Friday, May 23, 2025

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...
HomeCelebrities' Newsမိုရီဆာကီဝင်းနဲ့ ဇာတ်ကားတွေ ထပ်မံရိုက်ကူး...

မိုရီဆာကီဝင်းနဲ့ ဇာတ်ကားတွေ ထပ်မံရိုက်ကူး ဖြစ်ဦးမလား ဒါရိုက်တာ ကြည်ဖြူသျှင်

မြန်မာနဲ့ ဂျပန်နှစ်နိုင်ငံ ပူး ပေါင်းပြီး ရိုက်ကူးတဲ့ ဇာတိမြေရုပ်ရှင် ဇာတ်ကားကို ဖေဖေါ်ဝါရီလ ထဲမှာရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကား ကိုတော့ ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးပြီး ရန် အောင်၊ အောင်ရဲလင်း၊ မိုရီဆာ ကီဝင်း၊ ဝတ်မှုံရွှေရည် တို့က  အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီရုပ်ရှင် ဇာတ်ကားမှာတော့ ဂျပန်နိုင်ငံမှာ နေ ထိုင်လျက်ရှိပြီး အဆိုတော် တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်း လည်းပါဝင် သရုပ်ဆောင် ထားမှုကြောင့် တမူထူး ခြားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်လာမှာပါ။ မိုရီ ဆာကီဝင်း ပါဝင် သရုပ်ဆောင်ရတဲ့ ဇာတ်ရုပ် နေရာက လည်း အပြင်က လက်ရှိပုံစံဖြစ်တဲ့ ဂျပန်မှာ နေထိုင်တဲ့ မြန်မာ အဆိုတော် တစ်ဦးအဖြစ်သရုပ် ဆောင်ရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကား ထဲမှာ သူ့ရဲ့ အိုက် တင်တွေကလည်း အပြင်ကပုံစံ အတိုင်းပဲ ဒါရိုက်တာ ကြည်ဖြူသျှင်ကပုံဖော် ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။ “ဒီ ဇာတ်ကားထဲမှာ ပါတဲ့ မိုရီဆာကီဝင်းပြောတဲ့ စကားလုံးတွေက တကယ့်အပြင်က သူ့ရဲ့ဘဝ အ ကြောင်းပါပဲ။ သူသည် မြန်မာ Passport  ကိုင် ထားတယ်။ သူသည် တကယ်ကို နိုင်ငံချစ်စိတ် ရှိတယ်။ ဘာကြောင့်သူ မြန်မာ Passport  ကိုင်ထားတာလဲ ဆိုတော့ သူ့အဖေကြောင့် ဆိုတာလည်း ပြောပြတယ်။  သူပြောခဲ့တဲ့ သူ့ဘဝ အကြောင်းအရာတွေ အကုန်လုံးကို မှတ်ထားပြီးတော့မှ အစ်မဇာတ် ညွှန်းရေးတဲ့ အခါမှာ ပြန်ရေးတယ်။ ပြီးတော့သူ့ကိုပြတယ်။ သူ့အနေနဲ့ ကျတော့ သူအပြင်မှာရှိ နေတဲ့ပုံစံ အတိုင်း သရုပ်ဆောင် ရတာဆိုတော့ သူ့အတွက်လည်း အခက်အခဲမရှိဘူး။ကြည့်ရတာလည်း သဘာဝ ဆန်တယ်။ ပြီးတော့ မိုရီဆာကီဝင်း တို့ သားအဖ က တော်တော် ရှားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံခြားမှာ နှစ်ပေါင်းများစွာ နေတဲ့လူတစ် ယောက်က မြန်မာ Passport  ကိုင်ဖို့ ဆိုတာ တအား ခက်တယ်။ နောက်တစ်ခုက သူတို့က နိုင်ငံရေးသမားတွေ လည်း မဟုတ်ဘူး။ သာမန် မိသားစုပဲ။ သူ့အဖေဆိုလည်း အပြင်စီးပွားရေး လုပ် နေတဲ့ လူတစ်ယောက်ပဲ။ များသောအားဖြင့်က နိုင်ငံ ရေး သမားတွေကသာ ခံယူချက် ပြင်းထန်တာလေ။ သာမာန် လူကတော့ အခြေအနေအရ ၁ဝနှစ်ကျော်သွား ပြီဆိုရင် ဒီနိုင်ငံသား ခံယူလိုက်တာပဲ။ အသက်ကြီးမှသာ နောက်တစ်မျိုး စဉ်းစားကြတာ”လို့ ပြောပြပါတယ်။

မိုရီဆာကီဝင်းနဲ့ ထပ်မံပြီး ဇာတ်ကား တွေရိုက်ကူးဖို့ ချိတ်ထားတာ ရှိပေ မယ့် သူကဂျပန် Company ရဲ့ အဆို တော်ဖြစ်နေတဲ့ အတွက် အခက်အခဲ တော့ရှိနေတယ်လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ဆက်ပြောပါတယ်။ “သူတို့က တိုက်ရိုက် ချိတ်ဆက်လို့မရဘူး။ သူတို့ ကြားခံထားထားတဲ့ Company ၂ခု နဲ့ပဲ ချိတ်ဆက်ရမယ်။ အဲဒီ့ Company ကမှ ဂျပန်ဘက်ကို ပြန်ပြောပေါ့။ ပြီးတော့ သူတို့က ဇာတ်ကား ရိုက်ကူးတဲ့အခါ ဂျပန် ဘက် က ပူးတွဲဒါရိုက်တာ တစ်ယောက် ပါစေချင်တယ် ဆိုတော့ အစ်မတို့ဘက်က အလုပ်လုပ်ဖို့က မလွယ်တော့ဘူး။ ဂျပန် တစ်ယောက် ကြားမှာပါမယ်ဆိုရင် စကားပြန်လိုပြီ။ အစ်မတို့ ပုံမှန်ပြည်တွင်းဈေးကွက် အရတော့ အဆင်မပြေ ဘူး။ စကားတော့ပြောထားတယ် ဆိုပေမယ့် ရှေ့ဆက်ဖို့က နည်းနည်း စဉ်းစားစရာလေးတွေ ရှိနေတယ်။ ဒါပေမဲ့ ပြောလို့တော့ မရသေးဘူး။ “ဇာတိ မြေ” ရုံတင်ပြသပြီးတဲ့ အခါ မြန်မာနိုင်ငံရဲ့ အခြေအနေအရ သူတို့ဘက်က လက်ခံပြီး သူတို့ဘက်က တစ်ခုခု ပြောင်းလဲခဲ့မယ် ဆိုရင် တော့ ရိုက်ဖြစ်ရင် ရိုက်ဖြစ်မှာပါ”လို့ ဒါရိုက်တာ ကြည်ဖြူ သျှင်က ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071