင်ပြင်ဆင် ဇာတ်တိုက်မှုတွေလုပ် ဆောင်ရတာမျိုးဖြစ်ပေမယ့် သူ့အနေနဲ့ကတော့ အချိန် နည်းပါးလွန်းတဲ့အတွက် တစ်ပတ်လောက်နဲ့ ဇာတ်တိုက်ပြီး ကပြနေရတာမျိုးဖြစ်တာကြောင့် အမှားအယွင်းလေးများ ပါရှိခဲ့ရင် ခွှင့်လွှတ်ပေးပါ” လို့ တင်မောင်ဆန်းမင်းဝင်းက ပြောပါတယ်။

               လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071