Friday, September 18, 2026

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှု ပြန်ပြင်လို့မရတော့ဟု ပညာရှင်များဆို

ကမ္ဘာ့ရာသီဥတု‌ဖောက်ပြန်မှုဟာ ပြန်ပြင်လို့မရတော့တဲ့ အကူးအပြောင်းအမှတ်တစ်ခုကို ရောက်သွားပြီးတာဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကကြပါတယ်။ ဘာကြောင့်ဆိုတော့ကာ အရေးပါတဲ့ သမုဒ္ဒရာရေစီးကြောင်းတွေ ပြိုလဲတော့မယ့် စိုးရိမ်စရာ အရိပ်အယောင်တွေ ပြနေတာကြောင့်ပါ။ ရာသီဥတုပြောင်းလဲမှုကို...

မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးပြိုင်ပွဲတွင် မြန်မာနိုင်ငံက...

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် ၂၀၂၆ ခုနှစ် မဲခေါင်-လန်ချန်းဒေသတွင်း သတင်းတု၊ သတင်းမှားကင်းစင်ရေးလှုပ်ရှားမှုဖိုရမ်နှင့် အကြောင်း အရာဖန်တီးမှု Content ပြိုင်ပွဲကို မြန်မာနိုင်ငံလည်းဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ...

မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများအား ဆက်လက်စစ်ဆေးဆောင်ရွက်၊ ပြည်ပနိုင်ငံသား...

မြဝတီ၊ စက်တင်ဘာ ၁၈ ကရင်ပြည်နယ် မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ အိမ်နီးချင်းနိုင်ငံများကို တစ်ဆင့်ခံဖြတ်သန်း၍ တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်နေခဲ့သည့် ဖိလစ်ပိုင်နိုင်ငံသား သုံးဦး၊ သီရိလင်္ကာနိုင်ငံသား...

ရန်ကုန်တွင် ၅ လကျော်အတွင်း ခါးပိုက်နှိုက်မှု...

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် ခါးပိုက်နှိုက်မှုများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၆ ခုနှစ် ဧပြီ ၁၀...
HomeCelebrities' Newsမိုးစက်ဝိုင် ကိုအားနာနေတဲ့ရွှေထူး

မိုးစက်ဝိုင် ကိုအားနာနေတဲ့ရွှေထူး

အဆိုတော် ရွှေထူးက ဒါရိုက် တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် နှလုံးသားတံခါးကို ဝင်ချည် ထွက်ချည်လုပ်မယ့် ဧည့်သည် ရုပ်ရှင် ဇာတ်ကား ကို ဇွန်လ ၁ ရက်နေ့မှာ ရွှေမှုန်ရတီ၊ နေခြည်ဦး၊ ဖြိုးငွေစိုးနဲ့အတူပါဝင် သရုပ်ဆောင်စတင် ရိုက်ကူးနေပါပြီ။ ဒီရုပ်ရှင်ဇာတ်ကားက ရွှေထူးအတွက် ဒုတိယမြောက်ပါဝင်ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာပါဝင်တဲ့ သူ့ရဲ့ကာရိုက်တာက ပထမရုပ်ရှင်ဇာတ်ကားရဲ့ ကာရိုက် တာထက် အမြင်ကပ်ဖို့ကောင်းကြောင်းကို ရွှေထူးက ….

