Tuesday, December 16, 2025

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...
HomeMyanmar Theatrical Traditionမိုးရာသီ အပတ်စဉ် အထူးဖျော်ဖြေပွဲမှာမင်းသား...

မိုးရာသီ အပတ်စဉ် အထူးဖျော်ဖြေပွဲမှာမင်းသား ဆန်းမင်းအောင် မပါဖြစ်ရခြင်း အကြောင်း

 

 

tabin

တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်းသဘင်အနေနဲ့ မျိုးဆက်သစ်လူငယ်ဇာတ် မင်းသားတွေကို သဘင်ပညာများ သင်ကြားပေးနေသလို ရွှေမန်းဇာတ်ခုံပေါ်မှာလည်း သူနဲ့အတူယှဉ်တွဲကပြရင်း ပရိသတ်တွေ အသိအမှတ်ပြုရလေအောင် လက်တွဲခေါ် ခဲ့တာချည်းဖြစ်ပါတယ်။ လူငယ်တွေကိုလက်တွဲခေါ်ယူခဲ့ရင်း သူ့ဇာတ်သဘင်ကနေ တစ်ခြား ဇာတ်သဘင်ကို ကူးပြောင်းသွားတဲ့လူငယ်မင်းသားတွေလည်း အများကြီးရှိ ပါတယ်။ သို့ပေမဲ့လည်း သူ့အနေနဲ့ကတော့ အခုချိန်အထိလည်း သူ့ရဲ့ရွှေမန်းဇာတ်မှာ မျိုးဆက်သစ်တွေကို အကပညာနဲ့ ပတ်သက်လို့ သင်ကြားပြသရင်း ဇာတ်ခုံပေါ်မှာ ပရိသတ်တွေလည်း အသိအမှတ်ပြုရလေအောင် ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ဆောင် ပေးလျက်ရှိပါတယ်။ အခုလတ်တလောမှာတော့ တင်မောင်ဆန်းမင်းဝင်းရဲ့ ရွှေမန်း ဇာတ်မှာ နှစ်ကာလများစွာ ကပြဖြစ်ခဲ့တဲ့ မင်းသား ဆန်းမင်းအောင်က ဒီနှစ်မိုးရာသီ အပတ်စဉ်အထူးဖျော်ဖြေပွဲမှာတော့ ပါဝင်ကပြခြင်းမရှိတော့ဘဲ သူ့အနေနဲ့ ရွှေမန်း ဇာတ်သဘင်ကနေထွက်ခွာသွားပြီလို့ သိရပါတယ်။ ဆန်းမင်းအောင်အနေနဲ့ ရွှေမန်းဇာတ်သဘင်ကနေထွက်ခွာသွားရခြင်း အကြောင်းကိုလည်း ပရိသတ်တွေက   သိချင် နေကြပါတယ်။ ဒါကြောင့်လည်း တင်မောင်ဆန်းမင်းဝင်းနဲ့ တွေ့ဆုံခိုက်မှာမေးကြည့် တဲ့အခါမှာတော့……

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ညီလေးဆန်းမင်းအောင်က ကျွန်တော်ပေးခဲ့တဲ့နာမည်ပါ။ ကျွန်တော်ကပညာရှင်မဟုတ်ပါဘူး။ ပညာသည်ပဲဖြစ်နေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရှေ့မှာ ဦးချမ်းသာတို့တောင်ရှိနေသေး တာလေ။ ဦးချမ်းမှဆရာပါ။ ကျွန်တော့်ဆရာပေါ့။ ဒါကြောင့်ကျွန်တော်က ကပြရေးဆိုင် ရာမှာ တပည့်မမွေးဘူး။ တပည့်လည်းမွေးလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ကိုယ်တောင်  ပညာသည်ပဲရှိသေးတာလေ။ တပည့်အဖြစ်လာလို့သာ လက်ခံလိုက်ရတာလေ။ အဲဒီတော့ ညီငယ်ဆန်းမင်းအောင်က ကျွန်တော့်ဆီမှာ၇နှစ်တာ ခိုလှုံခဲ့တယ်။ သူ့ရဲ့ပရိသတ်များကိုလည်း ကျွန်တော် ပြောပြချင်ပါတယ်။

