Sunday, July 5, 2026

လာအိုရိုးရာ ဘာစီမင်္ဂလာကြိုးဖြူချည်နှောင်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ...

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြစ်ကြီးနားခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်...

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆောင်းရာသီသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို ဇူလိုင် ၁ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး ယခုနှစ် ဆောင်းရာသီတွင် စုစုပေါင်း...

မြစ်ကြီးနား-ရွှေဘို ကားလမ်းနှင့် မီးရထားလမ်းပေါ်ရှိ မဲဇာနှင့်...

အင်းတော်မြို့ကို ဧပြီလကုန်ပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ယာယီစခန်းများကို ဆက်လက်ရှင်းလင်းလျက်ရှိရာ ဇူလိုင် ၄ ရက်တွင် မြစ်ကြီးနား-ရွှေဘို လမ်းပိုင်းရှိ...

၂၀၂၇ ပညာသင်နှစ်အတွက် M.Med.Sc နှင့်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်(၁) ရန်ကုန်က ၂၀၂၇ ပညာသင်နှစ်အတွက် ဆေးပညာဒီပလိုမာ (Diploma in Medical Science) နှင့်...
HomeMoviesမုတ်သုံလေအား အလွန်ကောင်းနေ၍ ဇူလိုင်...

မုတ်သုံလေအား အလွန်ကောင်းနေ၍ ဇူလိုင် ၁၂ ရက်အထိ ဒေသအချို့တွင် မိုးကြီးနိုင်၊ ရုတ်တရက်ရေကြီးမြေပြိုအန္တရာယ် သတိပြုရန် အသိပေး

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသအများအပြားတွင် ယနေ့ (ဇူလိုင် ၅ ရက်) မှ ဇူလိုင် ၁၂ ရက်အထိ မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၅ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၆/၂၀၂၆) အရ သိရသည်။

သတိပေးချက်အရ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ ၄၀ မိုင်နှုန်းအထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေခန့်အထိ ရှိနိုင်ကြောင်းလည်း အသိပေးထားသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများ အထူးသတိပြုကြရန်၊ ပြည်တွင်းလေကြောင်းပျံသန်းရေးအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုဆောင်ရွက်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းအသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုရိုးရာ ဘာစီမင်္ဂလာကြိုးဖြူချည်နှောင်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့အား ကောင်းချီးမင်္ဂလာဆုတောင်း

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ Souphattra Hotel ၌ ကျင်းပသော လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မင်္ဂလာဆီမီးညှိပူဇော်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့၏ ကံကောင်းခြင်း၊ ဂုဏ်ကျက်သရေ တိုးပွားခြင်းနှင့် နိုင်ငံတော်တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ လာအိုနိုင်ငံမှ ဘာသာရေးဆိုင်ရာတာဝန်ခံတစ်ဦးက လာအိုရိုးရာဓလေ့အတိုင်း ဆုမွန်ကောင်းများ...

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြစ်ကြီးနားခရိုင်အတွင်း ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁,၀၃၇ သိန်း ထုတ်ချေးမည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဆောင်းရာသီသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိုက်ပျိုးစရိတ်ချေးငွေများကို ဇူလိုင် ၁ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိပြီး ယခုနှစ် ဆောင်းရာသီတွင် စုစုပေါင်း ငွေကျပ် ၁,၀၃၇ သိန်း ထုတ်ချေးပေးသွားရန် လျာထားကြောင်း သိရသည်။ ချေးငွေထုတ်ချေးသည့် ပထမနေ့တွင် မြစ်ကြီးနားမြို့နယ် ပမ္မတီးရပ်ကွက်နှင့် ရှဒေါင်ကျေးရွာတို့မှ တောင်သူများ၏ စိုက်ဧက ၃၀ အတွက် တစ်ဧကလျှင် ငွေကျပ် ၁ သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် သိန်း ၃၀ ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ယခုဆောင်းရာသီတွင် လယ်သီးထပ်အဖြစ်...

မြစ်ကြီးနား-ရွှေဘို ကားလမ်းနှင့် မီးရထားလမ်းပေါ်ရှိ မဲဇာနှင့် နန့်သဲကျေးရွာများကို တပ်မတော် ပြန်လည်ထိန်းချုပ်

အင်းတော်မြို့ကို ဧပြီလကုန်ပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ယာယီစခန်းများကို ဆက်လက်ရှင်းလင်းလျက်ရှိရာ ဇူလိုင် ၄ ရက်တွင် မြစ်ကြီးနား-ရွှေဘို လမ်းပိုင်းရှိ အရေးပါသည့် ကျေးရွာနှစ်ရွာကို ထပ်မံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နေရာများမှာ မြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်ရှိ မဲဇာကျေးရွာနှင့် မြစ်ကြီးနား-ရွှေဘို ကားလမ်းပေါ်ရှိ နန့်သဲကျေးရွာတို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် နေရာများဖြစ်ကြောင်း သိရသည်။ တပ်မတော်၏ နယ်မြေလုံခြုံရေးစစ်ကြောင်းများသည် ဇွန် ၂၇ ရက်မှစတင်၍ နတ်မဟုတ်လေး၊ ဆည်ရွာ၊ လယ်နောင်၊ နတ်မဟုတ်ကြီးနှင့် သံဘိုကျေးရွာများအနီးတွင် အဆင့်ဆင့် စစ်ဆင်ရေးများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071