“ကျွန်တော်က ဒီဇာတ်ကားထဲမှာ အဆိုတော် ကာရိုက်တာနဲ့ပဲ။ underground မှာ ကြိုးစားနေတဲ့ အဆိုတော်တစ်ယောက်။ ဒီလိုကနေ မြာပွေတဲ့ကာရိုက်တာပေါ့။ ဒီကာ ရိုက်တာက ပရိသတ်တွေ နည်းနည်း အမြင်ကပ်ကြမယ်ထင်တယ်။ ပက် ပက်စက်စက်ညို့ထက် အမြင်ကပ် မယ်။ ဒါပေမဲ့ ဒီကာရိုက်တာက အထာပိုကြတယ်။ ဗန့်ဆန်တဲ့ ပုံစံ လေးပဲ။ ဗန့်ဆန်တယ်ဆိုတာက လူ ငယ်သဘာဝမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံစံမျိုးလေးကို ရိုက်ပြထားတာ။ ကျွန် တော်က လာကတည်းကဆိုးနေတဲ့ပုံစံလေးမဟုတ်ဘူး။ အချစ်ဇာတ်ကားလေးကိုမှ သီချင်းတွေနဲ့ လူငယ် သဘာဝအကြောင်း ဇာတ်ကားလေးပါ။ ရိုမန့်ဆန်းဆန်းလေးကိုမှ အမြင်လည်းကပ်ရမယ့် လူငယ် သဘာဝမှာလိုက်နာသင့်တာတွေ၊ စိတ်ကိုထိန်းလိုက်သင့်တာတွေ အဲဒါတွေကို မက်ဆေ့ပေး တဲ့အကြောင်းလေးပါ”လို့ ဇာတ်ကားကပေးမယ့် အသိပညာမက်ဆေ့ခ်ျကလေးကို လည်း ပြောပြ ခဲ့ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားက သူ့အတွက် လုပ်ကွက်အရှိဆုံး ဇာတ်ကားဖြစ်သလို သူ့ရဲ့သရုပ် ဆောင်မှုနဲ့ပတ်သက်ပြီး ပရိသတ်တွေ ငြိုငြင်မှုမရှိအောင် ကြိုးစားသွားမှာဖြစ်ကြောင်း ကို ရွှေထူး က …

“ပက်ပက်စက်စက်ညို့မှာက အဓိကက ကိုနေတိုး၊ ကျွန်တော်က ဗန့်နေရာကပါတယ်။ ကိုယ်ကလည်း ကိုနေတိုးရှိတယ်ဆိုပြီး အားကိုးလေးနဲ့ ပေါ့ပေါ့လျော့လျော့လုပ်မိတယ်။ ပရိသတ်က လည်း ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ ကိုယ့်ရဲ့ ပထမဇာတ်ကားမှာ လိုအပ်ချက်တွေရှိနေတာတောင် ချစ်တဲ့စိတ်နဲ့ ခွင့်လွှတ်လိုက်တယ်။ ပထမဇာတ်ကားကတော့ ဒီလောက်တော့ရှိမှာပဲ ဆိုပြီး ခွင့်လွှတ်လိုက်တာရှိတယ်။ ဒုတိယဇာတ်ကားမှာတော့ သူတို့လည်း လက်ခံနိုင်မှာမဟုတ်ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ထက်ပြီးမမှားချင် တော့တဲ့အတွက်အများကြီးလေ့လာပြင်ဆင်နေပါတယ်။ ပထမ တစ်ကား ထက် ခက်မှာတော့ အမှန် ပဲ”လို့ ပြောပါတယ်။

လက်ရှိ ရွှေထူးရဲ့အချစ်ရေး အခြေအနေနဲ့ ပတ်သက်ပြီးတော့ လည်း ပရိသတ်တွေ သိထားပြီးသား ဖြစ်ပါတယ်။ ဒီအချစ်ရေးနဲ့ပတ်သက် ပြီး သူပထမဦးဆုံး တွဲဖက်ရိုက်ကူးခဲ့တဲ့ မင်းသမီးမိုးစက်ဝိုင်နဲ့ ပတ်သက် နေကြတယ်လို့ အထင်လွဲနေကြတဲ့ ပရိသတ်တချို့လည်း ရှိပါတယ်။ ဒီ တော့ သူနဲ့ မိုးစက်ဝိုင်တို့ရဲ့ ဆက်ဆံရေး အခြေအနေက ဘယ်လိုလဲဆို တာကို “ကျွန်တော့်အစ်မကို ကျွန်တော်တအားအားနာပါတယ်။ အစ်မ နဲ့ ကျွန်တော်က အလွန်ခင်မင်တဲ့ မောင်နှမတွေလိုပါပဲ”လို့ ရွှေထူးက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်၊
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071