ကျွန်တော်က ဘယ်သူ့ကိုမှ မနှင်ထုတ်ပါဘူး။ ကျွန်တော့်အနေနဲ့ မင်းသားလေးတွေကို ကိုယ် ချင်းစာတယ်။ ကျွန်တော့်ဆီမှာ လာကပြကြတဲ့အတွက် ကျွန်တော်ပေးတဲ့နေရာကိုပဲ သူတို့ ရမှာလေ။ အဲဒီတော့ ကျွန်တော်ကသူတို့ကို နေရာမပေးဘဲနေရင် ကျွန်တော့်သားအလှည့် ရောက် ရင်လည်း အဲဒီလိုဖြစ်လာလိမ့်မယ်ဆိုတဲ့အသိကို ကျွန်တော်အမြဲခေါင်းထဲ ထည့်ထား တယ်။ ကျွန်တော်ကခေါင်းဆောင်ဆိုလို့ ဒီကဏ္ဍရထားတယ်ဆိုရင်လည်း သူတို့ကို ကျွန်တော့်ကဏ္ဍထဲကနေ ဖဲ့ဖဲ့ပေးတယ်။ ၁နာရီလောက်ကရမှာကို သူတို့ကိုနာရီဝက် လောက် ပေးကလိုက်တယ်။ဘာကြောင့်လဲဆိုတော့ သူတို့ကိုပေးကလိုက် တဲ့အခါမှာ လည်း  နောက်သဘင် မျိုးဆက်သစ်တွေအနေနဲ့ အဓွန့်ရှည်သွားတာပေါ့။

ကျွန်တော့်မှာမျိုးဆက်ရှိထားတယ်ဆိုပေမယ့်လည်း သားသားက အသက်ငယ် သေးတယ်လေ။ သူတို့နာမည်ကြီးသွားလေ ကျွန်တော်ပီတိဖြစ်လေပါပဲ။ ပြီးတော့ ကျွန်တော်က ရွှေမန်းသွေးဖြစ်နေတဲ့အတွက် ရွှေမန်းဇာတ်ခုံပေါ်မှာ အေးဆေးကပြ လို့ရတယ်။ သူတို့အနေနဲ့ကျတော့ ရှိန်ရင်ရှိန်မှာပေါ့လေ။ အဲဒါကိုလည်း ကျွန်တော့် အနေနဲ့ သူတို့တွေ နာမည်ရအောင် လုပ်ပေးခဲ့တယ်။ အခုလက်ရှိမှာက သူက အပြင် မှာအလုပ်လုပ်မယ်ဆိုပြီး သူ့ဘာသာထွက်သွားတာပါ။ ညီငယ်လေးရဲ့ ပရိသတ် တွေက မြင်ကြပါမယ်။ ကျွန်တော်ကထုတ်လိုက်တာလားပေါ့။ အဲဒီလိုမဟုတ်ပါဘူး။ ကျွန်တော်က ဘယ်မင်းသားကိုမှ မထုတ်ပါဘူး။ ဘယ်မင်းသားကို မှလည်း တပည့်မမွေးပါဘူး။ သူတို့ဘာသာ တပည့်လာခံကြတယ်။ သူတို့ဘာသာသူတို့ ပြန်ပြီးထွက်သွားကြတယ်။ ဒါကြောင့်ကာယကံရှင်ကိုလည်း ပြန်ပြီးတော့ မေးကြည့် ပေးကြပါလို့။ လူမှုရေးအကြောင်းအရာကတော့ ဘာကိစ္စလဲဆိုတာကတော့ ကာယကံရှင်ပဲသိပါလိမ့်မယ်”လို့ ရှင်းပြပါတယ်။ တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်း ဇာတ်အဖွဲ့က မိုးရာသီအပတ်စဉ်အထူးဖျော်ဖြေပွဲကို ဇွန်လ၃ဝရက်နေ့ကစတင်ပြီး မျှော်စင်ကျွန်းမှာ  ကပြဖျော်ဖြေလျက် ရှိပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071