Thursday, July 23, 2026

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့်...

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို နယူးဒေလီ၊ ဇူလိုင် ၂၂ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင်...

မြန်မာ့အရေး ရေရှည်အထူးသံတမန်ခန့်အပ်ရေး အာဆီယံ စတင်ဆွေးနွေးတိုးတက်မှုတိုင်းတာရန်...

မနီလာ၊ ဇူလိုင် ၂၂ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကာလကြာရှည် ရပ်တန့်နေသည့် အာဆီယံ၏ အချက်ငါးချက်ပါ ဘုံသဘောတူညီချက် (Five-Point Consensus) ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်...
HomeNewsLocal Newsမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်-ရန်ကုန်လမ်းပိုင်း ပျက်စီးမှုများဖြစ်ပေါ်၊အချိန်နှင့်တပြေးညီ...

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်-ရန်ကုန်လမ်းပိုင်း ပျက်စီးမှုများဖြစ်ပေါ်၊အချိန်နှင့်တပြေးညီ ပြုပြင်နေ၍ ယာဉ်မောင်းများ သတိပြုမောင်းနှင်ရန် နှိုးဆော်

ပုသိမ်၊ဇူလိုင်-၂၁

လတ်တလော မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပုသိမ်-ရန်ကုန် လမ်းမကြီးပေါ်ရှိ အချို့နေရာများတွင် လမ်းပိုင်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်း ပျက်စီးမှုများကြောင့် လမ်းအသုံးပြုသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများက “ချက်ချင်းပျက်၊ ချက်ချင်းပြင်” စနစ်ဖြင့် လမ်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို အချိန်နှင့်တပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ လမ်းပြုပြင်ရေး လုပ်ငန်းခွင်များ ဆောင်ရွက်နေသည့် နေရာများတွင် ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းစေရန်အတွက် မော်တော်ယာဉ်မောင်းနှင်သူများအနေဖြင့် ယာဉ်အရှိန်လျှော့၍ ဂရုတစိုက် မောင်းနှင်ပေးကြပါရန်လည်း ဧရာဝတီတိုင်းဒေသကြီးအစိုးရမှ အသိပေး နှိုးဆော်ထားသည်။
ဓာတ်ပုံ-ဧရာဝတီတိုင်းအစိုးရအဖွဲ့

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ဗီယက်နမ်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မည်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီ ယက်နမ်နိုင်ငံသံအမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သော H.E. Mr. Ngu Anh Duc က ယနေ့ ဇူလိုင် ၂၂ ရက်နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဗီယက်နမ်နိုင်ငံသံအ မတ်ကြီးတို့သည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံကြား သံတမန်ဆက်ဆံမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုနှင့် ပြည်သူများ၏ဆန္ဒနှင့်အညီ ထွက်ပေါ်လာသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် အစိုးရအဖွဲ့က နိုင်ငံတော်တာဝန်ထမ်းဆောင်နေမှုအပေါ် ဗီယက်နမ်နိုင်ငံအနေဖြင့်...

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကိုကြိုဆို “ခရီးသွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပညာသုံးကြစို့”ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲကျင်းပမည်

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက လာမည့် စက်တင်ဘာ ၂၇ ရက်တွင်ကျရောက်မည့် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အထိမ်းအမှတ်အဖြစ် "ခရီး သွားကဏ္ဍဆန်းသစ်ဖို့ ဒီဂျစ်တယ်နှင့်ဉာဏ်ရည်တုနည်းပ ညာသုံးကြစို့"ခေါင်းစဉ်ဖြင့်ဆောင်းပါးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် စိတ်ပါဝင်စားသူများအနေဖြင့် ဆောင်းပါး စာမူများကိုသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာ ၅ ရက်နောက်ဆုံးထား၍ ဆောင်းပါးပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီထံပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။ အသေးစိတ်သိရှိလိုသူများအနေဖြင့် ဟိုတယ်၊ ခရီး သွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ Website- www.tourism.gov.mm/en/announcements နှင့် www.tourism.gov.mm/mm/announcements တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဖုန်း ၀၆၇၃၄၀၆၁၀၄ သို့လည်းရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ထိန်းသိမ်းခံရ

ပညာရေးပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် မိုဒီ နုတ်ထွက်ပေးရန် တောင်းဆို နယူးဒေလီ၊ ဇူလိုင် ၂၂ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲအတွင်း ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည့် အတိုက်အခံခေါင်းဆောင် ရာဟူးလ်ဂန္ဒီ ကို ရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ စာမေးပွဲအရှုပ်တော်ပုံများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်နှင့် ပညာရေးဝန်ကြီး နုတ်ထွက်ပေးရန် တောင်းဆိုသည့် လူငယ်ဦးဆောင် ဆန္ဒပြပွဲများ ဒုတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားခဲ့ရာ နယူးဒေလီမြို့၌ ထောင်နှင့်ချီသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071